တရုတ်ပြည်က လူတစ်ယောက်ဟာ သူ့နှုတ်ခမ်းအောက်မှာဝက်ခြံပေါက်ပြီးသေလုနီးပါးဖြစ်ခဲ့ရတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။Jiangsu ပြည်နယ်အရှေ့ပိုင်းတွင်နေထိုင်သည့်
Mr.Chen ဆိုတဲ့အမျိုးသားဟာ နှုတ်ခမ်းအောက်မှာဝက်ခြံပေါက်လာကာချက်ချင်းဖျားနာ လာပြီး ပါးစပ်ရောင်ရမ်းခြင်းကိုစတင်ခံစားခဲ့ရကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့ပါတယ်။
အဲဒီလိုဖြစ်ပြီးနောက် သူ့ အနေထားဟာ လျင်မြန်စွာ ယိုယွင်းလာခဲ့ပါတယ်။ မီဒီယာများရဲ့ပြောပြချက်အရတော့ဒီဖြစ်ရပ်ဟာ သူ့ရဲ့အဆုတ်ထဲသို့ ရောဂါကူးစက်ပျံ့နှံ့ သွားတယ်လို့ဆိုပါတယ်။ ထိုသို့ရောဂါပျံ့နှံ့သွားခဲ့တဲ့ရလဒ်ကတော့ အဆုတ်ရောင်ရောဂါကို နှစ်ဆခံစားရဖို့ဖြစ်လာခဲ့ပါတယ်။ထိုသို့ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူဟာ Changzhou ရှိ First People’s Hospital အရေးပေါ်ကုသရေးဌာနမှာ သူရဲ့ အသက် အတွက် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရပါတော့တယ်။ကံကောင်းလှစွာဘဲ Mr.Chen ဟာ ၀က်ခြံအစက်ပြောက်ပေါက်ပြီး တစ်လ အကြာမှာဒေါက်တာ Zhuက သူ့ကိုကုသပေးနိုင်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့သူရဲ့အဖြစ်အပျက်ကိုဆရာဝန်များကပြန်လည်သုံးသပ်ခဲ့ကြပါတယ်။
ဆရာဝန်က Jiangsu ရုပ်မြင်သံကြားသို့ပြောကြားချက်အရတော့ ထိုသူဟာ သူရဲ့ ပါးစပ်အဖုမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းကြောင့်အဆုတ်ရောင်ရောဂါကိုနှစ်ဆခံစားရခြင်းနှင့်အဆုတ်ပြိုကျခြင်းတို့ဖြစ်ပွားစေခဲ့တယ်လို့ဆိုပါတယ်။ဒေါက်တာ Zhuဟာ နှာခေါင်းနှင့် ပါးစပ် တြိဂံစက်၀န်းတွင် ၀က်ခြံပေါက်လာပါက လျှင်မြန်စွာရှင်းလင်းသင့်ကြောင်း နှင့်ဝက်ခြံများ မပေါ်လာစေဖို့အတွက်လည်းဂရုစိုက်သင့်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။နောက်ထက်သတိပေးချက်တစ်ခုကတော့ ထိုနေရာကဝက်ခြံ အဖုများကို လက်ဖြင့်မညစ်မိစေရန်သတိထားသင့်ကြောင်းထပ်လောင်းသတိပေးခဲ့ပါတယ်။ပို၍အရေးကြီးအချက်ကတော့ ၀က်ခြံပေါက်တဲ့၀န်းကျင်က အရေပြားများ နီလာခြင်း ၊ရောင်ရမ်းလာခြင်း နှင့် နာကျင်လာခြင်း (သို့မဟုတ်) ဖျားလာလျှင် အမြန်ဆုံးဆေးကုသ ခံယူ
သင့်ကြောင်းကိုလည်းသတိပေးပြောကြားထားပါသေးတယ်။
အဓိကအန္တာရာယ်ရှိတဲ့အချက်တစ်ခုကတော့ ထိုနားတစ်ဝိုက်ရှိသွေးပြန်ကြောများသည် ဦးနှောက်အတွင်းရှိ အရေးကြီး တဲ့အာရုံကြောများစီသို့ ဦးတည်သွားသောကြောင့် ဖြစ်ပါတယ်။
NYU Langone Medical Center ရှိအရေပြားရောဂါဗေဒဌာန လက်ထောက်ပါမောက္ခဖြစ်သူ ဒေါက်တာ Jeremy Brauer က Men’s Healthဆေးပညာဗဟုသုတ ဝက်ဆိုဒ်မှာ ဖော်ပြပေးထားတာကတော့- အကယ်၍ ထိုနားတစ်ဝိုက်တွင် ပြင်းထန်တဲ့အနာတစ်ခုဖြစ်ပြီး ရောဂါကူးစက်ခံရပါက မကုသမိလျှင် ဦးနှောက်ထဲသို့ ဆက်လက်ကူးစက်နိုင်ပြီး သီအိုရီများအရ သေဆုံးနိုင်ကြောင်း သက်သေအချက်လက်များနဲ့ ပြောပြခဲ့ပါတယ်။
ဘေးကင်းစိတ်ချရစေဖို့ကတော့ ထွက်ပေါ်လာတဲ့ ဝက်ခြံအဖုများကို ပေါက်သွားတဲ့အဆင့်အထိ မဖြစ်အောင် သတိထားသင့်တယ်လို့ဆိုကြပါတယ်
ထိုကြောင့်သင့်အနေနဲ့ ဝက်ခြံပျောက် ခရင် အသုံးမပြုမီရေနွေးစွတ်ထားတဲ့ ပဝါဖြင့် မျက်နှာအရေပြားကို ညင်သာစွာ နှိပ်ပေးခြင်းက ပို၍ကောင်းတယ်လို့ဆိုပါတယ်။