Google Earth ဟာ ကမ္ဘာပေါ်က ထူးခြားတဲ့ အရာတွေကို ရှာဖွေဖမ်းယူပေးနိုင်တဲ့ အံ့ဩစရာကောင်းတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။တစ်ချို့အရာတွေဟာ သေသေချာချာကို ဖမ်းယူခဲ့ကြတာဖြစ်ပြီး တစ်ချို့အရာတွေကတော့ မတော်တဆ ရိုက်ကူးမိခဲ့တာ ဖြစ်ပါတယ်။
(၁) ပီရူးနိုင်ငံ Nazca ရှိလိုင်းများ
Nazca လိုင်းများဟာ ပီရူးနိုင်ငံ၏ ခြောက်သွေ့သော ကမ်းရိုးတန်းဒေသတွင် တည်ရှိပါတယ်။ ၎င်းဟာ ခန့်မှန်းခြေအားဖြင့် စတုရန်းမိုင် ၁၇၀ ခန့် (စတုရန်းကီလိုမီတာ ၄၅၀) ကို ဖုံးလွှမ်းထားပါတယ်။
(၂) ဆူဒန် နိုင်ငံ Landlocked ရှိ နှုတ်ခမ်း
ဆူဒန်နိုင်ငံ အနောက်ဘက် ဒါဖောပြည်နယ် ၏ Gharb ဒေသတွင် ကျောက်တုံးကျောက်ဆောင် နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး မိုင်၀က်လောက်ရှည်လျားသော တောင်ကုန်းနှစ်ခုဟာ စိုစွတ်နူးညံနေတဲ့ နှုတ်ခမ်းနှင့် အလွန်ဆင်တူနေပါတယ်။
(၃) အမေရိကန်နိုင်ငံ ရှိ The Boneyard
Arizona ပြည်နယ် Tucson ရှိ Davis Monthan လေတပ်အခြေစိုက်စခန်းသည် အမေရိကန်ပြည်ထောင်စု၏ စစ်လေယာဉ်များရဲ့ သင်္ချိုင်းနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအခြေစိုက်စခန်းဟာ အမေရိကန်တိုက်လေယာဉ် ၄,၄၀၀ ကျော်အတွက် အငြိမ်းစား အနားယူသည့် အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ၎င်းဟာ အများပြည်သူအတွက် ပိတ်ထားသော်လည်း Google Earth ကတော့ထိုအတွင်းရှိ အရာများကို ပုံဖော်ပြထားပါတယ်။ ဒုတိယကမ္ဘာစစ်မပြီးခင်အထိ ထိုနေရာမှာရှိတဲ့ B-52 Stratofortress မှ F-14 Tomcat အထိ ပျံသန်းအသုံးပြုခဲ့ကြပါတယ်။
(၄) နယ်သာလန်နိုင်ငံရှိ Fort Bourtange
နယ်သာလန်နိုင်ငံရှိ ကြယ်တာရာခံတပ်တစ်ခုကို ၁၅၉၃ ခုနှစ်တွင် Willam the Silent ၏ အမိန့်ဖြင့် တည်ဆောက်ခဲ့ကြပါတယ်။ ဒီခံတပ်ရဲ့ မူလရည်ရွယ်ချက်ကတော့ ဂျာမနီ နှင့် ဂရိုနင်ဂျန်မြို့ အကြားတွင် တစ်ခုတည်းရှိသော လမ်းမကြီးကို ထိန်းချုပ်ဖို့ဖြစ်ပြီး ၊ နှစ် ၈၀ စစ်ပွဲတုန်းကလည်း စပိန်တပ်များ ထိန်းချုပ်ခဲ့သည့် နေရာလည်းဖြစ်ပါတယ်။
(၅) အီဂျစ်နိုင်ငံ ရှိ Desert Breath
ပင်လယ်နီကမ်းခြေ Hurghada အနီးရှိ အီဂျစ်သဲကန္တာရတွင် တည်ရှိသော Desert Breath ကတော့ မြေပေါ်မှာရှိတဲ့ အနုပညာလက်ရာတစ်ခုအဖြစ်ရှိနေပါတယ်။ သူ့ကို အနုပညာရှင် ၃ ယောက်က ၁၉၉၇ တွင် ဖန်တီးခဲ့ကြပါတယ်။ စက်ဝိုင်း ၈၉ ခုကို သေးရာမှ ကြီးလာတဲ့ပုံစံဖြင့် ရစ်ပတ်နေသလို ပုံစံနဲ့ဖန်တီးထားတာဖြစ်ပါတယ်။
(၆) ကနေဒါနိုင်ငံရှိ The Badlands Guardian
Badlands Guardian သည် ကနေဒါနိုင်ငံတွင်ရှိသော ပထဝီဝင်ဆိုင်ရာ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ ကောင်းကင်ပေါ်မှ ကြည့်ရှုလျှင် သူ့ရဲ့ပုံဏ္ဍာန်ဟာ ဘော်ရီဂျင်နီဂျန် ကနေဒါ လူမျိုးစုရဲ့ ခေါင်းပေါင်းဦးထုပ် အလှဝတ်ဆင်ထားတာနဲ့တူပြီး အနောက်ဘက်သို့ မျက်နှာမူထားပါတယ်။
(၇) အမေရိကန်နိုင်ငံ Grand Prismatic ရေပူစမ်း
Grand Prismatic ဟာ အမေရိကန်နိုင်ငံရှိ အကြီးဆုံး ရေပူစမ်းတစ်ခုဖြစ်ပါတယ်။ Grand Prismatic ရေပူစမ်းဟာ အရောင်သွေးစုံလင်တဲ့ သက်တံရောင်လိုမျိုး အနီ ၊အဝါ ၊လိမ္မော်၊ အစိမ်း နှင့် အပြာရောင်တို့ဖြင့် အရောင်သွေးစုံလင်စွာ တည်ရှိနေပါတယ်။