သင့်ရဲ့အမြင်ကို ပြောင်းလဲသွားစေမယ့် စိတ်ဝင်စားစရာကောင်းလှတဲ့ နှိုင်းယှဉ်မှုဓာတ်ပုံများ-ပုံ(၂၀)

လတ်တလောမှာ လူတော်တော်များများက ဘ၀တစ်လျှောက် ရိုက်ကူးခဲ့ကြတဲ့ဓာတ်ပုံတွေကို နှိုင်းယှဉ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေနေကြတာကို မြင်နေရပါတယ်။ တစ်ခါတစ်လေတော့လည်း အဲဒီလို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် အချိန်နှင့်အမျှ အရာရာပြောင်းလဲလာတယ်ဆိုတာကို ကိုယ်တိုင်မြင်တွေ့ရပြီး ဒီပုံတွေရဲ့ကျေးဇူးကြောင့် တချို့အရာတွေကို အမှန်အတိုင်း လက်ခံလာနိုင်ကြပါတယ်။ ဒီနှိုင်းယှဉ်ပြထားတဲ့ ပုံလေးတွေဟာ အမြဲတမ်းဆန်းသစ်နေတတ်ပြီး နေ့တိုင်း သင်မြင်တွေ့နေရမယ့် အရာလိုတော့ မဟုတ်မှာ သေချာပါတယ်။ ဒါကြောင့် ပရိသတ်ကြီးကို ရှုထောင့်အသစ်တစ်နေရာကနေ အမြင်အသစ်တွေ ပေးနိုင်မယ့် အချိန်သာ ကွာခြားပြီး တစ်နေရာထဲမှာပဲ လူတွေရဲ့ ပြောင်းလဲလာပုံကို ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ် ။ ဒီဆောင်းပါးလေးမှာဆိုရင် အချိန်ဟာ လူကိုမစောင့်ဘဲ ပုံမှန်အတိုင်း ရွေ့လျားနေတာကို ထင်ထင်ရှားရှား ဖော်ပြပေးထားတာကြောင့် စာဖတ်သူပရိသတ်တို့အနေဖြင့် အလဟသ အချိန်တွေ မဖြုန်းတီးမိအောင် သတိထားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

၁။ ဘရာဇီးနိုင်ငံ အိုင်းမိုးရစ် မှာ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ မြေဧက ၆၀၀ ကို ၂၀၀၁ ခုနှစ်မှာ သစ်ပင်ပေါင်း နှစ်သန်းကျော် ပြန်လည်စိုက်ပျိုးခဲ့ပြီး ‌၂၀၁၉ ခုနှစ်မှာ တောကြီးဖြစ်သွားခဲ့ပုံ

၂။ အယ်လ်ဇိုင်းမားရောဂါ ဆိုးရွားလာတာနဲ့အမျှ အမေ့ရဲ့ ပန်းထိုးမှု ပုံစံလဲ ပြောင်းလာပါတယ်

၃။ အဘိုးနဲ့ လမ်းတစ်ဖက်ခြမ်းက သူ့သူငယ်ချင်း
ဒုတိယကမ္ဘာစစ် ရေတပ်မှာ တာဝန်ထမ်းဆောင်တုန်းက ပုံနဲ့ အသက် ၉၃ နှစ်ပြည့်ပြီးတဲ့ပုံ

၄။ ကိုယ့်ကလေးဆိုတာ သေချာပါတယ် ဗိုက်ထဲကပုံနဲ့ အပြင်ရောက်ပြီး သုံးပတ် နေပုံထိုင်ပုံက အတူတူပဲ

၅။ စုံတွဲတစ်တွဲရဲ့ တွေ့ဆုံပြီး ၄၈နာရီအကြာကပုံနဲ့ နှစ် ၅၀ ကြာပြီးတဲ့နောက်ပုံ

၆။ မျိုးဆက် ငါးဆက်မြောက် အဘွား အသက် ၁၀၀ ပြည့်တဲ့နှစ်မှာပဲ သမီးလေးကို မွေးခဲ့တယ်

၇။ ဖိနပ်ကအတူတူပဲ သုံးနှစ်ပဲကွာသွားတာ

၈။ ၇၁ နှစ်ကြာပြီးတဲ့နောက် ဆိုင်ကယ်အတူတူ နေရာအတူတူ လူအတူတူ ဒါပေမယ့် ဇရာ ကိုတော့ ညာလို့မရတော့ဘူးပေါ့

၉။ Sunfish လို့ခေါ်တဲ့ငါးကို မွေးခါစပုံနဲ့ ကြီးလာတဲ့အခါ နှိုင်းယှဉ် ပြထားပုံ

၁၀။ ရာသီနဲ့လိုက်ပြီး ပြောင်းလဲနေတဲ့ အသက်ဝင်နေတဲ့ ရုပ်ထု

၁၁။ ကြီးမားလှတဲ့လိပ်ကြီးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို လူတစ်ယောက်နဲ့ယှဉ်တွဲပြီး မြင်တွေ့ရပုံ

၁၂။ အဖေနဲ့သား ၃၈နှစ်ကြာပြီးနောက်

၁၃။ တစ်နေရာတည်းမှာပဲ ဆောင်းတွင်းနဲ့ နွေရာသီကွာခြားပုံ

၁၄။ မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလို နှစ်(၆၀)ကြာပြီးနောက် ပြန်လည်ရိုက်ကူးခဲ့ကြတဲ့အဘိုးနဲ့အဘွား

၁၅။ ရာသီဥတုကိုလိုက်ပြီး အရောင်ပြောင်းတဲ့မြင်း

၁၆။ ခရိုးစန့်လား ခွစွန့်လား အဲ့ဒါကို မဖုတ်ခင်နဲ့ ဖုတ်ပြီး

၁၇။ ကလေးမမွေးခင်နဲ့ ကလေးမွေးပြီး

၁၈။ ဘာစီလိုနာမြို့ရဲ့ ညမြင်ကွင်းနဲ့ နေ့မြင်ကွင်း

၁၉။ အမှိုက်နဲ့ အဝတ်ကြားက ကွာခြားမှု ( ပလတ်စတစ်ဘူးကနေ ပြန်ထုတ်လုပ်ထားတဲ့ အင်္ကျီ)

၂၀။ လူ့ဦးနှောက်နဲ့ လင်းပိုင်ဦးနှောက်

Leave a Comment