တစ်စုံတစ်ယောက်ကို ချစ်နေရတာ အံဩပျော်ရွှင်ဖွယ်ကောင်းပါတယ်။ကိုယ်ချစ်နေတယ်ဆိုတာ သူ့ကို ပြောပြရုံတင်မကပဲ ချစ်ကြောင်း မပြသပဲ ချစ်နေရတာလည်း ကောင်းပါတယ်။နောက်ဆုံးအနေနဲ့ ချစ်ခြင်းမေတ္တာဆိုတာ နေ့စဉ်စုံတွဲ တစ်တွဲ အချင်းချင်းမျှဝေကြတဲ့အရာလေးတစ်ခုပါပဲ။မင်းရဲ့ခံစားချက်ကိုပြသဖို့ ချစ်တယ်လို့ ပြောစရာမလိုပါဘူး နေ့တိုင်းပုံစံအမျိုးမျိုးနဲ့ပြနိုင်ပါတယ်။
(၁)ချီးကျူးစကားလေးများ

အကြောင်းမရှိပဲ ခံစားမိစေချင်တဲ့အခါ သူတို့အတွက်ကောင်းတဲ့အရာလေးတွေကို ပြောပြီး သူတို့ကို ပြုံးပေးလိုက်ပါ။သူတို့ရဲ့ရုပ်ရည်၊ ချက်ပြုတ်မှု၊ ဘာပဲဖြစ်ဖြစ်ချီးကျူးပေးပါ။သူ့ကို မင်းရဲ့အချစ်နဲ့အပြုံးကို ခံစားမိစေပါလိမ့်မယ်။
(၂)သူတို့ရဲ့လက်ကို ကိုင်ထားပေးပါ

သင့်ချစ်ရသူရဲ့လက်ကိုသာ ဆုပ်ကိုင်ထားပေးပါ၊ဘယ်လိုအခြေနေဖြစ်ဖြစ် ချစ်သူအချင်းချင်းမင်းအတွက်ငါအမြဲရှိနေသလိုမျိုးပေါ့ ။ လက်ကို ကိုင်ထားဖို့ ဘာအကြောင်းပြချက်မှမလိုပါဘူး ။ဒါဟာ မင်းရဲ့အချစ်မေတ္တာကိုဖော်ပြပေးပြီး လက်ကိုင်ထားချင်းဟာ စကားလုံးတွေထက် နူးညံတဲ့အပြုမူတစ်ခုပါ။
(၃)အကြိုက်ဆုံးအစားအစာချက်ပြုတ်ပါ

သင်ချစ်သောသူများအတွက်ချက်ပြုတ်ရန် အထူးအချိန်ကောင်းတစ်ခုမလိုအပ်ပါဘူး။သူတို့မမျှော်လင့်ပဲ ရလိုက်ရတဲ့အခါ အံဩစရာဖြစ်စေပါတယ်။
(၄)ပွေ့ဖက်ပေးခြင်း

ငါတို့ရဲ့ဘဝမှာ အရေးပါဆုံးလူတွေတောင်မှ ငါတို့နဲ့ ဝေးကွာလာတတ်ကြပါတယ်။ချစ်ရတဲ့သူတွေကို ပွေ့ဖက်ထားခြင်းအားဖြင့် ငါတို့ခံစားရတဲ့အရာ အားလုံးကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြပေးနိုင်ပါတယ်။
(၅)ကျေးဇူးတင်စကားပြောပေးပါ

သင့်ရဲ့ချစ်ခြင်းမေတ္တာ၊ တန်ဖိုးထားမှုကိုဖော်ပြဖို့ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ကျွန်တော်တို့ အားလုံးဟာ ကျွန်တော်တို့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတယ်ဆိုတာကို တန်ဖိုးထားလေးစားမှုကို ခံချင်ကြပါတယ်။
(၆)ထောက်ခံ အားပေးပါ

လူတိုင်းနီးပါး အမှားတွေပြုလုပ်မိတတ်ကြပါတယ်။ဒါကြောင့် သူတို့ခက်ခဲနေသည့်အချိန်တွေမှာ အနားမှာ ချစ်ခင်ရတဲ့သူတွေအနားမှာရှိစေဖို့ အရေးကြီးပါတယ်။သင်သူတို့ကို သတိပေးခဲ့ဖူးတယ်ဆိုရင်တောင် “ငါနင့်ကိုပြောဖူးသားပဲ”ဟူသော ရှေးဆန်တဲ့စကားများကို မပြောမိဖို့ ရှောင်ကြဉ်ပါ။အဲ့ဒီအစား ကိုယ်လည်း အမှားကနေပြန်သင်ယူနေရပါတယ်လို့ပြောခြင်းဖြင့် သင့်ရဲ့ထောက်ခံပေးမှုကို ပြသပေးပါ။
(၇)အရင်ဆုံး စခေါ်ပေးပါ

သူ့ကိုဖုန်းခေါ်ပါ၊ ဒါမှမဟုတ် နှုတ်ဆတ်ချင်ရုံသက်သက် ဖုန်းခေါ်ပါ၊ မက်ဆေ့ခ်ျပို့ပါ၊ ဟာသလေးတွေပြောပြပါ ဖြစ်ပျက်ခဲ့တာတွေကိုပြောပြပါ၊ သူတို့ဘယ်လိုနေပြီး ဘာတွေလုပ်နေလဲဆိုတာ မေးပေးပါ။
(၈)ဂရုစိုက်ပေးပါ
သူ့ကို သိစေအောင်နည်းနည်းဖော်ပြပေးပါ။သူတို့ နေမကောင်းဖြစ်တဲ့အချိန်ဖြစ်ဖြစ် ဒါမှမဟုတ် တခြားတစ်ခုခုဖြစ်နေရင် ဂရုပိုစိုက်ပေးလိုက်ပါ။သူ့ရဲ့အဝတ်တွေကိုသန့်ရှင်းအောင်လုပ်ထားပေးပြီး အလုပ်အတွက်နေ့လည်စာကိုပြင်ဆင်ပေးတာမျိုး စတဲ့ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေကသင်ဂရုစိုက်တာကို ထင်ရှားစွာဖော်ပြပေးစေပါတယ်။
(၉)ဂရုစိုက်ဦးနော် လို့ပြောပေးပါ
ဒီစကားလုံးဟာ ငါမင်းကိုချစ်တယ်လို့ပြောတာနဲ့အတူတူလောက်ပါပဲ။တစ်စုံတစ်ယောက်အား “သတိထားပါ” ဟုပြောခြင်းအားဖြင့်သူတို့ကမင်းအတွက်အရေးကြီးကြောင်းသူတို့ကိုသိစေနိုင်ပြီ သင်ဟာ သူတို့ကို ဘေးကင်းလုံခြုံဖို့လိုအပ်ကြောင်း ခံစားမိစေပါတယ်။
(၁၀)အချိန်ပေးပါ

အခုခေတ်ဟာ အမြဲတမ်းရုန်းကန်လှုပ်ရှားသွားလာနေရတာ အမှန်ပါပဲ။ဒါပေမယ့် သင်ဘယ်လောက်ပဲအလုပ်များနေပါစေသင်ချစ်တဲ့သူတွေအတွက်အချိန်အမြဲပေးသင့်ပါတယ်။နောက်ဆုံးအနေနဲ့ အချိန်မပေးမိပဲပျောက်သွားခြင်းဟာ ဝေးကွာစေနိုင်ပြီး အချိန်ပေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။