ဟင်းခွက်ပန်းကန်တွေဆေးကြောခြင်းဟာ စိတ်ဖိစီးမှုတွေကိုလျော့ချနိုင်ကြောင်းလေ့လာတွေ့ရှိ

ဟင်းခွက်ပန်းကန်တွေဆေးကြောခြင်းဟာ စိတ်ဖိစီးမှုတွေကိုလျော့ချနိုင်ကြောင်းလေ့လာတွေ့ရှိ

ဒီစာကိုမဖတ်ခင်မှာ ကျွန်ုပ်အနေနဲ့ သင့်ကိုမေးစရာမေးခွန်းတစ်ခုရှိပါတယ်။ သင်တို့အနေနဲ့ ဆေးကြောစရာရှိတဲ့ ပန်းကန်တွေကို မဆေးကြောဘဲ ပုံထားတတ်ပါသလား?ရိုးရိုးသားသားပြောရမယ်ဆို ကျွန်တော်တို့က ဒါတွေကိုချက်ချင်းမဆေးကြပါဘူး။

သင့်အနေနဲ့လည်းဆေးကြောပါတယ်လို့လည်းဖြေချင်ဖြေမှာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့ ဒီလိုပုံထားတတ်တာဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကျွန်ုပ်လည်းအတူတူပါဘဲ။ အိုးခွက်ပန်းကန်တွေကိုဆေးကြောရတာက အမှန်တကယ်တော့ ငြီးငွေ့စရာကောင်းတဲ့ အိမ်အလုပ်တစ်ခုပါ။ ဒါပေမယ့် လေ့လာသူတွေရဲ့ ပြောကြားချက်အရ အိုးခွက်ပန်းကန်တွေကိုဆေးကြောတာက အမှန်တကယ်တော့ လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ဒီအလုပ်တွေကိုနေ့စဉ်လုပ်နေပေမယ့် ဒီအချက်ကိုတော့ ဘယ်သူမှစဉ်းစားမိမှာမဟုတ်ပါဘူး။(စာဖတ်ပြီးတာနဲ့ ပန်းကန်အမြန်ပြေးဆေးအုံးမှပဲ)။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်တစ်ခုမှ လေ့လာရေးအဖွဲ့တစ်ခုဟာ ကျောင်းသားပေါင်း ၅၁ ယောက်ရဲ့ ပန်းကန်ဆေးကြောနေတာကိုလေ့လာပြီး ဒီအချက်ကိုအတည်ပြုပြောကြားခဲ့ပါတယ်။

ထိုလေ့လာရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ထိုကျောင်းသားတွေဟာ သူတို့ရဲ့အိုးခွက်ပန်းကန်တွေကို ဆေးကြောတဲ့အခါ သူတို့ရဲ့ အာရုံစူးစိုက်နိုင်မှုကို ၂၅% ထိတိုးမြင့်ပေးနိုင်သလို စိတ်ပင်ပန်းမှုတွေကိုလည်း ၂၇%ထိလျော့ချပေးနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။(ဥပမာအားဖြင့် ပန်းကန်ဆေးနေစဉ်အတွင်း ဆပ်ပြာရဲ့ အနံအသက်ကိုသတိပြုမိလာတာ၊ရေရဲ့အပူချိန်ကိုခံစားမိလာတာ စတဲ့ အကြောင်းအရာတွေကြောင့်ဖြစ်ပါတယ်)။

Leave a Comment