သေဆုံးပြီး ၁ နာရီအကြာတွင် အသက်ပြန်ရှင်လာခဲ့တဲ့ အင်ဒိုနီးရှားမှ မိန်းခလေး

ကျွန်တော်တို့လူအများစုဟာ သေခြင်းတရားနဲ့ သေဆုံးပြီးနောက်ကွယ်က ဖြစ်ပျက်တဲ့အကြောင်းတွေကို နားလည်ဖို့ခက်ခဲလှပါတယ်။ကျွန်တော်သေဆုံးတဲ့အခါဘာဖြစ်သွားမှာလဲ? ကျွန်တော်တို့ရဲ့ အသိစိတ်တွေဟာ အခြားတစ်နေရာမှာ ရှိနေမှာလား? ဒါမှမဟုတ်ကျွန်တော်တို့ဟာ အခြားတစ်ဘဝကို ချက်ချင်းပြန်ဝင်စားမှာလား? စတဲ့မေးခွန်းများစွာရှိနေပါတယ်။

ထိုထဲကမှမေးခွန်းတစ်ချို့ကိုတော့ အင်ဒိုနီးရှားနိုင်ငံမှ မိန်းကလေးတစ်ဦးက ဖြေကြားပေးခဲ့ပါတယ်။ Kosmo ရဲ့ပြောကြားချက်အရ အရှေ့ဂျာဝါဒေသရှိ Siti Masfufah Wardah အမည်ရတဲ့ ထိုအမျိုးသမီးဟာ နာတာရှည်ဆီးချိုရောဂါနှင့် ကိုယ်တွင်းအင်္ဂါဆိုင်ရာ ပြဿနာများအတွက် Dr. Moh Saleh Kota Probolinggo ရဲ့ ဆေးရုံသို့ တက်ရောက်လာခဲ့ပြီး ထို့နေညနေ၆နာရီမှာ ဘဲဆုံးပါးသွားခဲ့ပြီလို့ ဆေးရုံမှပြောကြားခဲ့ပါတယ်။

သူမရဲ့မိသားစုဟာ သူမရဲ့အသုဘကိစ္စတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ည ၇ နာရီမှာသူမကို ဆေးရုံကနေ ခေါ်ဆောင်လာခဲ့ပါတယ်။သူမကိုသန့်ရှင်းရေးလုပ်မို့ ပြင်ဆင်နေချိန်မှာတော့ သူမဟာသေရာကနေ ပြန်နိုးထလာခဲ့ပါတယ်။ သူမကိုသန့်ရှင်းလုပ်နေတဲ့သူတွေက သူမဟာမျက်လုံးပြန်ပွင့်လာခဲ့ကြောင်း လိုက်လံပြောကြားခဲ့တာပါ။

” သူမကိုရေချိုးမယ်လို့ စလုပ်တဲ့အချိန်မှာ သူမရဲ့နှလုံးဟာပြန်ခုန်လာခဲ့ကာ သူ့မရဲ့မိသားစုအပါအဝင် အခြားလူအားလုံးပါ ထိတ်လန့်သွားခဲ့တယ် ” လို့အသုဘပို့ လာသူတစ်ဦးကဆိုပါတယ်။ အဲဒီနောက်မှာတော့ ရေချိုးတဲ့နေရာကနေ သူမကိုအိမ်သို့ပြန်ခေါ်လာပြီး ဆရာဝန်တွေကို သွားရောက်ပင့်ဆောင်ခဲ့ပါတယ်။ ဆရာဝန်တွေရောက်လာတဲ့အချိန်မှာတော့ သူမကိုအသက်ရှုလမ်းကြောင်းဆိုင်ရာ စက်ပစ္စည်းအကူအညီတွေနဲ့ အောက်စီဂျင်တွေပေးခဲ့ပါတယ်။

ဒါပေမယ့်လည်းကံဆိုးစွာဘဲ နောက်တစ်နာရီအကြာမှာတော့ သူမဟာပြန်ပြီးသေဆုံးသွားခဲ့ပြန်ပါတယ်။ သေဆုံးရာကနေ ပြန်ရှင်လာတဲ့အဖြစ်အပျက်တွေဟာ ဘယ်သူမှအတိအကျမသိနိုင်တဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်ခြေကတော့ အချက်များစွာရှိပါတယ်။

ဥပမာလူတွေအနေနဲ့ကတော့ အသက်ရှူကူစက်တွေနဲ့ ရင်ဘတ်ကိုဖိအားပေးထားတဲ့ဟာတွေ နှလုံးအတွင်းစုပုံနေတာမျိုးနဲ့ နောက်တစ်ချက်ကတော့ hyperkalemia ဖြစ်ပါတယ်။ ဒါကတော့ သွေးထဲမှာ ပိုတက်ဆီယမ်တွေ မြင့်မားစွာရှိနေတဲ့ အခါမျိုးမှာလည်း သေရာကပြန်ရှင်လာနိုင်တယ် ” လို့ဆရာဝန်တစ်ဦးကဆိုပါတယ်။

( www.softwarekaber.com တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင် ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ )

Leave a Comment