နယ်သာလန်ရဲ့ဗင်းနစ် ( သို့ ) နတ်သမီးပုံပြင်များထဲကလို မှော်ဆန်ဆန် ကျေးရွာ

အကယ်လို့ သင်ဟာပုံပြင်ဒဏ္ဍာရီထဲကလိုနေထိုင်ချင်တယ်ဆိုရင်တော့ နယ်သာလန်နိုင်ငံက Giethoorn ဆိုတဲ့ရွာလေးဆီကိုသွား‌ရောက်သင့်ပါတယ်။ အဆိုပါရွာလေးဟာ ခရစ်နှစ် ၁၂၃၀ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီး နယ်သာလန်နိုင်ငံရဲ့ဗင်းနစ်ဆိုပြီးတော့ လူအများသွားရောက် လည်ပတ်ချင်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါကျေးရွာတွင် ခေတ်မှီသယ်ယူပို့ဆောင်ရေးစနစ်မရှိဘဲ တူးမြောင်းများနှင့်တံတား ၁၇၆ ခုသာရှိပါတယ်။ Giethoorn ရွာကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားများဟာ ရွာရဲ့အပြင်ဘက်မှာ ကားများကိုထားခဲ့ရပြီး ခြေကျင် ( သို့ ) စက်မပါသောလှေဖြင့်သာ ရွာထဲကိုလည်ပတ်ရမှာဖြစ်တာကြောင့် ရွာလေးမှာတော့ ဆူညံခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ Giethoorn ကျေးရွာရဲ့ website ပေါ်တွင် ” ပုံမှန်အားဖြင့် သင်ကြားရနိုင်တဲ့ အကျယ်လောင်ဆုံးအသံက ဘဲအော်သံ ဒါမှမဟုတ် ငှက်တွေရဲ့အော်သံသာဖြစ်တယ် ” လို့ရေးသားပါတယ်။ ယခုတစ်ခါမှာတော့ နယ်သာလန် ဗင်းနစ် လို့တင်စားထားတဲ့ Giethoorn ရွာလေးရဲ့ ငြိမ်းချမ်းတဲ့အလှတရားတွေခံစားလိုက်ကြပါစို့။

ခေတ်မီသယ်ယူပို့ဆောင်ရေး လမ်းတွေမရှိတဲ့ Giethoorn ရွာလေး

Credit Photo

သို့သော် ပတ်ပတ်လည်သွားဖို့ လမ်းမရှိလို့တော့မဆိုလိုပါ

Credit Photo

သယ်ယူပို့ဆောင်ရေးအတွက် အသုံးအများဆုံးက ဆူညံသံနည်းတဲ့အင်ဂျင်တပ်လှေများဖြစ်ပါတယ်

Credit Photo

ဒါကြောင့်မို့ ရွာလေးဟာ တိတ်ဆိတ်ပြီး အေးချမ်းသာယာနေပါတယ်

Credit Photo

သင်ကြားနိုင်တဲ့ အကျယ်ဆုံးအသံက ဘဲတစ်ကောင်အော်သံ ( သို့ ) ငှက်အော်သံသာဖြစ်ပါတယ်။

Credit Photo

“ နယ်သာလန်၏ဗင်းနစ်” ဟုလည်းလူသိများသောဤမှော်ကျေးရွာကို ၁၂၃၀ ခန့်တွင်တည်ထောင်ခဲ့ပါသည်၊

Credit Photo

Giethoorn ရွာမှ ပထမဆုံးအခြေချနေထိုင်သူများက ကျင်းများ၊တူးမြောင်းများကိုတူးခဲ့ကြတာပါ၊

Credit Photo

နောက်ဆုံးတော့ ထိုကျင်းများက ရေကန်တွေဖြစ်လာပါတယ်။

Credit Photo

အသစ်တည်ဆောက်ထားသော ကျွန်းများကိုတံတား ၁၇၆ ခုနှင့်ဆက်သွယ်ထားပါသည်၊

Credit Photo

ရွာထဲကဒေသခံတွေကလဲ နွေးထွေးပြူငှာကြပြီး သင့်ကို နတ်သမီးပုံပြင်တွေထဲကလို ခံစားမှုမျိုးရရှိစေမှာပါ၊

Credit Photo

Leave a Comment