သခင်ကို ရှာဖွေကယ်ဆယ်ဖို့ ရေထဲမှာ(၁၁) နာရီကျော်ရှိနေခဲ့တဲ့ သစ္စာရှိခွေးလေး

ငါးဖမ်းသမားတစ်ယောက်ရဲ့ ခွေးလေး ဟေဒီကို ဩစတေးလျ မိုရီတန် ပင်လယ်ကွေ့ထဲမှာ သေတ္တာလေးတစ်လုံးဘေး အမွှေးတွေ စိုရွှဲပြီး မြောပါနေတာ တွေ့လိုက်ရပါတယ် ။ သူ့ဘေးမှာလဲ လှေပေါ်က တခြားပစ္စည်းတွေ မြောပါနေပါသေးတယ် ။ ဒီအဖြစ်ကို ကြာသပတေးနေ့ မနက် ၆ နာရီဝန်းကျင်က ကွင်းစ်လန်း ရဲတပ်ဖွဲ့ ပြောကြားချက်အရ သိခဲ့တာပါ ။

ခွေးလေးဟေဒီက ရေကူးရင်း ကြိုးစားရုန်းကန်နေတာကို လူတစ်ယောက်က သတိပြုမိခဲ့ပြီး ခွေးလေး ဘေးနားမှာလည်း သက်ကယ်ဝတ်စုံတစ်စုံနဲ့ လှေထိပ်ပိုင်းလေးကို တွေ့ခဲ့ရပါတယ်။ သူဟာ ကယ်ဆယ်ဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့ပြီး ခွေးလေးကို ရေထဲကနေ ကယ်ထုတ်ကာ ကမ်းခြေဆီကို သယ်လာပါတယ် ။

နောက်ပြီး ကမ်းခြေစောင့်အဖွဲ့ကို ချက်ချင်းကူညီဖို့ ဖြစ်သမျှအားလုံးကို အကြောင်းကြားခဲ့ပါတယ် ။ လှေမှောက်သွားတာ ရှင်းပါတယ် ။ ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းရောက်လာခဲ့တဲ့အချိန်မှာတော့ ခွေးလေးက တစ်ချိန်လုံး အော်ပြီး ရေထဲ ဆင်းဖို့ ကြိုးစားနေခဲ့ပါတယ်။

နာရီပိုင်းကြာအောင် ရှာဖွေမှုလုပ်ပြီးချိန်မှာတော့ ရလဒ်အနေနဲ့ ခွေးလေးရဲ့ သခင်ကို ကယ်တင်နိုင်ခဲ့ပါတယ် ။ သူ့သခင်ကတော့ အံ့ဩစရာကောင်းတဲ့ ခွေးလေးကို ကျေးဇူးတင်နေပါတယ် ။ တကယ်ကို ထူးဆန်းဖွယ်ရာပါ ။

နောက်မှ ခွေးပိုင်ရှင်က ဖြစ်ပျက်သမျှ အားလုံးကို ပြန်လည် ရှင်းပြခဲ့ပါတယ် ။ ရုတ်တရက် သူလှေကို မထိန်းချုပ်နိုင်တော့ဘဲ သူရော ခွေးလေးရော ရေထဲကို တစ်ခြားစီ ကျသွားတာပါ ။

ခွေးလေးက ရေထဲမှာ သူ့အဖေကို ရှာဖို့ ၁၂ နာရီကျော် နေခဲ့ပါတယ် ။ အာ၀ုလေးတွေက ကျွန်မတို့ရဲ့ အိန်ဂျယ်လေးတွေလိုပါပဲ ကျွန်မတို့ ဘ၀ကို သူတို့အချစ်တွေ သစ္စာစောင့်သိတတ်မှုတွေနဲ့ ကာကွယ် ဖြည့်ဆည်းပေးတတ်ကြပါတယ်။

 

Leave a Comment