တာယာအဟောင်းတွေကို တိလေးတွေအတွက် ဇိမ်ကျလှတဲ့ မွေ့ရာအဖြစ်ပြောင်းလဲပေးခဲ့သူ

ဒီတီထွင်ဉာဏ်ကောင်းလှတဲ့ စိတ်ကူးဟာ လွန်ခဲ့တဲ့ နှစ်နှစ်က Amarildo တစ်ယောက် သူအလုပ်လုပ်တဲ့ စူပါမားကတ်ရဲ့ကားပါကင်မှာ ထိုးထားတဲ့တာယာဟောင်းတွေကို မြင်ခဲ့ရာကနေ စတင်ခဲ့တာပါ ။ သူဟာ အသုံးမလိုတော့ဘဲ လွှင့်ပစ်ထားကြတဲ့ ပစ္စည်းတွေနဲ့ handmade ပစ္စည်းလေးတွေကို ဖန်တီးရတာ အမြဲတမ်း သဘောကျတတ်တဲ့ သူဖြစ်တာကြောင့် ဒီတာယာဟောင်းတွေကိုလည်း အသုံးဝင်တာ တစ်ခုခု လုပ်ချင်ခဲ့တာဖြစ်ပါတယ်။

ဒီပရောဂျက်ကိုတော့ ခွေးလေးတွေ ကြောင်လေးတွေ တာယာအဟောင်းထဲမှာ အိပ်ရတာ သဘောကျကြတယ်ဆိုတာကို သူမြင်လိုက်ရကနေ စိတ်ကူးစိတ်သန်းရသွားပြီး ဒီတာယာအဟောင်းတွေကို လမ်းတွေမှာ ကယ်ဆယ်ရေးစခန်းအနေနဲ့ အသုံးပြုခဲ့ပါတယ် ။ Amarildo ဟာ ဒီ တာယာဟောင်းတွေကို သက်တောင့်သက်သာရှိပြီး ဇိမ်ကျလှတဲ့ ခွေးလေး ကြောင်လေးတွေရဲ့ အိပ်ရာအဖြစ် အလှဆင်ဖန်တီးပြီး ပြောင်းလဲပေးခဲ့ပါတယ် ။

သူဟာ လမ်းမပေါ်မှာတွေ့တဲ့ တာယာအဟောင်းတွေကိုစုဆောင်းခဲ့ပါတယ် ဒါမှမဟုတ် အဲဒါကို အလှူခံလာပြီး သူတို့ကို အိမ်ကို သွားယူပါတယ်။ တာယာကို ခွာပြီးတဲ့နောက်မှာတော့ ဂရုတစိုက် ဖြတ်တောက် ဆေးကြော၊ ဆေးခြယ်ကာ အလှဆင်ပြီး အိပ်ရာပိုင်ရှင်တိလေးတွေရဲ့ နာမည်ကို ရေးထိုးပေးပါတယ် ။

နောက်ဆုံးမှာတော့ သူဟာ သက်တောင့်သက်သာရှိလှတဲ့ မွေ့ရာတွေ ကြိုးလေးတွေကို တိရိစ္ဆာန်လေးတွေ ဝင်ခွေနေနိုင်ဖို့အတွက် သူကိုယ်တိုင် ချုပ်ပေးခဲ့ပါတယ်။
ကုတင်တစ်ခုအောင်မြင်စွာ ပြုလုပ်နိုင်ပြီးတဲ့နောက်မှာတော့ သူဟာ လေလွင့်တိရိစ္ဆာန်လေးတွေအတွက်သာမက အိမ်မွေးတိလေးတွေအတွက်ပါ ကုတင်ပေါင်း ၆၀၀၀ ကို ပြုလုပ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် သူ့ရဲ့တိလေးတွေအတွက် မွေ့ရာလေးတွေက နာမည်ကြီးလာပြီး အခုဆိုရင်တော့ ကမ္ဘာအနှံ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး တိပိုင်ရှင်လေးတွေဆီကပါ အမှာစာတွေ လက်ခံရရှိနေပါပြီ။ တိရိစ္ဆာန်တွေအတွက် တာယာအဟောင်းတွေကနေ ဇိမ်ကျလှတဲ့ မွေ့ရာကုတင်အဖြစ် ဖန်တီးခြင်းအားဖြင့် သူဟာ ပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်ရုံမက ဒီအလုပ်ကနေ ဝင်ငွေပါ ရရှိလာနိုင်ခဲ့ပါတယ်။

Amarildo ကတော့ ” ပတ်ဝန်းကျင်မှာ အမှိုက်ဖြစ်လေ့ရှိတဲ့ အရာက အခုဆိုရင် တိလေးတွေအတွက် အရမ်းအသုံးဝင်တဲ့ အရာဖြစ်လာလို့ ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်” လို့ ပြောခဲ့ပါသေးတယ်။

စာဖတ်သူပရိသတ်ကြီးတို့လည်း Amarildo ရဲ့ ဖန်တီးမှုလေးတွေကို သဘောကျတယ်ဆိုရင် သူ့ရဲ့ facebook စာမျက်နှာမှာ ဆက်လက် ကြည့်ရှုလေ့လာနိုင်ပါတယ်နော်။

Amarildo ရဲ့အိပ်ရာလေးတွေနဲ့ ဇိမ်ကျနေကြတဲ့တိလေးများ

Leave a Comment