သင့်လမ်းလျှောက်ပုံကဖော်ပြပေးမယ့်သင့်ရဲ့အကြောင်း

ကျန်းမာရေးကျွမ်းကျင်သူ Caleb Backe မှ ၂၀၁၇ ခုနှစ်တွင်ပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ခုအရလမ်းလျှောက်မြန်နှုန်းနှင့်
စတိုင်များကို The Big 5 ၏စရိုက်လက္ခဏာများနှင့်နှိုင်းယှဉ်ခဲ့ပါတယ်။စရိုက် လက္ခဏာများစွာရှိသည့် အနက် သင့်ရဲ့လမ်းလျောက်ပုံဟာ ဘယ်အရာနဲ့တူနေမလဲဆိုတာကိုဆက်၍ဖတ်ကြည့်လိုက်ရအောင်။

(၁)အလုပ်အမှုဆောင်

What the Way You Walk Reveals About Your Personality

သင်သာအလုပ်အမှုဆောင်တစ် ဦး ဖြစ်ပါကအများအားဖြင့်မြန်ဆန်ပြီးအာရုံစူးစိုက်ပြီး လျင်မြန်စွာလမ်းလျှောက်နိုင်ပါတယ်။ခေါင်းကိုမော့ပြီးယုံကြည်မှုရှိရှိလျှောက်လမ်းကာ သင်၏အကြံအစည်များကို တွေးတောစဉ်းစားလေ့ရှိပါတယ်။ထိုအမှုဆောင်များက ဘေးနားပတ်လည်တွင်ရှိတဲ့လူများကို စိတ်ထဲထားလေ့မရှိပဲ မကြာခဏဆိုသလို အခြားသူများနှင့်တိုက်မိလေ့ရှိပါတယ်။ထို့အပြင်သင်ဟာရည်မှန်းချက်ကို ဦး တည်ပြီးကြီးမားတဲ့ ပြသနာတွေကို ဖြေရှင်းတတ်သူဖြစ်ပါတယ်။

(၂)အမှားပြန်လည်ပြင်ဆင်သူ(The corrector)

What the Way You Walk Reveals About Your Personality

အကယ်၍ သင်ဟာ corrector တစ်ဦး ဖြစ်ပါက ‌လမ်းလျောက်သည့်အချိန်တွင် ခြေလှမ်းစိတ်စိတ်လျောက်တတ်ပါတယ်။သင့်ပတ်ဝန်းကျင်က လူများနှင့် မျက်စိလုံးခြင်း ဆုံမိခြင်းကိုလည်း ရှောင်ကြဉ် တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ correctorများဟာ ပုံမှန်အားဖြင့် လူများကြားတွင် တိတ်ဆိတ်စွာနေတတ်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေတတ်ကြပါတယ်။

(၃)နိုင်ငံရေးသမား(the politician)

What the Way You Walk Reveals About Your Personality

အကယ်၍ သင်ဟာ နိုင်ငံရေးသမား တစ်ယောက်ဖြစ်ပါက ခေါင်းကို မော့ ၊ ရင်ဘတ်ကိုကော့ ပြီး ပခုံးအနေထားကျကျ လမ်းလျောက်တတ်ပါတယ်။သင့်ကို အသိမှတ်ပြုခြင်း ၊ ကျေးဇူးတင် လေးစားခြင်းကို အလိုရှိတတ်ပါတယ်။သင်ဟာ စိန်ခေါ်မှုများ နှင့် အတွေ့ကြုံသစ်များ ရရှိ ရှာဖွေခြင်းကို နှစ်သက်သော်လည်း ပျင်းရိတတ်ပါတယ်။သင်ဟာ စကားပြောဆိုရာ၌ ကိုယ့်ကို ယုံကြည်မှုရှိပြီး လူများစွာနှင့် ထိတွေ့ ဆက်ဆံခြင်းကို နှစ်သက်ပါတယ်။

(၄)စိုးရိမ်ပူပန်တတ်သူ (the worrier)

What the Way You Walk Reveals About Your Personality

အကယ်၍သင်ဟာ စိုးရိမ်ပူပန်တတ်တဲ့သူတစ်ယောက်ဖြစ်ပါက လမ်းလျောက်လျှင် အလွန်နှေးစွာလျောက်ပြီး သတိကြီးစွာ လျောက်တတ်ပါတယ်။သင်ဟာ ပုံမှန်အားဖြင့် ခြေလှမ်းတိုတောင်းသော်လည်း လျောက်သည့်အခါ ခြေထောက်ပွတ်တိုက်ပြီး လျှောက်တတ်ပါတယ်။စိတ်ပူပန်တတ်သူများဟာ ယေဘုယျ အားဖြင့် မြေကြီးကိုကြည့်ကာလှမ်းလျောက်တတ်ပြီး မငြိမ်သက်ဖြစ်နေပုံပေါ်ပါတယ်။နောက်ပိုင်း စိတ်ပူပန်သူများက လူများအမြင်မှာ စဉ်းစားတွေးတောနိုင်သလို ဖြစ်နေပေမဲ့ တကယ်တမ်းကတော့ ကြောက်ရွံတတ်ပြီး စိတ်အားငယ်သလိုဖြစ်နေတတ်ပါတယ်။

(၅)အေးဆေးနေတတ်သူ (The chillers)

What the Way You Walk Reveals About Your Personality

Chillerများဟာ ပေါ့ပါးသွက်လက်စွာ လမ်းလျောက်တတ်သူများဖြစ်ကြပါတယ်။သူတို့ဟာ များသောအားဖြင့် လမ်းလျောက်နှေးတတ်သော်လည်း ခြေလက်ရမ်းကာ ခန္ဓာကိုယ်အနေထားကို ဖြေလျော့ပြီး အေးဆေးလမ်းလျောက်တတ်ကြပါတယ်။သူတို့ရဲ့ ကိုယ်အမူယာဟာ အသေးစိတ်ပြီး သူတို့စိတ်ထဲ၌ ဘာကိုဆိုလိုချင်လဲဆိုတာ သိသာစေပါတယ်။အကယ်၍သင်ဟာ အေးဆေးသွက်လက်တဲ့သူတစ်ယောက်ဖြစ်ပါက ကိုယ့်ကိုကိုယ်ထက် တခြားသူများကို ပိုအာရုံစိုက်တတ်ပါတယ်။သင်ဟာ အလွန်အေးဆေးတည်ငြိမ်ပြီး ထိုးထွင်းစဉ်းစားတတ်ပေမဲ့ အခြားသူများရဲ့ အလွယ်တကူလွမ်းမိုးခြင်းကို ခံရတတ်ပါတယ်။

Leave a Comment