‘Spider-Man: No Way Home’ ကို ၂၉၂ ကြိမ်ကြည့်ရှုပြီး ဂင်းနစ်စံချိန်တင်ခဲ့တဲ့အမျိုးသား

ဖလော်ရီဒါမှ အမျိုးသားတစ်ဦးဟာ “Spiderman – No Way Home ” ကို ၂၉၂ ကြိမ်မြောက်ကြည့်ရှု့ပြီး ဂင်းနစ်စံချိန်သစ်တင်သွားခဲ့ပါတယ်။

ယခင်တုန်းက ” Avengers – End Game ” ကို ၁၉၁ ကြိမ်ကြည်ရှုခဲ့တဲ့ Ramiro Alanis ဟာ  ရုပ်ရှင်တစ်ခုထဲကို ရုပ်ရှင်ရုံများစွာမှာ အများဆုံးကြည့်ရှုနိုင်သူအဖြစ် ၂၀၁၉ မှာ စံချိန်တင်ခဲ့ဖူးပါသေးတယ်။ သို့သော်လည်း ၂၀၂၁ မှာတော့ Arnaud Klein ဟာ “Kaamelott; First Installment “ဆိုတဲ့ဇာတ်ကားကို ၂၀၄ ကြိမ်တိုင်အောင် ကြည့်ရှုပြီး Alanis ကိုကျော်လွန်ကာ ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ သတင်းများအရ သိရှိခဲ့ရပါတယ် ။

အဲဒီစံချိန်ကို ကျော်လွန်နိုင်ဖို့ Alanis တစ်ယောက် ၂၀၂၁ ဒီဇင်ဘာ ၁၆ရက်ကနေ ၂၀၂၂ မတ်လ ၁၅ရက် အတွင်း “Spiderman ” အဆက် နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်ကို ရက်ပေါင်း ၃၀ ဒါမှမဟုတ် နာရီပေါင်း ၇၂၀ ကို သုံးကာ ကြည့်ရှုခဲ့ပါတယ် ။ သူ့ကြိုးစားမှုရဲ့ မှတ်တမ်းတင်ထားတဲ့ ပထမအပတ်မှာတော့ သူဟာ တစ်ရက်ကို ငါးကြိမ် ရုပ်ရှင်ကို အပြန်အလှန် ကြည့်ရှုခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စံချိန်အသစ်တင်နိုင်ဖို့ သူဟာ ရုပ်ရှင်လက်မှတ်ဖိုး ဒေါ်လာ ၃၄၀၀ နဲ့ အချိန် သုံးလကျော်လောက် သုံးခဲ့ရတယ်လို့လည်း Alanis ကခန့်မှန်းထားခဲ့ပါတယ်။

ဂင်းနစ်မှတ်တမ်းအဆိုအရ သူဟာ သူ့အဘွား Juany ကို ဂုဏ်ပြုတဲ့အနေဲ့ ဒီစံချိန်ကို ချိုးနိုင်ဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။ ” သူမက ကျွန်တော့်ကို ထိပ်ဆုံးက အားပေးတဲ့သူဖြစ်ပြီး ဒီစံချိန်ကို ထိန်းထားချင်တယ်လို့ ” လည်း ပြောခဲ့ပါသေးတယ်။

မှတ်တမ်းတင်နိုင်ဖို့အတွက် စံနှုန်းတွေကတော့ ” ရုပ်ရှင်ကြည့်နေစဉ်အတွင်း တခြားဘာမှမလုပ်ရဘဲ ရုပ်ရှင်ကိုသာ လွတ်လွတ်လပ်လပ် ကြည့်ရမယ် ” လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် Alanis ဟာ ရုပ်ရှင်ကြည့်နေချိန် ဖုန်းသုံးတာ တရေးအိပ်တာ တို့အပြင် အပေါ့အပါးတောင် ထမသွားနိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူဟာ မိသားစုနဲ့ အလုပ်တာဝန်များကြားမှာတောင် ရုပ်ရှင်ကြည့်ဖို့ ကြံဖန်စီစဉ်ခဲ့ပါသေးတယ် ။ ရုပ်ရှင်ကို အကြိမ်ရေ ရာနဲ့ချီပြီး ကြည့်ပြီးတဲ့နောက် Alanis ဟာ ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းကို အလွတ်ရလာခဲ့ပြီး ဒိုင်ယာလော့အတိုင်း တသွေမတိုင်း လိုက်ပြောလာနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ရုပ်ရှင်ထွက်ပြီး သုံးလအကြာ သူ့ရဲ့နောက်ဆုံးအကြိမ် ကြည့်ရှုမှုကို ရုပ်ရှင်ရုံအလွတ်ထဲမှာ ကြည့်နေတုန်း ဇာတ်ကား ဒိုင်ယာလော့တွေကို အလွတ် အကျယ်ကြီး အော်ပြောခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Tom Holland နဲ့ ဆုံခဲ့ရတယ့် Alanis ကတော့ သူ့အကြိုက်ဆုံး ပီတာပါကာနေရာရဲ့ သရုပ်ဆောင်မှုကို ” Spiderman – No Way Home ” မှာ Andrew Garfield က ပြန်လည်ပါဝင်ရိုက်ကူးထားမှန်း သတိထားမိခဲ့ပါတယ်။ သရုပ်ဆောင် Tobey Maguire ကိုလည်း ပီတာပါကာ အနေနဲ့ ပိတ်ကားအထက်မှာ ပြန်လည် တွေ့မြင်ခဲ့ရပါတယ်တဲ့။ Alanis ကတော့ ” ဒါဟာ Andrew Garfield နဲ့ သူ့ရဲ့ အမှားတွေကို ပြန်လည် ပြုပြင်ပြီး အတားအဆီးတွေကို ကျော်ဖြတ်ကာ ကမ္ဘာကြီးကို ပြန်ကယ်တင်ခဲ့တဲ့ ကား ” လို့ ဆိုထားပါတယ် ။

Leave a Comment