ခေါင်းပေါ်ကို ကြောင်ပြုတ်ကျလာတာကြောင့် သတိလစ်ပြီး ဆေးရုံ ၂၃ ရက်တက်လိုက်ရတဲ့အမျိုးသား

credit photo

တရုတ်နိုင်ငံမှအဖိုးကြီးတစ်ဦးဟာသူ့ရဲ့ခွေးနဲ့အတူလမ်းလျောက်ထွက်ရင်းထူးထူးဆန်းဆန်းနဲ့ကံဆိုးတဲ့အဖြစ်ကိုကြုံလိုက်ရပါတယ်။ Gao Fenghuaလို့အမည်ရတဲ့ ထိုအဖိုးအိုဟာHeilongjiang ပြည်နယ်အတွင်းကစီရင်စုတစ်ခုရဲ့ လူသွားစင်္ကြန်အပေါ်မှာ သူ့ရဲ့ရွှေရောင်ခွေးလေးနဲ့အတူလမ်းလျောက်ထွက်လာခဲ့ပါတယ်။

ထိုသို့လမ်းလျောက်နေတဲ့အချိန်အတွင်းကြောင်တစ်ကောင်ရဲ့ထိုအဖိုးအိုရဲ့ခေါင်းအပေါ်ကိုကျလာခဲ့ပါတယ်။လုံခြုံရေးကင်မရာမှမြင်ရတဲ့မှတ်တမ်းအရသူ့ရဲ့ခေါင်းပေါ်ကိုကြောင်ကျလာပြီးနောက်သူဟာမြေပြင်သို့ပျော့ခွေကာလဲကျသွားခဲ့ပါတယ်။ထိုအချိန်မှာသူ့ရဲ့ခွေးလေးကတော့စင်္ကြန်ဘေးနားကမြက်ခင်းပေါ်မှာရှိနေခဲ့ပြီး ခဏကြာပြီးနောက်မှာတော့သူ့ရဲ့သခင်ကိုလာရောက်ကြည့်ရှုစစ်ဆေးနေခဲ့ပါတယ်။ထို့နောက်သူဟာကြောင်တစ်ကောင်အဆောက်အဦးရဲ့ဝင်ပေါက်နားမှာရှိနေတာကိုသတိပြုမိသွားပြီးချဉ်းကပ်သွားပြီးကြောင်နဲ့တိုက်ခိုက်နေခဲ့ပါတယ်။

credit photo

ထို့နောက်လမ်းသံားလမ်းလာများကလဲကျနေတဲ့အဖိုးကိုနားကိုအုံပြီးရောက်လာကြပါတယ်။The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ အဖိုးအိုဟာဆေးရုံး၂၃ရက်တက်ခဲ့ရပြီး နည်းနည်းပြန်သက်သာလာချိန်မှာတောင်လည်းပင်းအစွတ်ကိုဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။အဖိုးအိုရဲ့ပြောပြချက်အရယခုအချိန်ထိဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။ဖော်ပြချက်များအရထိုကြောင်ဟာအဖိုးအိုရဲ့အိမ်နီးချင်းတစ်ဦးရဲ့ကြောင်ဖြစ်ကာ သူ့အိမ်ရဲ့လသာဆောင်ကနေပြုတ်ကျလာတာဖြစ်ပါတယ်။

credit photo

ထိုအိမ်နီးချင်းရဲ့နာမည်ကတော့ Yu ဖြစ်ပြီးသူဟာသူ့ကြောင်ပျောက်နေတာကိုမသိခဲ့ဘဲ အခြားသူတွေကလသာဆောင်ကပြုတ်ကျလာကြောင်းအသိပေးတဲ့အခါမှာသာသူသိခဲ့ရတယ်လို့ဆိုပါတယ်။သူ့အနေနဲ့ စီစီတီဗီကိုပြန်ကြည့်တဲ့အခါမယုံနိုင်လောက်အောင်အံ့ဩသွားခဲ့ပြီး ရဲတွေကသူ့ရဲကြောင်ကိုသေချာပြန်ထိန်းသိမ်းဖို့သတိပေးခဲ့ပါတယ်။သတင်းတွေရဲ့ဖော်ပြချက်အရ Gao နဲ့ Yu ဟာလျော်ကြေးကိစ္စတွေအတွက်ညှိနှိုင်းနေကြတယ်လို့ဆိုပါတယ်။

Leave a Comment