မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ အမှန်တကယ်ရှိတဲ့အရာများ

ကမ္ဘာပေါ်မှာ အချို့သောအရာတွေဟာ သဘာဝရဲ့လျှို့ဝှက်ဆန်းကြယ်မှုကြောင့် တကယ့်အစစ်အမှန်မှ ဟုတ်ရဲ့လားလို့ ထင်စရာရှိတဲ့ အရာတွေရှိသလို ဗိသုကာပညာရှင်များရဲ့ အသစ်အဆန်းထွင်မှုကြောင့် အစစ်အမှန်တွေလို့ လက်ခံဖို့ ခက်ခဲတဲ့အရာတွေလည်း ရှိကြပါတယ်။ ယခုတစ်ခေါက်မှာတော့ ကြည့်လိုက်ရင် မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ အမှန်တကယ်ရှိတဲ့ အရာတွေကို တင်ဆက်ပေးချင်ပါတယ်။ အောက်ဘက်က ပုံလေးတွေကို ကြည့်လိုက်ကြရအောင်။

1. သြစတေးလျနိုင်ငံမှာ တိုက်ခတ်သွားခဲ့တဲ့ သဲမုန်တိုင်း

2. တောင်ကိုရီးယားနိုင်ငံက ‌သင်္ဘော ဟော်တယ်

3. စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ အနုပညာရှင် Alicia Martin ဖန်တီးထားတဲ့ စာအုပ်ရေတံခွန်

4. အရုပ်မ လို့ ထင်ရပေမယ့် မဟုတ်ပါဘူး။ တကယ့်ကောင်မလေးအစစ်ပါ။ သူ့ရဲ့နာမည်ကတော့ Valeria Lukyanova လို့ခေါ်ပါတယ်။

5. နယူးဇီလန် ကန်တာဘူရီ ရထားလမ်း မြေငလျင်ကြောင့်ရွေ့စောင်းသွားပုံ

6. တောင်ကုန်းပေါ်မှာ စက္ကူဖြူကြီး တစ်ရွက်လိမ့်နေတယ်လို့ထင်ရတဲ့ နယူးဇီလန်က အနုပညာလက်ရာတစ်ခု

7. ပဲရစ် မြို့တော်ခန်းမအရှေ့က ပြားကပ်နေတဲ့ မြက်ခင်းပြင် စက်လုံး

8. ရေထဲက မွန်းစတားအကောင်တွေလို့ ထင်ရတဲ့ ပင်လယ်ဒိုက်ပင်များ

9. ပန်းချီကားတစ်ချပ် မဟုတ်ပါဘူး။ တရုတ်နိုင်ငံ ချောင်ဟူရေကန်က ရေညှိတွေပေါ်မှာ လှေလှော်နေတာပါ

10. Photoshop နဲ့ ဓာတ်ပုံကို ပြင်ထားတာ မဟုတ်ပါဘူး။ ဆန်တာဝတ်စုံကို အဖြူအမည်းနဲ့ မျက်နှာပါ ခြယ်ထားတာပါ။

11. ပေ ၆၀ အကျယ် အနက် ပေ ၂၀၀ ရှိသော ဂွာတီမာလာ မြို့က တွင်းပေါက်ကြီး

12. သစ်ပင်ပေါင်း(၄၀၀)ကျော် အကွေးတိုင်းဖြစ်နေတဲ့ ထူးဆန်းတဲ့ သစ်တော

13. ရေပေါ်လမ်းလျှောက်နေတယ်ထင်ရပေမယ့် တကယ်တမ်းတော့ ဘိုလီဗီယာက ဆားခဲပြင်ကြီးတွေပေါ်မှာပါ

14. ပိုက်သန့်ရှင်းရေး ပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ဝံပုလွေတစ်ကောင်

15. UP ကို 3D ပုံစံ ရေးဆွဲထားတဲ့ ကားပါကင်

16. အနုပညာရှင် Felice Varini ရဲ့ အမြင်အာရုံကို လှည့်စားထားတဲ့ ဖန်တီးမှု

17. ပန်းကန်ပြားပျံပုံစံ တိမ်တိုက်

18. ဟန်ဂေရီနိုင်ငံ စွန့်ပစ် အဆိပ်အတောက်ပစ္စည်းများ ဖိတ်စဉ်ပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေ

19. တစ်တန်းဖြစ်အောင် ညှပ်ထားတဲ့ သစ်ပင်တန်းကြီး

20. ရေပေါ်ပျံနေတယ်လို့ ထင်ရပေမယ့် ရေရဲ့ကြည်လင်မှုကြောင့် အလင်းပြန်နေတာပါ

Leave a Comment