ဖေဖေရောင်နီဦးနဲ့ မေမေပျိုဖြူတို့က အားလုံးကိုနှုတ်ဆက်ခဲ့ပါပြီ
ပရိသတ်တွေ အကြိုက်တွေ့နေကြတဲ့ MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးကတော့ ဇာတ်သိမ်းသွားခဲ့ပါပြီပရိသတ်ကြီးရေ ..။ အမြွှာ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကျော်ထက်ဇော် ကတော့ ကာရိုက်တာ နှစ်ခုလုံးကို ပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်ပြသွားခဲ့ပြီး တခြားအနုပညာရှင်တွေအားလုံးကလည်း တာဝန်ကျေခဲ့ကြပါပြီ ။ ဇာတ်သိမ်းပိုင်းပြီးသွားတဲ့နောက်မှာတော့ .. ဖေဖေရောင်နီဦးနဲ့ မေမေပျိုဖြူတို့က အားလုံးကိုနှုတ်ဆက်ခဲ့ပါပြီဗျာ အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ယောက်စီတိုင်းကိုရော ယုံကြည်စွာတာဝန်ပေးအပ်ခဲ့ တဲ့ တာဝန်ရှိလူကြီးများအားလုံးကို ကျေးဇူးအထူးတင်လျက် ထပ်မံကြိုးစားသွားပါ့မယ်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ကျော်ထက်ဇော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဇာတ်သိမ်းခန်း ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါသေးတယ် ။ စလည်ဆုံး အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ နောက်ထပ် ဇာတ်လမ်းတွဲတွေမှာလည်း ဆက်လက်အားပေးကြဖို့ ကျော်ထက်ဇော် တစ်ယောက် ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ် ။ ပျော်ရွှင်စရာဇာတ်သိမ်းလေးရဲ့ နောက်မှာတော့ ပရိသတ်တွေက အခုတော့ကလေးထိန်းနေရပြီမလားလို့လည်း … Read more