ဒီအဖြစ်အပျက်လေးကတော့ လွန်ခဲ့တဲ့(၁၁)နှစ် ဆေးကျောင်းဝင်ခွင့်ရပြီးထဲက ဖြေဆိုခဲ့သော စာမေးပွဲတိုင်းကို ထပ်ခါထပ်ခါကျရှုံးနေခဲ့တဲ့ ဆေးကျောင်းသားတစ်ယောက်ရဲ့ နောက်ဆုံးအကြိမ် စာမေးပွဲကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ ကြိုးစားခဲ့တဲ့ဆေးကျောင်းသားတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဆေးကျောင်းသားတစ်ယောက်ဟာ စာမေးပွဲဖြေဆိုချိန်အတွင်း နားရွက်ထဲကို
အသေးစား bluetooth ကိရိယာ ခွဲစိတ်ထည့်သွင်းခဲ့ပြီး ခိုးချခဲ့တာကို မိသွားခဲ့တဲ့အတွက် စိစစ်ခြင်းခံနေရပါတယ်လို့ ကောလိပ်ရဲ့ တရားဝင်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၁နှစ်ဆေးကျောင်းဝင်ခွင့်ရပြီးထဲက စာမေးပွဲကို ဆက်တိုက်ကျရှုံးခဲ့တဲ့သူ့အတွက် တနင်္လာနေ့မှာ ဖြေဆိုရခဲ့တဲ့စာမေးပွဲက သူ့အတွက် နောက်ဆုံးအကြိမ် ဖြေဆိုခွင့်ဖြစ်ခဲ့ပါတယ်။
သူ့ကိုတော့ စာမေးပွဲခန်းစောင့်ဆရာများက ဘောင်းဘီအတွင်းအိတ်ကပ်ထဲမှ Bluetooth ဖွင့်ထားတဲ့ဖုန်းကို စစ်ဆေးတွေ့ရှိခဲ့ပေမယ့် Bluetooth ကိရိယာလေးကိုတော့ မတွေ့ရှိခဲ့ပါဘူး။

ကောလိပ်မှတာဝန်ရှိသူများက သူ့ကိုစစ်ဆေးမေးမြန်းတဲ့အချိန်မှ သူ့မှာ အသားရောင် Bluetooth ကိရိယာအသေးစားလေးကို နားထဲမှာ ခွဲစိတ်ပြီးထည့်သွင်းထားတယ်ဆိုတာ သိရှိခဲ့ကြပါတယ်။
သူ့အတွက် အရေးကြီးလှတဲ့ စာမေးပွဲကို အောင်မြင်ဖို့အတွက် ကြံမိကြံရာ နားထဲကိုတောင် ခွဲစိတ်ပြီး bluetooth ကိရိယာအသေးစားလေး ထည့်ကာ ခိုးချဖို့ ကြံခဲ့မိတဲ့ ဆေးကျောင်းသားလေးကတော့ အကြံမအောင်မြင်ခဲ့ဘဲ စာမေးပွဲခန်းစောင့်ဆရာရဲ့ စစ်ဆေးခြင်းကိုခံခဲ့ရပြီး ခိုးချတာကိုမိသွားကာ ကျောင်းဘုတ်အဖွဲ့ရဲ့ စိစစ်မေးမြန်းခြင်းကို ခံခဲ့ရပါတယ်တဲ့။