၇ ရက်သားသမီး တစ်ပါတ်စာဟောစာတမ်း 18.6.2020 မှ 24.6.2020 အထိ
တနင်္ဂနွေ
ဒီကာလမှာသူတစ်ပါးအရှုံးပေါ်နေသည့်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပါက အောင်မြင်မှုရရှိစေတတ် ပါတယ်။ တစ်ဖက်လူအပေါ် စိတ်ဓါတ်စစ်ဆင်ရေးများပြုလုပ်ပြီး မိမိရည်မှန်းချက်ဆီသို့ မရောက်ရောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။ဖြစ်ပျက်နေသောပြဿနာအလုံးစုံကို ဆင်ခြင်တုံတရားနှင့် ဖြေရှင်းလျှင် အစစအရာရာ အဆင်ပြေသွားမည်။ဘောင်မဲ့နေသောစီးပွားရေးလုပ်ငန်းအချို့ကိုပြင်ဆင်လုပ်ကိုင်သင့်ပါသည်။ ကိုယ့်ထူး၊ ကိုယ်ချွန် စိတ်ရှိပြီး သူတစ်ပါးဝေဖန် အကြံပေးမှုကို လုံးဝလက်မခံတတ်ချိန်ပါ။ကျန်းမာရေးကောင်းမွန်စေရန် ဖိနပ်အပြတ် တွေရှိရင်စွန့်ပစ်လိုက်ပါ။အများနဲ့လိုက်လျောညီထွေစွာပြုလုပ်ပြောဆိုဆက်ဆံနိုင်ခြင်းသည် အောင်မြင်ရေး အတွက် သော့ချက် ဖြစ်ပါတယ်။တစ်ချို့သောစီးပွားရေးကိစ္စများတွင် တစ်ဖက်လူစီးပွားပြိုင်ဘက်များအား လိုက်လျော ညီထွေ ဖြစ်စေရန် အလျှော့ပေး၍ ဆက်ဆံမှုပြုရန်လိုပါသည်။ အချစ်ရေးမှာတော့ ချစ်သူကမိမိကိုဂရုစိုက်ပါလိမ့် မယ်။ချစ်သူမရှိသေးသူများ ချစ်ရသူနဲ့ ပိုမိုနီးစပ်အောင်လုပ်ဖို့ ဖန်တီးသင့်တဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးကံမြင့်မား နေပါလိမ့်မယ်။မပြေလည်တဲ့ အိမ်တွင်းရေးတွေ ပြေလည်သွားပါလိမ့်မယ်။ပညာရေးကတော့ ကြိုးစားသမျှအဆင် ပြေထွန်းပေါက်ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁/၆/၉ အထူးဟော ကံအကောင်းများတဲ့ ကာလပါပဲ။ ယတြာ ကြက်အသည်းအမြစ်ဟင်းနဲ့ ဘုရားဆွမ်းတော်ကပ်လှူပေးပါ။
တနင်္လာ
ဒီကာလအတွင်းမှာ သင့်အားအထူးမှာကြားလို သည်မှာ သင်၏စိတ်ကိုလျှော့၍ အနားယူပါ။ သင့်အတွက် ကံဇာတာ အနည်းငယ် ညံ့နေတတ်ပါသည်။ သူတစ်ပါး၏ ဝေဖန်တိုက်ခိုက်ပြောဆိုမှုများ ကြုံတွေ့ရနိုင်ပါသည်။ ဘာပြဿနာမှ မဖြစ်အောင်နေပါ။ငွေသုံးစွဲခြင်း၊ ချေးငှားခြင်း၊ အာမခံခြင်း၊ စသည်တို့ကို ဂရုတစိုက် ဆောင်ရွက်မှ အဆင်ပြေလာပါလိမ့်မည်။ သင်ကြံစည် စိတ်ကူးထားသော လုပ်ငန်းများကို