Singles များအတွက် အချစ်ကို ရှာဖွေသင့်သော မြို့များ

လူတိုင်းအချစ်ကို ရှာဖွေလေ့ရှိကြပါတယ် ၊ အချစ်ကိုရှာဖွေခြင်းက တစ်ချို့‌ သောလူများအတွက် စိတ်ရူပ်စရာကောင်းလှပါတယ်။အောက်တွင် ဖော်ပြထားတဲ့ ဒဏ္ဍာရီမြို့လေးတွေက‌ တော့သင့်အချစ်အတွက်ကံကောင်းစေမှာပါ။

(၁) Paris, France

ကမ္ဘာပေါ်တွင် ပဲရစ်မြို့ သည် စိတ်ကူးယဉ်ဆန်ပြီး ရိုမန့်တစ်ဖြစ်‌သော မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ Seine မြစ်ကမ်း တစ်လျောက် လမ်း‌လျှောက်ခြင်း၊ Eiffel မျှော်စင်အောက်မှာ အနမ်းများ‌ ပေးကြခြင်း၊ Lourve ပြတိုက်မှာ အနုပညာလက်ရာများအား ကြည့်ရှူခံစားခြင်း တို့ဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ သင့်ဘ၀အတွက်လက်တွဲဖော် ရှာဖွေဖိုဆိုလျှင် ဒီစိတ်ကူးယဉ်ဆန်လှတဲ့ ပဲရစ် ခရီးစဉ်လေးဟာ သင့်အတွက် အလွန်လှပတဲ့ မြို့လေးတစ်မြို့ ဖြစ်နေမှာအသေအချာပါပဲ။

(၂) Montreal, Quebec

ဒေသခံများက လက်မခံကြသော်လည်း Montreal မြို့ဟာ အချစ်ကိုရှာဖွေတဲ့ မြို့လေးအဖြစ် ကျော်ကြားပါတယ်။ Montreal မြို့ရဲ့စည်ကားလွန်းသော ညတွင်မြင်းလှည်း ရထားစီးနင်းပြီး ပန်ချီကားကဲ့သို့ လှပ ပြည့်စုံလွန်းသော ဆိပ်ကမ်းဟောင်းလည်းရှိ‌ နေပါ‌ သေးတယ်။ ဘားနဲ့ ကလပ် များကိုလည်း၀င်ဖို့မခက်ခဲပါဘူး ၊ တစ်ယောက်တည်းသမားများအတွက် ကြိုဆိုလျက်ရှိကြပါတယ်။ ဒီမြို့ပြလေးဟာ ခေတ်အဆက်ဆက် Single များအတွက် စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကိုရှာဖွေနေကြပါတယ်။

(၃) Rome, Italy

ဒဏ္ဍာရီဆန်တဲ့ ထာ၀ရမြို့တော်ကို လည်ပတ်ကြတဲ့ ခရီးသွားတိုင်း တော်တော်များများဟာ အချစ်ကိုရှာဖွေရင်း ရောက်ရှိနေကြတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက ခရီးသွား tour များအတွက် အီတလီလေသံနှင့် ဒေသခံတို့၏ လမ်းထောင့်တိုင်းက စိတ်ကူးယဉ်ဆန် ရိုမန်တစ် ဖြစ်နေရခြင်းတွေက ရောမကို မနှစ်သက်ပဲ မနေနိုင်လောက်အောင် ဖြစ်စေပါတယ်။ အနည်းဆုံးတော့ သင်ဟာမြို့ရဲ့ ရိုမန့်တစ်ဖြစ်တဲ့  ပတ်၀န်းကျင် မှာ မျောပါ နေမိမှာပါ။ အီတလီရဲ့အကောင်းဆုံးညစာကို သဘောကျပြီး ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ရင်သပ်ရှူမောလောက်တဲ့ ဗိသုကာ လက်ရာတွေကို နှစ်သက်မိမှာအမှန်ပါပဲ။

(၄) ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ရှိ Prague မြို့တော်

ဒီသာယာလှပသော မြို့တော်လေးဟာ ရာစုနှစ်များစွာ ကြာပြီးသည့်တိုင်‌အောင် နဂိုမူလအတိုင်း ထိန်းသိမ်းထားနိုင်ပြီး မြို့၏သမိုင်းဝင်အထင်ကရနေရာများကြောင့် ကျော်ကြားပါတယ်။ သို့ပေမယ့် ခရီးသွားတော်တော်များများ မသိကြတာက မြို့တော်လေးဟာ တကယ့်ကို စိတ်ကူးယဉ် ကြည်နူးချင်စဖွယ်ကောင်းပြီး ညဘက်မှာ ပျော်စရာအလွန်ကောင်းလှပါတယ်။ မြို့တော်ရဲ့ အထိမ်းအမှတ်အဆောက်အဦးများနှင့် အထင်ကရ နေရာများဟာ မီးများထိန်းလင်းနေတဲ့အချိန် Prague မြို့ဟာ မပြောပြနိုင်လောက်အောင် အံဩစဖွယ်နေရာအဖြစ် ပြောင်းလဲသွားပြီး အချစ်များတည်ရှိနေတဲ့ စိတ်ကူးယဉ်နေရာလေးမှာ အချစ်များ ပုန်းလျှိူမနေနိုင်ပဲ ထွက်ပေါ်လာပါလိမ့်မယ်။

(၅) ကျိုတိုမြို့, Japan

ကမ္ဘာပေါ်က ရိုးရာယဉ်ကျေးမှု ကြွယ်၀တဲ့မြို့လေးတစ်မြို့ဖြစ်တဲ့ ကျိုတိုမြို့ဟာ နွေဦးအစတွင် လှပသော ချယ်ရီပန်းပင်များမှ ပန်းများဖူးပွင့်လာပြီး စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်လေး ပေါက်ဖွားစေပါတယ်။ လှပတဲ့ဥယျာဉ်များ အထင်ကြီးစဖွယ်နန်းတော်များနှင့် ရှေးဗုဒ္ဓ ဘုရားကျောင်းများဟာ ကျိုတိုမြို့လေးကို လုံး၀ ရင်သပ်ရှုမောဖွယ်ဖြစ်စေပါတယ်။ ကမ္ဘာပေါ်ရှိ ရင်ခုန်စရာအကောင်းဆုံးနေရာ များ ၀န်းရံလျက်ရှိသည့် ဒီမြို့လေးမှာ ချစ်မိဖို့ မခက်လောက်အောင်ဖြစ်နေပါတယ်။

Leave a Comment