Google Map ဟာပထဝီဝင်ဆိုင်ရာအချက်အလက်တွေကိုရှာဖွေဖို့အတွက်အသုံးအဝင်ဆုံးအရာတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမယ့် Google Map အသုံးပြုသူတွေရှာဖွေတွေ့ရှိခဲ့တဲ့အရာတွေဟာသင့်အနေနဲ့ယုံကြည်နိုင်ဖို့ခက်ခဲလှပြီးတစ်ခုခု error ဖြစ်နေတာလားလို့သင့်တွေးကောင်းတွေးနိုင်ပါတယ်။သင့်ဟာစူးစမ်းလေ့လာသူတစ်ယောက်ဖြစ်ဖို့ဝါသနာကြီးလွန်းတဲ့သူတစ်ယောက်ဆိုရင်တော့ Google Map ကတော့ သင့်ဝါသနာအတွက်အကောင်းဆုံးဖျော်ဖြေမှုတစ်ခုပါဘဲ။
(၁)တောင်တစ်ခုပေါ်မှာတွေ့ရတဲ့ ကိုကာကိုလာလိုဂို

ကမ္ဘာအကြီးဆုံးကိုကာကိုလာလိုဂိုကြီးကိုတော့ ချီလီနိုင်ငံ၊ Arica မြို့အနီးရှိတောင်စောင်းတစ်ခုအပေါ်မှာတည်ဆောက်ခဲ့ပါတယ်။ထိုလိုဂိုကြီးကိုတော့ ကိုကာကိုလာရဲ့ နှစ် ၁၀၀ ပြည့်ဖြစ်တဲ့ ၁၉၈၆ ခုနှစ်မှာအထိမ်းအမှတ်တစ်ခုအဖြစ်တည်ဆောက်ခဲ့ပြီး coke ပုလင်းအလွတ် ၇၀,၀၀၀ ကို အသုံးပြုကာပြုလုပ်ထားတာလည်းဖြစ်ပါတယ်။
(၂)အန္တာတိကတိုက်မှာမြင်တွေ့ရတဲ့ ပိရမစ်

အန္တာတိကတိုက်ရဲ့ရေခဲဆီးနှင်းတွေဖုံးနေတဲ့ကြားထဲမှာတွေ့ရတဲ့ ထိုပိရမစ်ဟာရှေးခေတ်ယဉ်ကျေးမှုတစ်ခုလားဆိုတဲ့မေးခွန်းတွေတဲ့ မသေချာတဲ့အနေအထားမှာရှိနေပါတယ်။ဒီသီအိုရီကိုထောက်ခံသူတွေကတော့ ဒီအရာဟာ တတိယမြောက် Reich’ ရဲ့ အန္တာတိတိုက်ကိုစိတ်ဝင်စားနေတဲ့အကြောင်းအရင်းတွေထဲကတစ်ခုဖြစ်မယ်လို့လည်းယုံကြည်နေကြပါတယ်။အခြားသူများကတော့ ထိုပိရမစ်ဟာ ရှေးခေတ်အတ္တလန်တစ်မြို့ရဲ့အမွေအနှစ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
(၃)ကြီးမားလှတဲ့ခြေထောက်ပုံစံဝင်္ကဘာ

ကြီးမားလှတဲ့ခြေထောက်နဲ့ပုံစံတူတဲ့ ထိုဝင်္ကဘာကြီးဟာ Hampshire ခရိုင်အနီးရှိရွှာတစ်ရွှာမှာတည်ရှိပါတယ်။ထိုဝင်္ကဘာကြီးဟာ ၃၇၇ပေရှည်လျားပြီး အင်္ဂလန်ရဲ့အရှည်ဆုံးဝင်္ကဘာတစ်ခုလည်းဖြစ်ပါတယ်။
(၄)အဆောက်အဦးတစ်ခုရဲ့ခေါင်မိုးပေါ်မှာတွေ့ရတဲ့ ဂါလီဗာရုပ်ထု

ကမ္ဘာ့အထူးဆန်းဆုံးကလေးကစားကွင်းတစ်ခုကတော့ စပိန်နိုင်ငံ၊ဗလင်စီယာမြို့မှာတည်ရှိကာ ထိုကစားကွင်းရဲ့အမိုးပေါ်မှာတော့ ထူးခြားတဲ့ ဂါလီဗာရုပ်ထုကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
(၅)ဂြိုလ်သားတွေရဲ့ကြောင်

ထိုဘူမိရုပ်ပုံကိုတော့ ပညာရှင်များက နှစ်ပေါင်း၉၀၀၀ခန့်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။တွေ့ရှိရသောရုပ်ပုံအရ ၎င်းဟာအခြားဂြိုလ်မှဂြိုလ်သားတွေရဲ့ကြောင်တစ်ကောင်ပုံစံမျိုးဖြစ်နေတာကိုတွေ့ရပါတယ်။ထိုရုပ်ပုံကိုတော့ကမ္ဘာ့အခြောက်သွေ့ဆုံးကန္တာရတစ်ခုဖြစ်တဲ့ Atacama ကန္တာရမှာတည်ရှိကာ ထိုနေရာမှာတော့ မိုးမရွှာသွန်းတာရာစုနှစ်ချီကြာနေပြီဖြစ်ပါတယ်။
(၆)ကျောက်စရစ်တွေစီထားတယ်လို့ထင်ရတဲ့ ဆားထုတ်လုပ်ရေးစက်ရုံတစ်ခု

ထိုနေရာကတော့ မိသားစု၅၀လောက်သာနေထိုင်တဲ့ နိုင်ဂျီးရီးယားမှ ရွာငယ်လေးတစ်ရွှာလည်းဖြစ်ပါတယ်။ထိုနေရာကဒေသခံပြည်သူများရဲ့အဓိကအလုပ်အကိုင်ကတော့ ရွံ့တွေပြည့်နေတဲ့ကန်တွေကနေဆားထုတ်ယူတဲ့လုပ်ငန်းဘဲဖြစ်ပါတယ်။ထိုရေကန်တွေမှာတော့ရေတွေနဲ့ပြည့်နေပြီအထဲမှာပျော်ဝင်နေတဲ့ ရွံ့စေးတွေထဲမှာဆားတွေပါဝင်နေတာကိုတွေ့ရပါတယ်။ထိုနောက်သူတို့ဟာဆားငန်ရေတွေကိုသေချာစစ်ထုတ်ပြီး ရေတွေအငွေ့ပျံသွားတဲ့အခါမှာဆားပုံဆောင်ခဲတွေကိုရယူသောနည်းလမ်းဖြင့်ဆားတွေထုတ်လုပ်နေကြတာဖြစ်ပါတယ်။
(၇)ကြီးမားလှတဲ့ဧရာမဂဏန်းကြီး

Kent မြို့Whitstable ကမ်းစပ်တစ်ခုမှာ ဂြိုလ်တုကနေတစ်ဆင့်ဧရာမဂဏန်းကြီးတစ်ကောင်ရဲ့ပုံရိပ်ကိုဖမ်းယူရရှိခဲ့ပြီး အွန်လိုင်းပေါ်ကိုတင်လိုက်တဲ့အချိန်မှာတော့ လူအများရဲ့စိတ်ဝင်စားမှုများစွာကိုရရှိခဲ့ပါတယ်။ထိုကြီးမားတဲ့ ဂဏန်းကြီးကို ပေ၅၀လောက်ကျယ်မယ်လို့ခန့်မှန်းကြပြီး Crabzilla လို့ခေါ်ဆိုခဲ့ကြပါတယ်။