ဖေဖေတို့နဲ့ သမီးလေးတွေရဲ့ကြားထဲမှာ ထူးခြားတဲ့ ဆက်နွယ်မှုလေးရှိတတ်ကြပါတယ်။ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ အဖေနဲ့သမီးအပြင် အကောင်းဆုံးသူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။ အဖေတစ်ယောက်ဟာ သမီးလေးအပေါ် စိတ်ပါလက်ပါ စောင့်ရှောက်ပေးတဲ့ မြင်ကွင်းလေးတွေဟာ အင်မတန်မှကို နွေးထွေးပြီး ချစ်ဖို့ကောင်းလှပါတယ်။ သူတို့ရဲ့ မင်းသမီးလေးတွေကို အင်မတန်မှ နူးနူးညံ့ညံ့ ငြင်ငြင်သာသာ စိတ်ရှည်ရှည်နဲ့ ဆက်ဆံလေ့ရှိကြပါတယ်။
ဒီလိုမျိုးပဲ သမီးလေးအပေါ်ကို အရမ်းချစ်တတ်တဲ့ ဖေဖေ တစ်ယောက်ကတော့ သူနဲ့ သူ့သမီးလေးတို့ရဲ့ ထူးခြားတဲ့ အချိန်လေးတွေကို မှတ်တမ်းတင်ကာ အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။ ဒီဖေဖေကတော့ စိတ်ကူးစိတ်သန်းကောင်းလှပြီး သူ့ရဲ့ပုံလေးတွေကို ဟာသဆန်ဆန် ချစ်စရာကောင်းလှတဲ့ ပုံလေးတွေအဖြစ် ပြောင်းလဲပစ်ခဲ့ပုံကို ကြည့်ရှုခံစားလိုက်ကြရအောင်နော်။
၁။ ပန်းပင်လေး ရှင်သန်ကြီးထွားလာအောင်လို့

၂။ အစ်မ လိုင်စင်လေးပြပါဦး

၃။ သမီးလေးနဲ့အတူ ဆံပင်ကောက်

၄။ ကြောင်လေးနဲ့ ချည်ထိုး

၅။ မွန်းစတားကြီးလာပြီ ဖေဖေကြောက်တယ်

၆။ ပျားကြီး လိုက်လာပြီ

၇။ သမီးလေးရဲ့တီးဆိုင်မှာ တီးဝင်သောက်

၈။ သမီးလေးအတွက် ရေသူမ လုပ်ပေးလိုက်တယ်

၉။ ဖေဖေနဲ့အတူတူ အဝတ်လှမ်းကြမယ်

၁၀။ Cheer Leader လုပ်ပုံ သင်ပေးနေတာ

၁၁။ သမီးလေးကို အကုန်ဝယ်ပေးလိုက်တာ ဆီထည့်ဖို့တောင် မကျန်တော့ဘူး

၁၂။ သိပ္ပံပညာရှင်ကြီးတွေ ဓာတ်ခွဲစမ်းသပ်နေတာ

၁၃။ သမီး… မျက်လုံးမှာ ကပ်ရမှာလေ

၁၄။ ဖေဖေနဲ့သမီးလေး စခန်းချခရီးထွက်

၁၅။ ဟ မြှားမံသွားပြီ

၁၆။ ဖေဖေတို့ရဲ့ စူပါဟီးရိုးဘောင်းဘီက လျှော်ထားလို့

၁၇။ လေယာဉ်မှူးနဲ့ လေယာဉ်မယ်တို့ အလုပ်ရှုပ်နေပုံ

၁၈။ စာပို့တမ်း ဆော့ကြမယ် ဖေဖေက စာပို့သမား

၁၉။ သမီးလေးအတွက် Snow White မင်းသမီးလုပ်ပေးနေတာ

၂၀။ ဒိုင်နိုဆောဥ ကြော်စားမယ်
