Google Mapsတွင်ရှာဖွေတွေ့ရှိခဲ့သောစိတ်ဝင်စားစရာကောင်းလှတဲ့နေရာ(၈)ခု

သင့်အနေနဲ့အခန်းထဲကနေမထွက်ဘဲကမ္ဘာ့နိုင်ငံအတော်များများကိုလည်ပတ်ချင်တယ်ဆိုပါက google map ကတော့အကောင်းဆုံးအရာတွေထဲကတစ်ခုပါ။ Google ကုမ္မဏီဟာ၂၀၀၅ခုနှစ်မှာ Google Maps ကို စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာအနှံ့အပြားကလူများစွာကလည်း အသုံးပြုလာကြကာစူးစမ်းလိုစိတ်ပြင်းပြသော‌သူများဟာ စိတ်၀င်စားစရာကောင်းတဲ့နေရာတွေကိုစူးစမ်းရှာဖွေမှုများပြုလုပ်လာကြပါတယ်။ ဂြိုလ်သားတွေရဲ့ပုံရိပ်တွေ ၊ လျှိူ့ဝှက်ဆန်းကြယ်သော သဲကန္တာရ ကဓာတ်ပုံများ ၊နှင့် ရှေးဟောင်းသမိုင်းဆိုင်ရာ အဆောက်အအုံများစွာကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ယခုဆောင်းပါးထဲမှာတော့ထိုနေရာတွေထဲကမှစိတ်ဝင်စားစရာကောင်းတဲ့နေရာ ၁၀ခုအကြောင်းကိုဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။

(၁)ပီရူးနိုင်ငံက ကျင်းပေါက်တွေများစွာစုစည်းနေတဲ့နေရာ


ထိုကျင်းပေါက်တွေစုထားတဲ့နေရာကတော့ တစ်မိုင်ခန့်ရှည်လျားပြီး မတူညီတဲ့ အချင်း နှင့် အနက် တွေအသီးသီးရှိတဲ့ကျင်းပေါင်း ၆၀၀၀ခန့် ထူးဆန်းစွာ တည်ရှိနေပါတယ်။ Pisco ချိူင့်ဝှမ်းမှ စတင်လာခဲ့တဲ့ထိုကျင်းပေါက်တွေဟာ ပီရူးဗီယမ် အင်ဒီစ်း အထိကျယ်ပြန့်စွာတည်ရှိပါတယ်။ သူ့ကို google map ]ကနေ မြင်ရသောပုံမှာ အလွန် ထူးဆန်းအံ့ဩဖွယ်ကောင်းလှပါတယ်။

(၂)နယ်သာလန်နိုင်ငံက လူလုပ်ကျွန်း


ဒီကျွန်းဟာ နယ်သာလန်နိုင်ငံ Ketelmeerတွင်တည်ရှိပြီးကျွန်းရဲ့ပုံစံကတော့တည်နေရာကိုအချက်ပြပေးတဲ့ iconနဲ့တူပါတယ်။ အမှန်တကယ်တော့ထိုနေရာဟာ he IJsseloog လို့ခေါ်တဲ့ အချင်း ၀.၆မိုင်ရှိသော ညစ်ညမ်းတဲ့နုန်မြေနုတွေကိုသိုလှောင်တဲ့နေရာဖြစ်ပါတယ်။

(၃)အမေရိကန်က ဧရာမတြိဂံ

ဒီထူးဆန်းတဲ့နေရာကတော့ အရီဇိုးနားပြည်နယ်ဝှစ်မန်တွင်တည်ရှိပါတယ်။ အမှန်တကယ်တော့ထိုနေရာက ခန့်မှန်းခြေအားဖြင့်၁၉၅၆ ကနေ၁၉၆၆ခုနှစ် ကြားကာလအတွင်းကစွန့်ပစ်ခဲ့တဲ့ လေတပ်အခြေစိုက်စခန်းနေရာတစ်ခုလည်းဖြစ်ပါတယ်။

(၄)အင်္ဂလန်နိုင်ငံက လက်ဗွေရာနဲ့တူလှတဲ့နေရာတစ်ခု

Fingermazeလို့ခေါ်တဲ့ထို ကြီးမားတဲ့လက်‌ဗွေရာကြီးဟာ အင်္ဂလန်နိုင်ငံ Brighton & Hoveမြို့ရဲ့ Hove ပန်းခြံအတွင်းမှာတည်ရှိပါတယ်။ ထိုလက်‌ဗွေဟာ ကျောက်နဲ့ထုံး ကိုအသုံးကာပြုလုပ်ထားသော ကျောက်ဆစ်လက်ရာတွေဖြစ်ကာပန်းခြံကြီအတွင်းမှာကွေးနေတဲ့ထုံးကျောက်လိုင်းများအနေနဲ့တည်ရှိနေပါတယ်။ Fingermaze ကို ၂၀၀၆ခုနစ်၌သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအနုပညာရှင်တစ်ဦးဖြစ်တဲ့ ခရစ်ဒရူရီကဖန်းတီးခဲ့ပြီး ဘ၀ သံသရာ သဘောကို ကိုယ်စားပြုတယ်လို့လည်းသိရပါတယ်။