စတင်လုပ်ကိုင်ရတတ်ပါသည်။ ခရီးတစ်ခုသွားမည်ဟု ကြံစည်ထားပြီးမှ ပျက်သွားတတ်ပါသည်။အလုပ်နေရာ၊ အိမ်နေရာအတွက် စိတ်ညစ်စရာ အနည်းငယ် ကြုံတွေ့နေရတတ်ပါသည်။ ဆွေမျိုးသားချင်းများနှင့် စိတ်ဝမ်းကွဲစရာ ပြဿနာများ ဖြစ်ပေါ်နေ တတ် ပါသည်။ ကျန်းမာရေးတွင် တစ်ခါတစ်ရံ၌ နှလုံးသွေးအားနည်းသော ဝေဒနာများ ဖြစ်ပေါ်နေလိမ့်မည်။ငယ်ရွယ်သူများ ချစ်သူ၊ သူငယ်ချင်းများထံမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ရရှိတတ် ပါသည်။ မိမိ၏ပညာရေးကတော့ မျှော်လင့်ချက်မရှိနိုင်ဟု တွေးထားသော မိမိ၏ ပညာရေးလုပ်ငန်းများ ရုတ်တရက် အောင်မြင်ကျော်ကြားမှုများ ကြုံတွေ့ရနိုင်ပါသည်။အိမ်ထောင်ရေး အေးချမ်းသာယာနိုင်ပါတယ်။ အိမ်ထောင်ဘက်က အလုပ်များနေတာကြောင့် ဝိုင်းကူလုပ်ပေးရတတ်ပါတယ်။အကျိုးပေးဂဏန်း ၂/၃/၀ အထူးဟော မေတ္တာရေး၊စန်းအား အလွန်ကောင်းနေတတ်ပါတယ်။ ယတြာ တို့ဟူးနွေးတစ်ပန်းကန်ဘုရားကပ်လှူပါ။
အင်္ဂါ
ဒီကာလအတွင်း တစ်ပါးသူမမေးပါဘဲ ပြောဆိုချင်မိသော နှုတ်မစောင့်စည်းမှုများကြောင့် ပြဿနာဖြေရှင်းရစေ တတ်ပါတယ်။ လူကြီးမိဘများထံမှ အမွေအနှစ်များ လက်ခံရရှိစေတတ်ပါတယ်။ မကြာခဏခရီးထွက်ရတတ် ပါတယ်။ရပ်ဝေးခရီးထွက်ခွာရန်ကြိုးစားပါကယခုအချိန်သည်အကောင်းဆုံးဖြစ်သည်။ မိမိ၏မိသားစုအတွင်းအပြင် လူမှ ပြဿနာဖြစ်စေရန် အမျိုးမျိုးလှည့်စားခြင်း ခံရတတ်ပါတယ်။ ခြေလေးချောင်းသားအစားအစာများနှင့် ပတ်သက်၍ မိမိ၏ကျန်းမာရေးချို့တဲ့စေလိမ့်မည်။အစာမှားဆေးမှား ကြုံရစေတတ်ပါတယ်။ အတွင်းလူယုံအား သတိထားရန်လိုအပ်ပါသည်။ ကျန်းမာရေး ဂရု စိုက်ပါ။ လက်ရှိအနေအထားမှ အောင်မြင်မှုရရန် လွန်စွာကြိုးစားရ ပါလိမ့်မည်။ ယခုကာလတွင် ဘာသာရေးကို ပိုမိုပြုလုပ်ရမည်။မနာလိုဝန်တိုမှု၊ ကောလဟာလ ပြောဆိုမှု၊ မကောင်း ကြံစည်မှုများခံရတတ်သည်။အချစ်ရေးကတော့ချစ်သူနဲ့ဆုံချင်ပေမယ့် ဆုံဖို့ခက်နေတဲ့အနေအထားပါပဲ။ အိမ်ထောင် သည်များ စုတ်ကိစ္စများအထူးရှောင်ပါ။အမျိုးသားများ လိင်မတူသူတွေရဲ့ အနှောက်အယှက်ကြုံရတတ်ပါတယ်။ ပညာရေးကိစ္စများတွင် ဝီရိယလွန်ကဲစွာထားရှိရန် လိုအပ်ပါသည်။ ကံမပေးတဲ့အတွက် ဝီရိယကို အားထည့်ရမယ့် ကာလပါပဲ။အကျိုးပေးဂဏန်း ၁/၈/၃ အထူးဟော ကံအားထက် ဉာဏ်အား၊ဝီရိယအားကို စိုက်ထုတ်ပါ။ ယတြာ ရဟန်းတစ်ပါးကို လွယ်အိတ်တစ်လုံးလှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း မအောင်မြင်သော လုပ်ငန်းများအား ဇွတ်လုပ်ကိုင်မိ၍ အချိန်ကုန်၊ လူပင်ပန်းဖြစ်ရစေတတ် ပါတယ်။မည်သည့်အလုပ်ကိစ္စများတွင်မဆိုတစ်ဦးတစ်ယောက်တည်းလုပ်ကိုင်ခြင်းထက်စပ်တူရှယ်ယာအဖြစ်ပူးတွဲ လုပ်ကိုင်ရခြင်းကသာ အကောင်းဆုံးဖြစ်နေပါလိမ့်မည်။ဘဝရပ်တည်မှုမငြိမ်မသက်ရှိနေမည်။ စည်းကမ်းကောင်း မည်။ မကောင်းသောအပြုအမူများအတွက် ရှောင်ကြဉ်နိုင်စွမ်းရှိပါလိမ့်မည်။ ဘာသာရေးဆိုင်ရာကျင့်စဉ်များအား ဆောင်ရွက်နိုင်ပါလိမ့်မည်။ အလှူဒါနပေးကမ်း စွန့်ကြဲမှုပြုရပါလိမ့်မည်။ငွေကြေးကိစ္စအတွက် အခက်အခဲရှိနေပါ လိမ့် မည်။ အလုပ်နေရာများစွာ ပြောင်းရွှေ့နေထိုင် ရတတ်ပါတယ်။ ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ လေနှင့်ဆိုင်သော ဝေဒနာ များ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။အိပ်ရေးပျက်မခံပါနှင့်။ ဝမ်းမြောက်စရာသတင်း စကား ကောင်းများ ကြားသိရခြင်း ကြုံတတ်သည်။ ငွေကြေးရပေါက်ကို လောဘတတ်ပြီး မစွန့်စားပါနှင့်။ ခြိုးခြိုးခြံခြံနေထိုင်၍ တစ်ပါးသူများကိုလည်း ကောလဟာလ မပြောဆိုပါနှင့်။အချစ်ရေးတွင် ရွေးချယ်စရာ နှစ်ဦးနှစ်ယောက် ပေါ်ပေါက် စေတတ်ပါတယ်။ ချစ်သူ၊ အိမ်ထောင်ဘက်ရဲ့ အမျိုးထဲမှ အလှူပွဲ၊ မင်္ဂလာပွဲကိစ္စများ ကြုံတွေ့ရတတ်ပါတယ်။ ပညာ ရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ်ကြောင့်အမှားများနေတတ်ပါတယ်။အကျိုးပေးဂဏန်း ၂/၄/၅ အထူးဟော မတည်ငြိမ်၊အခြေမကျတာမျိုးတွေဖြစ်တတ်ပါတယ်။ ယတြာ ချဉ်ပေါင်ကြော်နဲ့ ဘုရားဆွမ်းတော်ကပ်ပေးပါ။
ကြာသပတေး
