ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဘီလီယံခန့်ရှိပြီး အချို့သည်သူတို့၏ ထူးကဲသောစွမ်းရည်များနှင့် အင်္ဂါရပ်များဖြင့် မွေးဖွားလာကြသော်လည်း အချို့သည်ဇွဲရှိမှုနှင့် တီထွင်ဖန်တီးမှုများကြောင့် အသိအမှတ်ပြုခံရကြသည်။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများမှ မယုံနိုင်စရာကောင်းလောက်သောခန္ဓာကိုယ် ပုံစံများကြောင့် အသိအမှတ်ပြုခံရသည့် ထူးကဲသောလူများအကြောင်းကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်နော်။
၁။ ဆွဲဆန့်နိုင်တဲ့ အရေပြားပိုင်ရှင်

ဗြိတိန်နိုင်ငံသား Garry Turner ဟာသူ့ရဲ့ ဆွဲဆန့်နိုင်တဲ့ အရေပြားတွေကြောင့် Elastic Man အဖြစ်လူသိများပါတယ်။ သူ့ရဲ့အရေပြားတွေဟာ ပြောင်းလွယ်ပြင်လွယ်ပြီး ဆွဲဆန့်လိုက်ရင်တော့ ၁၅.၈ စင်တီမီတာအထိကိုရှည်ထွက်လာပါတယ်။ ဒါဟာ Ehlers-Danlos Syndrome ဟုခေါ်သော ရှားပါးရောဂါတစ်မျိုးကြောင့် ဖြစ်ရတာဖြစ်ပါတယ်။
၂။ တစ်ကိုယ်လုံးကိုဖေါက်နိုင်လွန်းသူ

ဘရာဇီးနိုင်ငံမှ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ အီလင်းဒေးဗစ်ဆင်သည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်ဖောက်ခြင်း( နားပေါက်ဖေါက်ခြင်းကဲ့သို့ ) ကို အလွန်အမင်းနှစ်သက်သောကြောင့် ကျော်ကြားသည်။ အီလင်းဒေးဗစ်ဆင်သည် ဂင်းနစ်စံချိန်အား ၁၉၉၇ ခုနှစ်တွင်ရရှိခဲ့ပြီး ထိုအချိန်မှစ၍ ခန္ဓာကိုယ်ပေါ်တွင်ကြိမ် ၄၂၂၅ ကြိမ်ထိုးဖောက်နိုင်ခဲ့သည်။
၃။ မျက်နှာပေါ်တွင် အပေါက် ( တုတ်ချင်းပေါက် ) အများဆုံးလူသား

ဂျာမနီနိုင်ငံမှ Joel Miggler သည်ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူဟာဆိုရင် သူရဲ့မျက်နှာအသားအမျှင်များကို ဥမင်လိုဏ်ခေါင်းများသဖွယ် တုတ်ချင်းပေါက် ဖေါက်ထားတာပါ။ ၂၀၁၄ ခုနှစ် နို၀င်ဘာလအထိသူ၏မျက်နှာပေါ်တွင် အပေါက်ပေါင်း ၁၁ ခု ရှိပါသည်။
၄။ ခန္ဓာကိုယ် တစ်ခုလုံး တက်တူးအများဆုံးထိုးထားတဲ့ အသက်ကြီးဆုံးစုံတွဲ

အမေရိကန်မှ Charles Helmke နှင့် Charlotte Guttenberg ဆိုတဲ့ချစ်စရာကောင်းတဲ့စုံတွဲဟာ တက်တူးထိုးသူရဲကောင်းများဖြစ်ကြပြီးတက်တူးအများဆုံးထိုးထားသည့် အသက်အကြီးဆုံးအဖြစ်စံချိန်တင်ခဲ့တာပါ။ Charles ၏ခန္ဓာကိုယ်သည် ၉၇.၅% တက်တူးထိုးထားပြီး Charlotte က ၉၁.၅% တက်တူးထိုးထားပါတယ်။
၅။ ပါးစပ်အကျယ်ဆုံးလူသား

