မိမိမစားခင် ကြောင်လေးတွေကို အရင်အစာကျွေးလေ့ရှိတဲ့ အိမ်ရာမဲ့လူကြီး

ရထားဘူတာရုံမှာနေပြီး ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေထိုင်ရပေမယ့် ထိုင်းနိုင်ငံက ဒီအိမ်ခြေရာမဲ့လူကြီး Loong Dum ကတော့ အမြဲတမ်း သူ့သူငယ်ချင်း ပိုင်ရှင်မဲ့ကြောင်လေးတွေကို သေချာဂရုစိုက်ပြီး အစာကျွေးမွေးတဲ့သူတစ်ယောက်ပါ။

သူ့မှာ သားသမီးမရှိပါဘူး။ ဒါပေမယ့် သူဟာ စောင့်ရှောက်တတ်တဲ့သူတစ်ယောက်ပါ။ နေ့တိုင်း သံပုရာသီးတွေရောင်းပြီး စီးပွားရှာကာ ရလာတဲ့ပိုက်ဆံနဲ့ သူ့အပေါင်းအဖော်ကြောင်လေးတွေကို အစားအစာဝယ်ကျွေးလေ့ရှိပါတယ်။

တခါတလေ သူ့ကိုယ်သူတောင် စားဖို့မလောက်ငှလို့ ဆာလောင်နေပေမယ့်လည်း သူ့ရဲ့ ပထမဦးစားပေးက သူချစ်ရတဲ့ကြောင်လေးတွေ အစာစားရဖို့ပါပဲ။ သူ့အတွက်တော့ ကြောင်လေးတွေက သူ့ရဲ့မိသားစုပါပဲတဲ့။ သူတို့က သူ့အပေါ်ကို မှီခိုနေကြပါတယ်။

“ကျွန်တော့်အတွက် ထမင်းတစ်နပ်မစားရလဲ အဆင်ပြေပါတယ်။ ဒါပေမယ့် ကြောင်လေးတွေ စားရဖို့လိုတယ်” လို့ သူပြောခဲ့ပါသေးတယ်။

“တစ်အိတ်ကို ဘတ်(၂၀)ပါ ရလာတဲ့ အမြတ်ကို ပိုင်ရှင်မဲ့ကြောင်လေးတွေရဲ့ အစာဖိုးအတွက်သုံးမှာပါ ” ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့ သံပုရာသီးရောင်းနေတဲ့သူ့ကို Waruna Wattanasupachoke ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မြင်ပြီးတဲ့နောက်မှာတော့ Loong Dum ရဲ့ အဖြစ်အပျက်လေးဟာ နာမည်ကြီးလာခဲ့ပါတော့တယ်။

ဆိုရှယ်မီဒီယာတွေမှာ နာမည်ကြီးလာတဲ့ သူ့ကို တိချစ်သူတွေကတော့ သူ့ကြင်နာမှုကို လေးစားကာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ကြပါတယ် ။ တချို့ကတော့ သူ့ဆီကို သံပုရာသီးတွေ လာဝယ်ပြီး တချို့က ကြောင်စာတွေ အထောက်အပံ့ပစ္စည်းတွေ ပေးခဲ့ပါတယ်တဲ့။

အဲဒီနောက်ပိုင်းတော့ လူတချို့က သူ့ကို ဆံပင်ညှပ်ဖို့ ခေါ်သွားပြီး အဝတ်အစားအသစ်တချို့တောင် ဝယ်ပေးခဲ့ပါသေးတယ်။ သူ့အတွက်ပြောင်းလဲမှုတွေ ဖြစ်ပြီးနောက်မှာလည်း လမ်းပေါ်မှာ သံပုရာသီးရောင်းဖို့ ပြန်သွားခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ သူချစ်တဲ့ကြောင်လေးတွေမရှိရင် သူ့ဘဝကြီးက အဓိပ္ပာယ်မဲ့နေလို့ပါတဲ့ ။

“လူတစ်ယောက်ရဲ့ပုံပန်းသွင်ပြင်ကို အခြေခံပြီး အဲဒီလူကို ဆုံးဖြတ်လို့မရပါဘူး Loong Dum ကို နမူနာယူပါ ” လို့ Warunya ကပြောခဲ့ပါတယ်။ သူဟာ အိမ်ရာမဲ့ဖြစ်ပြီး ရုပ်ကြမ်းကြီးနဲ့ ဖြစ်ပေမယ့်လည်း ကြင်နာတတ်တဲ့ နှလုံးသားရှိသူပါ ။ Loong Dum ဟာ လူဖြစ်ဖြစ် လေလွင့်နေတဲ့ တိရိစ္ဆာန်ဖြစ်ဖြစ် အကူအညီလိုသူကို ကူညီတတ်ဖို့ ချစ်ခြင်း ကရုဏာ ကို ပြသတတ်ဖို့ တစ်ကမ္ဘာလုံးကလူတွေဆီကနေ စိတ်ကူးစိတ်သန်းရလာတာပါတဲ့။ လူသားဆန်မှုကို ပုံအမျိုးမျိုးနဲ့ အမှတ်ရစေဖို့ ဒီအဖြစ်အပျက်လေးကို လူတိုင်းနဲ့ မျှဝေခံစားလိုက်ကြပါဦးနော်။

Leave a Comment