နှစ် ၁၀၀ ပြည့်မွေးနေ့မှာ ထောင်ထဲသွားခဲ့တဲ့ အဘွားအို
Credit Photo
သင့်အနေနဲ့ရော နှစ်၁၀၀ပြည့်မွေးနေ့ကိုဘယ်လိုဖြတ်သန်းချင်ပါသလဲ?ဘိုးဘွားရိပ်သာမှာဘဲ လက်ဖက်ရည် ကိတ်မုန့်တွေကိုစာသုံးကြပြီး မွေးနေ့ပွဲကိုဖြတ်သန်းနေမှာလား? မြောက်ကာရိုလိုင်းနားပြည်နယ် ၊ရော့ဘိုရိုမှ အဘွားအိုကတော့ ဒီအရာတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။သူကတော့ မွေးနေ့မှာအဖမ်းခံချင်ခဲ့တာပါ။
Credit Photo
ရုသ်ဘရိုင်ယန် လို့ခေါ်တဲ့ထိုအဘွားအိုကတော့သူရဲ့ နှစ်၁၀၀ပြည့်မွေးနေ့မှာထောင်ရဲ့ အတွင်းပိုင်းကို သွားရောက်ကြည့်ရှု့ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာပါ။ဒါကြောင့်မို့ သူရဲ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းများကတော့ သူမနေထိုင်ရာ Cambridge Hills Assisted Living Center မှာသူမရဲ့ မွေးနေ့ပွဲကိုကျင်းပဖို့ စုရုံးနေကြပေမယ့် သူမကတော့အဲဒီ နေရာမှာရှိမနေခဲ့ပါဘူး။
Credit Photo
အကြောင်းကတော့ ဒေသတွင်း ဥပဒေစိုးမိုးရေးအဖွဲ့တွေက သူမနေထိုင်ရာနေရာကနေထောင်အတွင်းသို့ခေါ်ဆောင်သွားတာကြောင့်ဘဲဖြစ်ပါတယ်။ သူမဟာအကျဉ်းအခန်း၌မိနစ်အနည်းငယ်ကြာနေပြီး ဒီနေရာမှာတော့ သူမရဲ့မွေးနေ့ပွဲကိုေတာ့ မွေးနေ့ကိတ်တွေနဲ့ ကျင်းပခဲ့ရတာတော့မဟုတ်ပါဘူး။
Credit Photo
ဒါပေမယ့်သူမအရမ်းလိုချင်တဲ့ လိမ္မော်ရောင် ထောင်ဝတ်စုံကိုတော့မွေးနေ့လက်ဆောင်အဖြစ်ရခဲ့ပါတယ်။ ရုသ်ဘရိုင်ယန်ဟာ ရယ်မောကခုန်လျက် “ ငါအခုထောင်ထဲမှာနေနရပြီ၊နောက်ဆုံးတော့ငါအရောက်လာနိုင်ခဲ့ပြီ”လို့ဂုဏ်ယူစွာပြောနေပါသေးတယ်။သူမရဲ့ လေ့လာစမ်းသပ်မှုတွေပြီးတဲ့နောက်မှာတော့ နေထိုင်ရာဘိုးဘွားရိပ်သာကိုပြန်လာခဲ့ပြီး မူလအတိုင်း သူငယ်ချင်း၊ဆွေမျိုးများနဲ့အတူမွေးနေ့ပွဲကိုပြန်လည်ကျင်းပခဲ့ပါတယ်။
Credit Photo
ဘရိုင်ယန်ကတော့ “ဒီလိုသွားခဲ့ရတာဟာ ဘုရင်မဆီကမွေးနေ့ကဒ်ရတာထက်ကိုပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်”လို့လည်းပြောကြားခဲ့ပါတယ်။သူ့ကိုေထာင်ထဲဝင်နိုင်အောင် သရုပ်ဆောင်ကူညီပေးခဲ့ကြတဲ့ ရဲဝန်ထမ်းနဲ့တာဝန်ရှိသူတွေကိုလည်းကျေးဇူးတင်စကားပြောကြားခဲ့ပါသေးတယ်။
Credit Photo
ဘိုးဘွားရိပ်သာကသူများကတော့ အမှန်ထင်ကာစိုးရိမ်နေခဲ့ရပေမယ့် အဘွားဘရိုင်ယန်ကတော့ ဖြစ်ချင်တာတွေဖြစ်ခွင့်ရလို့ အလွန်ပျော်ရွင်နေပါတယ်။