ခရုသင်းရောဂါခံစားနေရတဲ့ ခန္ဓာကိုယ်ကို အနုပညာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သူလေး

Ash Soto လို့ခေါ်တဲ့မိန်းကလေးဟာ အသက် ၁၂ နှစ်အရွယ်မှာ ခရုသင်းလို့ခေါ်တဲ့ရောဂါဝေဒနာကို စတင်ခံစားခဲ့ရပါတယ်။ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်က သူ့ကို ချွတ်ဆေးနဲ့ရေချိုးထားတာလားလို့ မေးလိုက်တဲ့အချိန်မှာတော့ လျင်မြန်စွာပျံ့နှံ့လာတဲ့ သူ့ရဲ့ခရုသင်းရောဂါကြောင့် ရှက်ရွံ့လာပါတယ်။
ဒါပေမဲ့ ယခု အသက် ၂၁နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ Soto ကတော့ သူမရဲ့ အသားအရောင်အတွက် ရှက်ရွံ့ခြင်းမရှိတော့ပါဘူး။

သူမရဲ့ အသားအရောင်ကြောင့် သူမဘ၀ရည်မှန်းချက်တွေကို တက်လှမ်းဖို့ အတားအဆီးအဖြစ်မခံနိုင်ဘူးလို့ သူဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အင်္ကျီလက်ရှည်မဝတ်ဘဲ အပြင်ထွက်ပြီး နေ့စဉ်အလုပ်တွေကို လုပ်ရင်း သူ့ကိုယ်သူ စိန်ခေါ်ခဲ့ပါတယ်။ အခက်အခဲတွေများစွာဖြတ်သန်းပြီးတဲ့နောက်မှာတော့ Soto ရဲ့ခန္ဓာကိုယ်ဟာ အနုပညာတစ်ရပ်ဖြစ်လာခဲ့ပါပြီ။

အသက်၁၂ နှစ်အရွယ်မှာ ခရုသင်းရောဂါကို စတင်ခံစားခဲ့ရတဲ့ Ash soto

ရောဂါပျံ့နှံ့ချိန်မှာတော့ Ash ဟာဆယ်ကျော်သက်အရွယ်ဖြစ်ပြီး အနိုင်ကျင့်ခံရမှုတွေစဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ သူ့ကိုယ်သူ အပြင်သွားရင် အတိုလေးတွေဝတ်ရဲဖို့ တွန်းအားပေးခဲ့ပါတယ်

နောက်ဆုံးမှာတော့ သူ့အရေပြားအခြေအနေကို အနုပညာတစ်ရပ်အဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်

အရောင်အသွေးစုံစွာ ပြောင်းလဲသွားတဲ့ အရေပြားရောဂါ

တခြားဝေဒနာခံစားနေရသူတွေကိုလည်း အားပေးဖို့ သူဒါကို ဆက်လုပ်သွားမှာပါတဲ့

Leave a Comment