ရည်းစား(၃၅)ယောက်ထားပြီး မွေးနေ့လက်ဆောင် တစ်နှစ်ကို (၃၅) ခါရယူခဲ့တဲ့အမျိုးသား

Takashi Miyagawa လို့ခေါ်တဲ့ ဂျပန်အမျိုးသားတစ်ဦးဟာ တစ်ချိန်ထဲမှာပဲ အမျိုးသမီး ၃၅ ယောက်ရဲ့အချစ်ကို ရယူပြီး လိမ်လည်ကာ မွေးနေ့လက်ဆောင် တစ်ယောက်ကို တစ်ခု တောင်းခံခဲ့တာကြောင့် အဖမ်းခံခဲ့ရတဲ့ ဖြစ်စဉ်ဟာ သင်နေ့စဉ်ကြားဖူးနေကြ အဖြစ်အပျက်တွေနဲ့မတူဘဲ ထူးခြားနေမှာပါ။

ထိုအမျိုးသားဟာ ၃၅ ယောက် စလုံးနဲ့ တကယ်ကို ချစ်ကြိုးသွယ်ခဲ့ပြီးတော့ ပိပိရိရိလှည့်ဖျားနိုင်ခဲ့ပါတယ်။ Miyagawa ဟာ Kansai လို့ခေါ်တဲ့ ဂျပန်ပြည်က မြို့တစ်မြို့ကဖြစ်ပြီး အချိန်ပိုင်းအလုပ်သမား တစ်ယောက်လဲ ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ ရည်းစားအမျိုးသမီးတွေကို မွေးနေ့အမျိုးမျိုးပြောထားပြီး မွေးနေ့လက်ဆောင်တွေ Birthday Card တွေပေးအောင် လှည့်ဖျားပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ မွေးနေ့အမှန်က November 13 ရက်နေ့ဖြစ်ပေမယ့် သူ့ရဲ့ 47 နှစ်အရွယ် လက်တွဲဖော်အမျိုးသမီးကို February 22 ရက်ဖြစ်တယ်လို့ပြောထားပြီး နောက်တစ်ယောက် အသက် ၄၀ အရွယ် အမျိုးသမီးရည်းစားကိုတော့ July မှာမွေးနေ့ရှိတယ်လို့ပြောထားပါတယ်။ တတိယမြောက်အမျိုးသမီးကတော့ အသက် ၃၅ နှစ်ရှိပြီး Miyagawa ရဲ့မွေးနေ့ဟာ April မှာဖြစ်တယ်လို့ ထင်နေတုန်းပါ။

SoraNews24 သတင်းဌာနအရ လိမ်လည်လှည့်ဖြားချင်းခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ လက်ရှိအချိန်ထိ စုစုပေါင်း ၃၅ ယောက်ရှိတယ်လို့ သိရပါတယ်။ ထိုအမျိုးသမီးတွေထဲက တစ်ဦးဟာဆိုလို့ရှိရင် သူမက စတာလင်ပေါင် ၆၆၅ (မြန်မာငွေကျပ် ၁၂ သိန်းခန့် ) တန်ဖိုးရှိ မွေးနေ့လက်ဆောင်တွေ ငွေကြေးတွေနဲ့ အဝတ်အထည်တွေ ပေးခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။

ထိုအမျိုးသားဟာ ရေချိုးခန်းသုံးပစ္စည်းရောင်းတဲ့ကုမ္ပဏီမှာ အလုပ်လုပ်ရင်း သူ့ရဲ့ အမျိုးသမီးတွေကို တွေ့ခဲ့တာပါ။ ထပ်မံစုံစမ်းချက်တွေအရ သူဟာ တစ်ယောက်ထဲဖြစ်နေတဲ့ အမျိုးသမီး အသက်ကြီးပိုင်းတွေကို ရည်ရွယ်ချက်ရှိရှိချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ တစ်ချိန်ကျရင် အတူတူလက်ထပ်ကြမယ်ဆိုပြီး လှည့်ဖျားသွေးဆောင်ပါတယ်။ တစ်ရက်မှာတော့ ကံဆိုးစွာပဲ သူ့ရည်းစားတွေထဲကတစ်ယောက်က စတင်သတိထားမိပြီး တစ်ခြားအမျိုးသမီးတွေနဲ့ ချိတ်ဆက်မိကာ ရဲ ကို ဖေဖော်ဝါရီလမှာ အကြောင်းကြားနိုင်ခဲ့တာပါ။

အခုတော့ မွေးနေ့လက်ဆောင်တွေအများကြီးရတဲ့ မောင် ကံကောင်းလေးဟာ တရားခွင်မှာလဲ အမှုတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာမို့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံလို့ပဲအောက်မေ့ရတော့မှာပါ။

Leave a Comment