စိတ်ညစ်စရာ ပူပန်စရာတွေများလှတဲ့ လောကကြီးမှာ စိတ်ရဲ့ငြိမ်းချမ်းရာကိုရှာပြီး အေးအေးဆေးဆေး အပူအပင်ကင်းကင်းနေရဖို့ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။ ဒီလို ပင်ပန်းတဲ့အချိန်တွေမှာ ကျွန်မတို့လူသားတွေက တရားထိုင်တာ ယောဂကျင့်တာ ချစ်ရသူတွေနဲ့ အချိန်ဖြုန်းတာ ကော်ဖီလေး ရေနွေးကြမ်းလေးသောက်ရင်း စိတ်ခွန်အားဖြစ်မယ့် စာအုပ်တွေ စာစုတွေဖတ်တာ စသဖြင့် စိတ်ထွက်ပေါက်ကို ရှာလေ့ရှိပါတယ် ။
ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ကျွန်မတို့အနေနဲ့ ပရိသတ်တွေကို စိတ်ထွက်ပေါက်ရော စိတ်ခွန်အားကိုပါဖြစ်စေမယ့် သက်တောင့်သက်သာဖြစ်စေတယ့် အချက်အလက်လေးတွေကို စုစည်းပြီး အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်ကြီးတို့ရော …. စိတ်ပင်ပန်းလာရင် ဘာတွေ ဖတ်လေ့ လုပ်လေ့ ကြည့်လေ့ရှိလဲဆိုတာ ဒီဆောင်းပါးလေးအောက်မှာ ဝေမျှပေးသွားပါဦးနော်။
၁။ ကမ္ဘာ့အိုဇုန်းအလွှာကြီးက သူ့ဘာသူ ဖြည်းဖြည်းချင်း ပြင်ဆင်နေပါတယ်တဲ့။
၂။ ပင်လယ်ဖျံလေးတွေဟာ ပင်လယ်ထဲ အိပ်နေတဲ့အချိန်မှာ တစ်ကောင်နဲ့တစ်ကောင် မကွဲသွားအောင် လက်ချင်းတွဲထားတတ်ပါတယ်။ ချစ်ခင်ရသူတွေနဲ့ လက်ချင်းတွဲထားခြင်းကလည်း အားအင်တစ်ခုပါပဲ။
၃။ ဆွစ်ဇာလန်က အချိန်ဘဏ် လို့ခေါ်တဲ့ ဘိုးဘွားတွေကို စောင့်ရှောက်ပေးဖို့ လုပ်အားပေးရတဲ့ အလုပ်
လုပ်အားပေးသူတွေ အသက်ကြီးလာတဲ့အချိန်မှာတော့ သူတို့လိုအပ်တဲ့ အကူအညီ မှန်သမျှကို အချိန်ဘဏ်က ပြန်လည် ထောက်ပံ့ပေးမှာပါတဲ့
အရမ်းကောင်းတဲ့ အစီအစဉ်လေးမလို့ ၃၄ နိုင်ငံက စပြီးကျင့်သုံးနေပါပြီ
လူသားချင်းစာနာထောက်ထားမှုရဲ့ အကျိုးရလဒ်တစ်ခုပေါ့။