ကမ္ဘာပေါ်မှာ ရေနေသတ္တဝါ၊ကုန်းနေသတ္တဝါ၊ကုန်းနေရေနေ စသည်ဖြင့် တိရိစ္ဆာန်အမျိုးပေါင်းများစွာရှိကြပါတယ်။ တစ်ချို့သော တိရိစ္ဆာန်တွေဟာ အစာမစားဘဲရက်ပေါင်းများစွာနေနိုင်ကြပါတယ်။ လူဖြစ်ပါစေ တိရိစ္ဆာန်ဖြစ်ပါစေ တစ်ရက်နှစ်ရက်လောက်ခန့် အစာမစားဘဲနေနိုင်စွမ်းရှိပါတယ်။ သို့သော်တစ်ချို့သောတိရိစ္ဆာန်များဟာ သူတို့ရဲ့ ဇီဝဖြစ်စဉ်များကြောင့် နှစ်ပေါင်းသုံးဆယ်ခန့်လောက်အထိအစာမစားဘဲနေနိုင်စွမ်းရှိကြပါတယ်။ ယခုဖေါ်ပြပေးမှာကတော့ ရက်ပေါင်းများစွာအစာမစားဘဲ အသက်ရှင်နေနိုင်တဲ့ တိရိစ္ဆာန်များအကြောင်းဖြစ်ပါတယ်။
၁။ ကြောင် ( ၂ပတ်ခန့် )

ကြောင်လေးတွေဟာ သူတို့အရင်က စားခဲ့တဲ့အစားအစာနှင့်ရေပမာဏ သူတို့ရဲ့ကျန်းမာရေးအခြေနေပေါ်မူတည်ပြီး နှစ်ပါတ်လောက်ကြာသည်အထိ အစာမစားဘဲနေနိုင်ကြပါတယ်။
၂။ ကုလားအုတ် ( နှစ်လခန့် )

ကုလားအုတ်များကတော့ သူတို့ ဘို့ တွေမှာ အစာနဲ့အဆီဓါတ်ရေဓါတ်တွေကို စုဆောင်းထားနိုင်တာကြောင့် သူတို့ဟာပူပြင်းတဲ့ ကန္တာရတွေထဲမှာတောင် နှစ်လလောက်အစာမစားဘဲအသက်ရှင်နေနိုင်ကြပါတယ်။
၃။ ငါးမန်းဖြူ ( သုံးလခန့် )

ငါးမန်းဖြူတစ်ကောင်ဟာ တစ်နှစ်ကို အစာ ၁၁ တန်ခန့်စားသောက်နိုင်ပါတယ်။ များသောအားဖြင့် ငါးမန်းဖြူတစ်ကောင်ဟာ အစာတစ်ကြိမ်စားပြီးရင် အချိန်သုံးလလောက်ကြာသည်အထိ အစာမစားဘဲနေနိုင်ပါတယ်။
၄။ ပင်ဂွင်း ( သုံးလခန့် )

ပင်ဂွင်းများဟာ သူတို့ရဲ့ ဥချတဲ့ရာသီရောက်တဲ့ အခါမှာတော့ ဥမပေါက်မချင်း သူတို့ရဲ့ဥတွေကိုစောင့်ရှောက်တတ်ကြပြီး သူတို့ရဲ့ ဥတွေနားမှမခွါကြပါဘူး။ ထိုကာလအတွင်းမှာ အလွန်အေးတဲ့ ရာသီဥတုကို အံတုပြီး မည်သည့်အစာမှမစားကြပါဘူးတဲ့။
၅။ ဝေလငါး ( ၆ လခန့် )

ဝေလငါးများဟာ နွေရာသီတွင် အစားပြီးအချိန်တိုင်း၌ အဆီပိုတွေသိုလှောင်ထားတာကြောင့် သူတို့ဟာ နောက်ထပ်ခြောက်လလောက်အထိ အစာမစားဘဲအသက်ရှင်နိုင်ကြပါတယ်။
၆။ စပါးကြီးမြွေ ( ၆ လခန့် )

စပါးကြီးမြွေတွေဟာ သူတို့ရဲ့ ဇီဝဖြစ်စဉ်တွေအရ အစာခြေနှုန်းနှေးကွေးပြီး စွမ်းအင်ကို လုံလောက်စွာထိန်းသိမ်းစွမ်းမြင့်တာကြောင့် အစာတစ်ခါစားပြီးပါက နောက်ထပ်ခြောက်လလောက်အထိ အစာမစားဘဲနေနိုင်ကြပါတယ်။
၇။ ကုန်းလိပ် ( တစ်နှစ်ခန့် )

ကုန်းလိပ်ကြီးတွေဟာလဲ ဇီဝပြောင်းလဲမှုနှေးကွေးတဲ့အပြင် ရေဓါတ်ကိုထိန်းသိမ်းနိုင်စွမ်း အလွန်မြင့်မားတာကြောင့် တစ်နှစ်ပါတ်လည်လုံးအစာမစားဘဲနဲ့ အသက်ရှင်နိုင်ကြပါတယ်။
၈။ မိကျောင်း ( သုံးနှစ်ခန့် )

မိကျောင်းတွေ မလှုပ်မယှက်ဘဲ နေတာတွေ့ဖူးကြမယ်ထင်ပါတယ်၊ ထိုသို့နေခြင်းအားဖြင့် သူတို့ရဲ့ စွမ်းအင်ကို ထိန်းထားနိုင်တာကြောင့် အစာမစားဘဲ သုံးနှစ်လောက်အထိနေနိုင်ကြပါတယ်။
၉။ ရေပုတ်သင် ( ၁၀ နှစ်ခန့် )

ရေပုတ်သင်တွေဟာ Deadpool လိုကောင်များဖြစ်ကြပါတယ်။ အစာရေစာရှားပါးတဲ့အချိန်များတွင် သူတို့ရဲ့ ဆဲလ်တစ်ရှူးများကိုပြန်လည်စုပ်ယူပြီး စားသုံးကြပါတယ်၊ သူတို့ဟာပြင်ပအစာမစားဘဲ ၁၀ နှစ်ခန့်လောက်အထိအသက်ရှင်နိုင်ပါတယ်။
၁၀။ တာဒီဂရိတ် ( နှစ် ၃၀ ခန့် )

ဇီဝဖြစ်စဉ်ပြောင်းလဲမှုအနှေးကွေးဆုံးဖြစ်တဲ့ ထိုအကောင်လေးတွေဟာ အစာမစားရတဲ့အချိန်တွေမှာ သူတို့ရဲ့ အစာခြေစနစ်ဟာ ပုံမှန်နှုန်းမှ ၀.၀၁% သာအလုပ်လုပ်ဆောင်ပြီးတော့ ရေဓါတ်ကိုလဲ ၁% သာအသုံးပြုတာကြောင့် နှစ်ပေါင်း ၃၀ ခန့်အထိ ပြင်ပအစာမစားဘဲအသက်ရှင်နေနိုင်ကြပါတယ်။