ယခုကာလအတွင်း လျှို့ဝှက်ချက်များအား ဖော်ထုတ်နိုင်စွမ်း ရှိပါလိမ့်မည်။ မိမိ၏အကြားအမြင်၊ ထင်မြင် ချက် များ မှန်ကန်နေတတ်ပါတယ်။ လောကီ၊ လောကုတ္တရာနှစ်ဖြာသောအကျိုးကို ခံစားရပါလိမ့်မည်။ တစ်ပါးသူ အပေါ်တွင်ယုံကြည်မှုလွန်ကဲတတ်ပါတယ်။ သတိပြုပါ။ဝင်ငွေများစွာဝင်လာနိုင်ပါသော်လည်း ငွေပူများဖြစ်နေ တတ် ပါ တယ်။ သူတစ်ပါးအခက်အခဲများစွာ အား ဖြေရှင်းပေးနိုင်ပါလိမ့်မည်။ ဘဝအတွေ့အကြုံနှင့် လောကဓံတရားအား ခံနိုင်ရည်ရှိနေပါလိမ့်မည်။ ရတနာပစ္စည်းရောင်းဝယ်ခြင်း၊တူးဖေါ်ခြင်းများအကျိုးထူးများခံစားရပါလိမ့်မည်။အခက်အခဲနှင့် အကြပ်အတည်းများ ရင်ဆိုင်ရတတ်ပါတယ်။ အတတ်ပညာကိုအခြေတည်၍ အဆင့်မြင့်တိုးတတ်မှုများ ဖန်တီးနိုင်မည်။ တစ်ပါးသူကိုကူညီပါကငွေလည်းကုန်၊ သိက္ခာလည်းကျရသောကိစ္စများကြုံမည်။သူတစ်ပါးမှ ကိုယ့် အပေါ် အကောက်ကြံ တတ်သည်။ မြင့်မားသောအဆင့်သို့ရောက်ရှိမည်။ အပြိုင်အဆိုင်များကို ကျော်လွှားနိုင်မည်။ လူအများကြားပေါ်လွင် ထင်ရှားမှု ရှိမည်။ယှဉ်ပြိုင်သူများအပေါ်အနိုင်ရမည်။အချစ်ရေး၊ အိမ်ထောင်ရေးမှာ လူကြီး မိဘတို့ဆီက အကူအညီကောင်းများ ရတတ်ပါတယ်။ ပညရေးတွင်တော့အစီအစဉ်ဟောင်းတွေ ပြန်အကျိုး ပေး တတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၆/၅ အထူးဟော စီးပွားရေးတိုးတတ်နိုင်ပါတယ်။ ယတြာ သဇင်ပန်း(သို့) သစ္စာပန်း ဘုရားကပ်လှူပေးပါ။
သောကြာ
ဒီကာလအတွင်း ခရီးသွားစရာကိစ္စများပေါ်ပေါက်လာ တတ်ပါတယ်။ မတော်တဆထိခိုက်ဒဏ်ရာရရှိစေ တတ်ပါတယ်။ဘာသာရေးစိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုများနှင့် အဓိဋ္ဌာန်ဝင်ခြင်းများဆောင်ရွက်ခွင့်ကြုံတတ်ပါ တယ်။မိမိကြိုးစားအားထုတ်မှုများ အရာမထင်ဖြစ်နေတတ်ပါတယ်။ ဝမ်းနည်းကြေကွဲစရာကိစ္စရပ်များလည်း ဖြစ်ပေါ် ခံစားနေရတတ်ပါတယ်။ အကြီးအကဲတွေရဲ့ကျန်းမာရေးချို့တဲ့ခြင်း၊ ဝေဒနာပြင်းထန်စွာခံစားရခြင်းများ ကြုံတွေ့ရ တတ်ပါတယ်။ဥပဒေဆိုင်ရာအခက်အခဲများနှင့် ရင်ဆိုင်မှုပြုရပါလိမ့်မည်။ စိတ်ကူးကောင်းဖြင့် အလုပ်များစွာ လုပ် ကိုင် ဆောင်ရွက်မှု ပြုရပါလိမ့်မည်။ ညအိပ်၊ ညနေခရီးများ သွားလာရတတ်ပါတယ်။ နေအိမ်တွင် အဝေးရောက် မိသားစု ဝင်တစ်ဦးပြန်ရောက်လာတတ်ပါတယ်။မိမိပိုင်ပစ္စည်းများထဲမှ ပျက်စီးမှု၊ ပျောက်ဆုံးမှု ဖြစ်ပေါ်စေတတ် ပါတယ်။ ကျန်းမာရေးအထူးသတိပြုသင့်ပါတယ်။ခန္ဓာကိုယ်တွင် အပူနှင့်ဆိုင်သောဝေဒနာများဖြစ်ပေါ်ခံစားရတတ် ပါတယ်။ အချစ်ရေးတွင် အရာရာယုံ အောင်ပြော၍ လှည့်စားတတ်သူမျိုးနှင့် ဆုံစည်းရတတ်ပါတယ်။သင့်ရုံမျှတစွာ ဖြင့် ချင့်ယုံကြမှသာအန္တရာယ်ကင်းစေလိမ့်မည်။ အိမ်ထောင်ရေး၊အိမ်တွင်းရေးသာယာပျော်ရွှင်နေပါလိမ့်မယ်။ပညာ ရေးမှာတော့ မိမိစိတ်က သင်ယူလိုစိတ်အားနည်းနေတတ်ပါတယ်။အကျိုးပေးဂဏန်း ၄/၆/၇ အထူးဟော အလုပ်များ၊စိတ်များရတတ်ပါတယ်။ ယတြာ ဘုရားစေတီမှာ တံမြက်စည်းလှည်းကုသိုလ်ယူပါ။
စနေ
ယခုကာလအတွင်း ဝန်ထမ်းများဖြစ်ပါက ဌာနအတွင်း အားလုံးနှင့်အဆင်ပြေအောင်ကြိုးစားပါ။ သို့မှသာ အခွင့်အလမ်း ကောင်းများ ရရှိမည်။ နေအိမ်၊ တိုက်တာ၊ အဆောက်အဦး၊ ကားနှင့်ပတ်သက်၍ မိမိအတွက်အကျိုး အမြတ် များ ရရှိမည်။သို့သော်ပြည်ပနှင့်ဆက်သွယ်လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းကိစ္စများရှိနေပါက ထိုကိစ္စ အတွက် ခေါင်းခဲရမှုများရှိနေမည်။ မိမိအားမနာလိုသူအတိုက်အခံပြုလိုသူများ ရှိနေတတ်သည်။ကျန်းမာရေးနှင့် ပတ်သက်၍ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အစာအဆိပ်ဖြစ်ခြင်း၊ သွေးအဆိပ်ဖြစ်တတ်ခြင်းများ ရှိတတ်၍ တစ်ပါးသူ ပေးသော၊ ကျွေးသောအစားအစာများကို သတိထားဆင်ခြင်စားသောက်သင့်ပါတယ်။အိမ်ထောင်ရှင်ဖြစ်ပါက အိမ်တွင်းရေး အေးချမ်းသာယာမည်။ သားကောင်း၊ သမီးကောင်းများကြောင့်စိတ်ချမ်းသာရပါလိမ့်မယ်။ ငယ်ရွယ် သူများ အချစ်ရေးကံ အရမ်းညံ့နေပါ၍ ဦးစားမပေးသင့်သေးပါ။စပ်တူရှယ်ယာလုပ်ငန်းများ၊ အကျိုးဆောင်လုပ်ငန်း များ လုပ်သူများအဖို့ စိတ်ညစ်စရာအနည်းငယ် တွေ့ကြုံနေရတတ်သည်။ ပညာရေးတိုးတတ်မှုအတွက် အခြား အရာများစွာ တွင် ထိခိုက်နစ်နာစရာ များစွာဖြစ်ပွားတတ်သည်ကို အထူးသတိထားပါ။ကိုယ်ပိုင်စီးပွားရေး မှာတော့ အစစအရာရာ အထူးသတိဝီရိယထားဆောင်ရွက်ပါမှ အဆင်ပြေ နိုင်ပါတယ်။ မိဘတွေရဲ့ကျန်းမာရေးလည်း အထူး သတိပြုပါ။အကျိုးပေးဂဏန်း ၁/၅/၇ အထူးဟော ကျန်းမာရေးသတိပြုသင့်တဲ့ကာလပါပဲ။ ယတြာ သီးစုံပဲဟင်းချက်ပြီး ဘုရားကပ်လှူလိုက်ပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)