ကမ္ဘာ့အကြီးဆုံး အပြည်ပြည်ဆိုင်ရာ သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေး ၏လေ့လာချက်များအရ ကမ္ဘာပေါ်တွင် အပင်မျိုးစိတ်ပေါင်း ၄၂၂၀၀၀ နီးပါးရှိပါတယ်။အမျိုးမျိုးသောပန်းများ၊အပင်များ၊အရောင်များ၊ပုံစံများနှင့်အရွယ်များကို မြင်တွေ့ရသည်က အံ့ဩဖွယ်ကောင်းတဲ့ ဇီ၀မျိုးကွဲတွေပဲဖြစ်ပါတယ်။တစ်ခါတစ်ရံ ပုံမှန်မဟုတ်တဲ့ထူးခြားတဲ့ အပင်များကို မြင်တွေ့ရတဲ့အခါ တစ်ခြားဂြိုလ်ကလာတဲ့အပင်တွေလားလို့တောင်ထင်ရပါတယ်။
(၁)Hydnora africana (ပိုးတောင်မာထောင်ချောက်)
ထိုအပင်ကိုတော့ အာဖရိကတောင်ပိုင်းတွင် အများဆုံးတွေ့ရပါတယ်။၎င်း၏အဓိက အစိတ်အပိုင်းမှာ ဝဖြိုးနေတဲ့ ပန်းပွင့်ပဲဖြစ်ပါတယ်။ထို့အပြင် ၎င်း၏ဆိုးဝါးလှတဲ့အနံများနှင့် သဘာဝ ဝတ်မှုန်ကူးတဲ့သတ္တဝါဖြစ်တဲ့ ပိုးတောင်မာများကိုဆွဲဆောင်ပြီး ပိုးတောင်မာများက ထိုပန်းပွင့်ထဲသို့ဆင်းသက်လိုက်တဲ့အခါမှာတော့ ပန်းပွင့်ထဲမှာ ခေတ္တပိတ်ထားခြင်းခံရပါတယ်။ပြန်လွှတ်လိုက်တဲ့အချိန်မှာတော့ ဝတ်မှုန်ကိုပါယူဆောင်သွားပါတော့တယ်။
(၂)Drosera capensis (Cape Sundew ဟုလည်းလူသိများသည်)
Drosera ဟုခေါ်တဲ့ ထူးဆန်းသော အသားစားအပင်မျိုးစိတ်တစ်ခုဟာ သူတို့၏ဆံပင်လိုမျိုးအရာမှထွက်လာသောစေးကပ်တဲ့ အရာကြောင့် Cape sundewဟုလည်း လူသိများပါတယ်။ညာဘက်ပုံတွင်မြင်ရသကဲ့သို့ ထိုစေးကပ်တဲ့အရည်များက ယင်ကောင်များလာနားရန် ဆွဲဆောင်နေပါတယ်။capensisလို့ခေါ်တဲ့ဒီမျိုးစိတ်ဟာ တောင်အာဖရိကမှာ အစုံလိုက်ရှိနေပြီး အင်းဆက်ပိုးမွှားတွေကိုဖမ်းယူဖို့ ပင်စည်ကိုသူ့ဟာသူခေါက်လိုက်တဲ့အတွက် အထူးခြားဆုံးအသားစားအပင်တစ်မျိုးဖြစ်ပါတယ်။
(၃)Lithops (ကျောက်စရစ်ခဲပင်များသို့မဟုတ်သက်ရှိကျောက်ခဲများ)
Lithopsသည်ကြည့်လိုက်တာနဲ့ ကျောက်စရစ်ခဲများဟုထင်ရပြီး ထိုအပင်များကတော့ အာဖရိကတောင်ပိုင်းတွင်တည်ရှိသောအပင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။
သူတို့ကိုတော့ရှေးခေတ်ဂရိစကားနဲ့ခေါ်ဆိုတာကတော့ “ကျောက်ပုံသဏ္ဌာန်နှင့်တူသည်” ဟုအဓိပ္ပာယ်ရပါတယ်။ထို့အပြင်မျိုးစိတ်တစ်ခုစီတိုင်းမှာလည်း ကွဲပြားခြားနားသောအရောင်များနှင့်ပန်းများလည်းရှိပါတယ်။
(၄)Rafflesia arnoldii (ကမ္ဘာ့အကြီးဆုံးပန်း)
Rafflesia arnoldii ကိုအင်ဒိုနီးရှားနိုင်ငံ၏စိုစွတ်သောသစ်တောများတွင်တွေ့နိုင်ပြီး အချင်းတစ်မီတာနီးပါးနှင့်အလေးချိန် ၁၁ ကီလိုဂရမ်ရှိပါတယ်။၎င်းကို ကမ္ဘာ့အကြီးဆုံးပန်းပွင့်ဟု ခေါင်းစဉ်မတပ်ချင်လျှင် အချစ်ပန်းပွင့်ဟုပြောလို့ရပါတယ်။ထို့အပြင် ဝတ်မှုန်ကူးသောအကောင်များကို ဆွဲဆောင်သည့်ပြင်းထန် သောအနံဆိုးများလည်း ထွက်လေ့ရှိပါတယ်။
(၅)Dracunculus vulgaris (နဂါးနှင်းဆီ)
Balkanဒေသတွင်ရှိသော ကြီးမားသည့်ပင်စည်၊ဝတ်မှုန်ဖို
နှင့်ဝတ်မှုန်မ နှစ်မျိုးလုံးပါရှိသည့် ခရမ်းရောင်အစက်အပြောက်ကြီးဟာ ထိုအပင်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။၎င်းကို dragon arum, black arum, voodoo lily, snake lily, black dragon, or dragonwort စသည်ဖြင့်အမျိုးမျိုးခေါ်ကြပါတယ်။ထို့အပြင် ဝတ်မှုန်ကူးကောင်များကိုဆွဲဆောင်သည့်အနံမှာ ပုပ်နေသောအသားကဲ့သို့ အနံနှင့်ဆင်တူပါတယ်။