Tik tokအသုံးပြုသူဖြစ်တဲ့ Jack neelဟာ ကျွန်တော်တို့တော်တော်များများမသိကြသေးတဲ့ လူ့အသက်ကိုကယ်တင်နိုင်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးနေသူတစ်ဦးဖြစ်ပါတယ်။သူမျှဝေထားတဲ့အချက်တွေကိုတော့ဒီနေ့မှာကျွန်တော်တို့စာဖတ်ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။
(၁)အသက်ကယ်ခွေးဟာ သင့်စီကို ပိုင်ရှင်မပါပဲ လာကပ်နေပါက သူ့သွားတဲ့နောက်လိုက်သွားပေးပါ။ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်ဟာ ဒုက္ခတွေ့နေသော်ကြောင့် အလျင်မြန်ကူညီပေးဖို့လိုနေလို့ဖြစ်ပါတယ်။

(၂)သင့်အိမ်မှာ အကြောင်းရင်းမရှိပဲ ငါးညှိနံ့လိုမျိုးရနေခဲ့လျှင် ၉၀%လောက်ဟာ လျှပ်စစ်မီးလောင်ကျွမ်းနေသောကြောင့်ဖြစ်ပါတယ်။

(၃)အကယ်၍သင်ဟာ တခြားနိုင်ငံတွင်ရှိနေပြီး အကူညီတောင်းခံရန်အတွက် အရေးပေါ်ဖုန်းနံပါတ်ကိုမသိပါက (112)ကိုဆက်လိုက်ပါ။၎င်းနံပါတ်ဟာ အပြည်ပြည်ဆိုင်ရာ အရေးပေါ်နံပါတ်ဖြစ်သော်ကြောင့် သင့်အနီးနားရှိ ဖုန်းတိုင်သို့ ချိတ်ဆက်ပြီး အကူညီရနိုင်ပါတယ်။

(၄)အကယ်၍ လေဆင်နှာမောင်းမုန်တိုင်းဟာ မရွှေ့လျားသလိုပုံစံမြင်နေရပြီဆိုပါကအဲဒါကသင့်ဆီကိုတည့်တည့်လာနေတာဖြစ်ပါတယ်။

(၅)အကယ်၍သင်ကားနောက်တွင် အခြားကားလိုက်လာသည်ဟုခံစားမိပါက ဘယ်ဘက် လေးခါကွေ့ပြီး ပတ်မောင်းကြည့်လိုက်ပါ။ အဲ့တာကိုမှ သင့်အနောက်တွင် ဆက်ရှိနေသေးလျှင် သူ့နောက်ကို လိုက်နေတာ ဟုဆိုနိုင်ပြီး အိမ်သို့မမောင်းနှင်ပဲ ရဲစခန်းကိုဖုန်းဆက်ပြီး ရဲစခန်းရှိတဲ့နေရာကိုသာမောင်းသွားလိုက်ပါ။

(၆)တစ်ယောက်ယောက်က သင့်ကိုဖမ်းဖို့ကြိုစားခဲ့ပါက သူတို့ကို သင့်လက်သည်းဖြင့်ကုတ်ခြစ်လိုက်ပါ။ သူတို့ရဲ့DNAဟာ သင့်လက်သည်းခွံအတွင်း၌ ကျန်ရှိနေပါလိမ့်မယ်။

(၇)အကယ်၍သင်ဟာ ညတစ်ခေါင်ယံ၌ ဓာတ်ငွေ့နံ့တစ်ခုခုကြောင့်နိုးလာခဲ့လျှင် မီးကိုထမပိတ်လိုက်ပါနဲ့!!….မီးခလုတ်မှ မီးပွားတစ်ခုဟာ သင့်တစ်အိမ်လုံးကို ပေါက်ကွဲစေနိုင်ပါတယ်။