(၅)တရုတ်သဲကန္တာရ ထဲက လျှိူ့ဝှက်စမ်းကြယ်တဲ့ သင်္ကေတများ

Gobi သဲကန္တာရမျက်နှာပြင်ပေါ်တွင် ကြီးမားတဲ့ တံဆိပ်တုံးဖြင့်ရိုက်နှိပ်ထားသည်ဟု ထင်ရသောဒီ သင်္ကေတကို အရင်တုန်းက တော့အချိန်တော်တော်ကြာ ဂြိုလ်သားများရဲ့အမှတ်အသားတစ်ခုလို့ထင်ခဲ့ကြပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာတော့ လူသားများရဲ့ဖန်တီးမှုသာဖြစ်နိုင်တယ်လို့ ပြောင်းလဲပြီးမြင်လာကြပါတယ်။သုတေသနပညာရှင် Jonathan Hillရဲ့အဆိုအရ Arizona တက္ကသိုလ်ရဲ့ Marsအပေါ်လွှတ်တင်မည့်အစီစဉ်တစ်ခုကြောင့်ဖြစ်ပြီး ထိုမျဉ်းဖြတ်များဟာ ဂြိုလ်တုကိုစံနှုန်းကိုက်ညီအောင် ညှိထားသောအရာဖြစ်သည်ဟုဆိုပါတယ်။

(၆)အမေရိကန်က Potashရေပူကန်

နီညိုရောင်ရှိတဲ့ Utahသဲကန္တာရ တွင်ရှိသောအပြာရောင်ကန်များဟာ ပိုတက်စီယမ်ကလိုရိုက်ထုတ်ယူတဲ့နေရာဖြစ်ပြီး အဲ့နေရာကို Potashလို့ခေါ်ကြပါတယ်။Intrepid Potash, Inc. ဟာအမေရိကန်ပြည်ထောင်စုတွင် ပိုတက်စ်မိုင်း ၃ ခုကိုလုပ်ကိုင်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ဒီလို နေရာတွေထဲကမှအကျော်ကြားဆုံးနဲ့အထင်ရှားဆုံးဓာတ်ပုံကတော့ Utah ပြည်နယ်Moab နေရာကဖြစ်ပါတယ်။

(၇)အန္တာတိကတိုက်က ဂြိုလ်သားမျက်နှာ

ဒီအန္တာတိကတိုက်ရဲ့တောင်တန်းတစ်ခု၌ ဘာမှန်းအတိအကျမသိတဲ့အရာကြီးတစ်ခုတွေ့ရှိကြပါတယ်။ သု‌ေတသနပညာရှင်များကတော့ ဂြိုလ်သားများရဲ့ ယဉ်ကျေးမှုတွေဟာ တည်ရှိခဲ့ကြောင်း သက်သေပြနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။။သို့ပေမယ့် ပို၍ ကျိူးကြောင်းဆီလျော်တဲ့ သီအိုရီတစ်ခုရှိပါတယ်။ အဲဒါကတော့ သဘာ၀တရားကြောင့် သူ့ဘာသာသူဖြစ်ပေါ်လာတဲ့ အရာများသာဖြစ်နိုင်တယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။ NASAရဲ့ အဆိုအရ Pareidolia ဆိုတဲ့အရာဟာ တိမ်များ ကျောက်တုံးများ သို့မဟုတ် အခြားဆက်စပ်မှုမရှိတဲ့အရာ၀တ္ထုများကို လူတို့မြင်တွေ့ကြတဲ့အခါတစ်ခုခုနဲ့တူတယ်လို့ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်ပေါ်လာတဲ့ထင်ကြေးတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။

(၈)အာဖရိက သဲကန္တာရအလယ်က လေယာဉ်ပုံအမှတ်အသား


၁၉၈၉ ခုနှစ်တွင် McDonnell Douglas DC-10-30 လေယာဉ်ဟာTénéréသဲကန္တာရထဲမှာပျက်ကျခဲ့ပါတယ်။၂၀၀၇ခုနစ်ကတော့ ထိုလေယာဉ်ပျံပျက်ကျမှုရဲ့ ၁၈နှစ်မြောက်နှစ်မြောက်ခုနှစ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီနှစ်မှာတော့ ယခုမြင်တွေ့နေရတဲ့အမှတ်အစားကိုထိုသဲကန္တာရထဲမှာတည်ဆောက်ခဲ့ပါတယ်။

Leave a Comment