အဖေတွေဟာ တစ်ခါတလေတော့ ထူးဆန်းပါတယ်။ သူတို့ကို လိုချင်တာ ဘာပဲတောင်းတောင်း အမေ့ကို ဖြောင်းဖျပြီး ဝယ်ပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံရှာပေးတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မွေးတိလေးတစ်ကောင် မွေးဖို့ တောင်းဆိုလိုက်မယ်ဆိုရင်တော့ အရာရာကို အလိုလိုက်တတ်ကြတဲ့ အဖေတို့ဟာ ခါးခါးသီးသီးကို ငြင်းဆိုတတ်ကြပါတယ်။ အိမ်မှာ အမွှေးတွေ ခြေရာတွေ ပေတယ်ဆိုပြီး မမွေးခင်အချိန်ထိ ပူညံပူညံလုပ်တတ်ကြပြီး တကယ်လည်း မွေးပြီးရော တစ်အိမ်လုံးထက် သည်းသည်းလှုပ် ချစ်သွားတတ်ကြပါတယ်။ ကဲ.. စာဖတ်သူပရိသတ်ကြီးမှာကော အဲဒီလို အဖေမျိုးတွေရှိလား။ ရှိခဲ့ရင်တော့ ဒီပုံလေးတွေကို ကြည့်ပြီး comment မှာ မှတ်ချက်လေးတွေ ရေးသွားပေးကြဦးနော်။
1. လေလွင့်ကြောင်ကို အစာမကျွေးနိုင်ဘူး ငြင်းပြီး နောက်ဘေးမှာ အပူပေးနိုင်တဲ့ ကြောင်နေဖို့အိမ်အပြင် ကင်မရာပါတပ်ပြီး စောင့်ကြည့်ပေးနေတဲ့အဖေ

2. ဒီအိမ်မှာ ဘာခွေးမှမမြင်ချင်ဘူးဆိုတဲ့အဖေ့ရဲ့ လက်ရှိအခြေအနေ

3. ဒီအိမ်မှာ ဘာကောင်မှ မမွေးရဘူးလို့ စည်းကမ်းထုတ်ထားတဲ့အဖေ အခုတော့

4. မလိုချင်ဘူးဆိုတဲ့ ၀ု၀ုကို ခိုးဖက်နေတဲ့ အဖေ (သီချင်းတောင်ဆိုပြလိုက်ပါသေးတယ်)

5. ငယ်ငယ်တည်းက ဘယ်လောက်တောင်းပန် တောင်းပန် ကြောင်ပေးမမွေးနိုင်ဘူးဆိုတဲ့အဖေ မွေးပြီးနောက်ပိုင်း ကြောင်နဲ့ဆော့နေပုံ

6. ကြောင်မမွေးရဘူးဆိုတဲ့အဖေ ခုတော့ တွန်းလှည်းပါသုံးနေပြီ

7. လွန်ခဲ့တဲ့ ၅ နှစ်က ခွေးလုံး၀မမွေးရဘူးဆိုတဲ့ အဖေနဲ့ အာ၀ုတို့ အမှတ်တရ

8. သူငါ့ရှေ့လာအိပ်ရင် တက်နင်းမှာနော်ဆိုတဲ့အဖေ

9. ခွေးမလိုချင်ဘူးလို့ပြောပြီးနောက် အာ၀ုအိမ်ရောက်ပြီး ၄ ရက်အကြာ အဖေ

10. အမွှေးမပါတဲ့ကြောင် မချစ်ပါဘူးလို့ ပြောတဲ့အဖေ

11. ခွေးမလိုချင်ဘူးဆိုတဲ့ဖေဖေ

12. ပရိဘောဂတွေ အိပ်ရာတွေပေါ် မတက်စေရပါဘူးဆိုပြီး သူ့ကို ကတိခံမွေးခဲ့ရတာ.. အခုတော့ မနက်မိုးလင်းတိုင်းတွေ့ရတဲ့ ပုံစံလေး

13. ခွေးမလိုချင်ပါဘူးဆိုတဲ့ အဖေ.. အခုတော့ အိပ်ရာနဲ့ စားပွဲပါ လုပ်ပေးနေပြီ

14. ကြောင် မမွေးရဘူးဆိုတဲ့အဖေ

15. စမွေးတုန်းက မင်းတို့အပြင်သွားရင် တခါတည်းခေါ်သွားဆိုတဲ့အဖေ ခုတော့ အပြင်မခေါ်ခိုင်းစေချင်တော့ဘူး