(၈)အကယ်၍ သင်ဟာ ပျားအုံ (သို့မဟုတ်) နကျယ်ကောင် အသိုက်ကို မတော်တဆ နှောက်ယှက်မိပါက ရေထဲသို့မပြေးလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့ဟာ ရေပေါ်ပြန်ပေါ်အလာတွင် သင့်ကို နာကျင်အောင်လုပ်ရန် စောင့်နေကြပါလိမ့်မယ်။သင်တတ်နိုင်သလောက် အဝေးကိုသာ မြန်မြန်ပြေးပါ နောက်ဆုံးတွင် သူတို့ဟာ သင့်နောက်ကိုဆက်မလိုက်ကြပဲရပ်သွားကြပါလိမ့်မယ်။

(၉)အရောင်စုံလင်ပြီး အရောင်တောက်တောက် တိရစ္ဆာန်များနှင့် အကွက်များပါသည့်တိရစ္ဆာန်များဟာ ပိုပြီး အဆိပ်တောက်ဖြစ်စေတတ်သောကြောင့် မစားသင့်ပါဘူး။

(၁၀)လူတိုင်းဟာ ပုံထဲရှိ အနီရောင်မျက်လုံးကို မနှစ်သက်ကြပါဘူး။သို့ပေမဲ့ အကယ်၍ သင့်မျက်လုံးဟာ ရုပ်ပုံထဲတွင် အဖြူရောင် ရောင်ပြန်ဟပ်ပါက မျက်စိအတွင်းတိမ်ရောဂါ ၊retinaပြသာနာ (သို့မဟုတ်)မျက်စိကင်ဆာ ကဲ့သို့ ကြီးကြီးမားမား မှားယွင်းနေတဲ့လက္ခဏာဖြစ်ပါတယ်။

(၁၁)အကယ်၍သင်ဟာ ပိုလာဝက်ဝံတစ်ကောင် လိုက်ခြင်းခံရလျှင် သင့်ဝတ်ထားတဲ့ အကျီအဝတ်စားမှန်သမျှ မြေပေါ်သို့ချွတ်ချပြီးပြေးပါ။ပိုလာဝက်ဝံဟာ သင့်ကိုပြန်မလိုက်ခင် ကျန်ခဲ့တဲ့ အဝတ်စားကို စစ်ဆေးနေပါလိမ့်မယ်။

(၁၂)အကယ်၍တစ်ယောက်ယောက်ဟာ ဓားဖြင့်ထိုးခံထားရရင် ဓားကို ဆွဲ မနုတ်လိုက်ပါနဲ့။ ဓားဟာ အပေါက်တစ်ခုကို ပိတ်ထားသလိုဖြစ်နေပြီး သွေးဆုံးရှူံးမှုလျော့နည်းစေပါတယ်။ဒဏ်ရာကိုဖိထားပေးပြီး ရဲကိုဖုန်းခေါ်ပါ။
(၁၃)ဝံပုလွေများဟာ သူတို့ကို ထွက်ပြေးရန် ခြိမ်းခြောက်မှသာ သင့်ကိုတိုက်ခိုက်ပါလိမ့်မယ်။ဝံပုလွေတစ်ကောင်နှင့် မျက်နှာခြင်းဆိုင်ရပ်နေခြင်းဟာ ကြောက်စရာကောင်းသော်လည်း နောက်ဆုံးတွင် သင့်ကို ဘာမှမလုပ်ပဲ ထားခဲ့ပါလိမ့်မယ်။

(၁၄)ဘိုးလင်းလမ်းေကြာင်းတွင် တပ်ဆင်ထားသော pin စက်ဟာ အလွန်အန္တရာယ်ရှိပါတယ်။အကယ်၍သင်ဟာ ဟာသအဖြစ်နဲ့ အဲ့စက်ထဲ လျှော့ဝင်သွားမိပါက သင့်ကို သေစေနိုင်ပါတယ်။

(၁၅)အကယ်၍ သင်ကအကြောင်းပြချက်တစ်ခုခုကြောင့်Wiper အရည် ကိုသောက်မိပါက ကျောက်ကပ်ပျက်စီးခြင်းကိုကာကွယ်ပြီး ဆေးရုံသို့အချိန်မိသွားရောက်ဖို့ ဗော့ဒ်ကာအမြောက်အများကိုသောက်လိုက်ပါ။