ထိုင်းနိုင်ငံမှ Yutthaphum Kaewekhem ဆိုတဲ့သူဟာ တစ်နေ့မှာ သူငယ်ချင်းနဲ့ mookata စားသောက်ဆိုင်မှာ ညစာကိုအတူ စားသောက်ခဲ့ကြပါတယ်။ သူတို့ စားသောက်ခဲ့ကြပြီး အိမ်ကိုပြန်တဲ့အချိန်မှာတော့ Yutthaphum ဟာ အရက်မူးနေခဲ့ပြီး လမ်းဘေးက လေလွင့်ခွေးတစ်ကောင်ကို အိမ်သို့ခေါ်ဆောင်ခဲ့ပါတယ်။ နောက်နေ့မှာတော့ Yutthaphum ဟာ သူခေါ်ဆောင်ခဲ့တဲ့ခွေးလေးကို မွေးစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် Yutthaphum ဟာ ခွေးလေးကို ရေချိုးအလှဆင်ပေးပြီး ဓာတ်ပုံရိုက်ကူးခဲ့ကာ သူ့ရဲ့ Instagram Account ဖြစ်တဲ့ boom_nakan မှာ တင်ခဲ့ပြီးနောက် လူအများက သဘောကျကြိုက်နှစ်သက်ခဲ့ကြပါတယ်။ အောက်ဘက်မှာတော့ Yutthaphum ရိုက်ကူးထားတဲ့ သူနဲ့သူရဲ့ခွေးလေးရဲ့ဓာတ်ပုံတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
