အချိန်ဟာ အရာရာကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ ပြသနေတဲ့ဓာတ်ပုံများ

အချိန်နဲ့ဒီရေသည် လူကိုမစောင့်ဆိုတဲ့အတိုင်းဘဲ အချိန်ကအရာရာကို သင်သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ပြောင်းလဲစေနိုင်ပါတယ်။ တချို့အချိန်တွေမှာ အပြောင်းအလဲဟာ အရမ်းမြန်ဆန်ပြီး သိမ်မွေ့လွန်းတာကြောင့် နေ့စဉ်လှုပ်ရှားနေတဲ့ ဘဝရဲ့ပြောင်းလဲမှုတွေကို သတိပြုမိခဲပါတယ်။ ပြီးတော့ ဒါတွေဟာ အချိန်က ဘယ်လောက်တောင် တိုက်စားသွားလဲဆိုတာကို ပြန်ကြည့်မှ မြင်နိုင်မယ့် အရာတွေပါ ။ အောက်ဘက်ကဓာတ်ပုံလေးတွေကို ကြည့်လိုက်ကြရအောင်။

၁။ ၁၀ နှစ်ကြာပြီးတဲ့နောက် ခွေးလေးကိုယ်ပေါ်က အစက်အပြောက်တွေလဲ မှေးမှိန်ပျောက်ကွယ်ကုန်ပြီ

၂။ အာဝုလေးရဲ့ အကြိုက်ဆုံးနေရာ

၃။ ဒက်ထရွိုက်ပြတိုက်က လူတွေကိုင်ရင်း ပြောင်လက်လာတဲ့ မြည်းရုပ်

၄။ နှစ်ပေါင်း ၇၀၀ကြာပြီးတဲ့နောက် အီတလီ ရဲတိုက်တစ်ခုရဲ့ မိုးယိုတဲ့နေရာအောက်က ကျောက်တုံး ချိုင့်ဝင်သွားပုံ

၅။ ဆေးသုတ်သမားရဲ့ တစ်နှစ်ကြာသုံးထားတဲ့ ဆေးမွှေတံကို ထက်ပိုင်းဖြတ်ထားပုံ

၆။ တုန်ခါမှုနဲ့ ဆက်တိုက်ထိတွေ့ခဲ့ရတဲ့ မူလီပုံ

၇။ ချားလ်စ်တံတားပေါ်က ရုပ်တုထဲမှ ခွေးအား လူတွေ ပွတ်သပ်လွန်းတာကြောင့် ပြောင်လက်သွား

၈။ မိုးသည်းထန်စွာ ရွာပြီးတဲ့နောက်မှာတော့ အိမ်ရှေ့ လမ်းပေါ်က ချိုင့်ခွက်ပွင့်ထွက်သွားပြီး အောက်က အုတ်နဲ့ ရထားလမ်းကြီးပေါ်လာ

၉။ လွန်ခဲ့တဲ့ နှစ်နှစ် အိုင်ယာလန်မှာတုန်းက အုတ်ချပ်ပုံစံ ပုံဖော်ထားတဲ့ နံရံအစိတ်အပိုင်းတစ်ခုကို ရှာတွေ့ခဲ့တယ်

၁၀။ ဒီ ဒိုဘာမင် ပုံစံ သံပြားကတော့ တကယ့် ဒိုဘာမင်နဲ့တူအောင် သံချေးတက်သွားပါတယ်

၁၁။ တာယာပါးလာတဲ့အချိန် “တာယာလဲပါ”ဆိုတဲ့ စာလုံး ပေါ်လာတဲ့ တာယာ

၁၂။ ခွေးက ရေကူးကန်ဘေး ပတ်ပြေးလွန်းလို့ မြက်တွေသေပြီး လမ်းတောင် ဖြစ်သွားတယ်

၁၃။ ဒီကော်ဇောကတော့ မမြင်နိုင်လောက်အောင်ကို ဟောင်းစုတ်နေပါပြီ

၁၄။ ဒီတီဗီ အဟောင်းရဲ့ မျက်နှာပြင်နောက်မှာတော​့ ပပ်မန်း ဂိမ်းထဲကလို အကွက်တွေ ပါဝင်ပါတယ်

၁၅။ သံချေးတက်လွန်းလို့ သစ်သားနဲ့တောင် တူနေတဲ့ ချိန်းကြိုး

၁၆။ ဒက်ထရွိုက်ကားစက်ရုံက နံရံ အပိုင်းအစ

၁၇။ လွန်ခဲ့တဲ့ သုံးနှစ်က မိန်းမ ပုံဖော်ပေးထားတဲ့ ဖရုံသီးလေး ခုထိ ရှိနေတုန်းပဲ

၁၈။ ဒေသခံ ခေါက်ဆွဲဆိုင်လေးဟာ အနားပဲ့နေတဲ့ ပန်းကန်တွေကို ပြန်အချောသတ်ပြီး သုံးနေတုန်းပါပဲ

၁၉။ အချိန်ကြာလာတာနဲ့အမျှ ထုံးကျောက်အလွှာ ချိုးတွေ ကပ်နေတဲ့ ရေပိုက်ပုံ

၂၀။ စဖွင့်ထဲက နှစ် ၅၀ တိုင်အောင် ခေါင်းလောင်းနဲ့ ခေါက်ခံရတဲ့ ဆိုင်တံခါးအခြေအနေ

၂၁။ လူတွေ လက်နဲ့ကိုင်တာများလို့ ပြောင်လက်သွားပုံ

၂၂။ ရေတိုက်စားမှု အချိန်ကြာပြီးနောက် မြင်တွေ့ရပုံ

Leave a Comment