Francisco Domingo Joaquim လို့ခေါ်တဲ့ အင်ဂိုလာနိုင်ငံမှ လူတစ်ယောက်ဟာ ထူးခြားသောလက္ခဏာတစ်ခုရှိသည်။ သူသည်ကမ္ဘာပေါ်တွင် အကျယ်ဆုံးပါးစပ် အဖြစ်စံချိန်တင်ထားပါတယ်။ သူ့ရဲ့ပါးစပ်ဟာအကျယ်ဆုံးအနေအထားတွင် ၁၇ စင်တီမီတာအထိဖွင့်ဟနိုင်ပါတယ်။သည်။
၆။ ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသားနဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံသားနှစ် ဦးဖြစ်သော Melvin Booth နှင့် Lee Redmond တို့သည် သူတို့ရဲ့ရှည်လျားလှတဲ့ လက်သည်းများကြောင့် ကမ္ဘာပေါ်တွင် လက်သည်းအရှည်ဆုံးဖြစ် အသီးသီးစံချိန်တင်ထားပါတယ်။
၇။ မျက်တောင်မွေး အရှည်ဆုံးအမျိုးသမီး

ဒီစာရင်းထဲမှာပါတဲ့ မယုံနိုင်စရာကောင်းတဲ့နောက်ထပ် တစ်ယောက်ကတော့ တရုတ်နိုင်ငံမှ You Jianxia လို့ခေါ်တဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ သူမဟာ ၁၂.၄ စင်တီမီတာလောက်အထိ ရှည်လျားလှတဲ့ မျက်တောင်မွေးများကြောင့် ကမ္ဘာ့အရှည်ဆုံးမျက်တောင်မွေးပိုင်ရှင် အဖြစ်စံချိန်တင်ထားတာပါ။
၈။ ကမ္ဘာ့အသေးဆုံး ခါးပိုင်ရှင်အမျိုးသမီး

ခါးနှင့်တင်တို့အချိုးအစားကျစွာ လှတဲ့ ခါဒါရှီးယန်း တို့ဟာ သူတို့ရဲ့ အချိုးအစားကျတဲ့ Body Structure ကြောင့်ထင်ပေါ်ကျော်ကြားသလိုဘဲ ယခုအမေရိကန်မှ Cathie Jung လို့ခေါ်တဲ့အမျိုးသမီးတကော့ ခါဒါရှိယန်းနှင့် ပြောင်းပြန် အချင်း ၃၈.၁ စင်တီမီတာသာရှိတဲ့ ခါးလေးကြောင့် ကမ္ဘာ့အသေးဆုံး ခါးပိုင်ရှင်အဖြစ်စံချိန်တင်ထားပါတယ်။
၉။ ကမ္ဘာ့ အရပ်အရှည်ဆုံးလူသားနှင့် အပုဆုံးလူသား

တူရကီနိုင်ငံမှ Sultan Kösen လို့ခေါ်တဲ့ အမျိုးသားဟာ ၈.၂ ပေအထိမြင့်တဲ့ သူ့ရဲ့အရပ်အမောင်းကြောင့် ကမ္ဘာ့အရပ်အရှည်ဆုံးလူသားအဖြစ်စံချိန်တင်ထားသလို အိန္ဒိယမှ Jyoti Amge လို့ခေါ်တဲ့ အမျိုးသမီးဟာ အရပ် ၂ ပေခန့်သာရှိတာကြောင့် ကမ္ဘာ့အရပ်ပုဆုံးလူသားအဖြစ်စံချိန်တင်ထားပါတယ်။
၁၀။ အချိန်အကြာဆုံးနမ်းနိုင်တဲ့ စုံတွဲ

Valentine Day နေ့လေးမှာ သင့်အနေနဲ့ ချစ်ရသူကို အချိန်ဘယ်လောက်ကြာကြာနမ်းခဲ့ဖူးပါသလဲ။ သင်ဘယ်လောက်ဘဲ ကြိုးစားခဲ့ပါစေ ထိုင်းနိုင်ငံမှ Ekkachai နှင့် Laksana Tiranarat တို့ရဲ့စံချိန်တင်အနမ်းနှင့် မနီးစပ်နိုင်သေးပါ။ ၂၀၁၃ ခုနှစ် Valentine Day နေ့၌ထိုစုံတွဲဟာ အရှည်ကြာဆုံးအနမ်းအဖြစ် ဂင်းနစ်စံချိန် ကိုအောင်မြင်ခဲ့ပါသည်။ သူတို့နှစ်ယောက်ရဲ့ အနမ်းဟာ ၅၈ နာရီ၊ ၃၅ မိနစ်နှင့် ၅၈ စက္ကန့်အထိကြာခဲ့ပါသည်။ သင်နဲ့သင့်ချစ်ရသူတို့က သူတို့ထက်သာအောင်လုပ်နိုင်မလား။