ယခုတစ်ခေါက်မှာတော့ သဘာဝဘေးအန္တရာယ်နဲ့ အခြားသောအန္တရာယ်များမှ မိတ်ဆွေတို့ရဲ့အသက်ကိုကယ်တင်ပေးနိုင်မယ့် အသုံးဝင်တဲ့အချက်အလက်များကို ဗဟုသုတအနေနဲ့ မျှဝေတင်ဆက်ပေးချင်ပါတယ်။
၁။ လေဆင်နှာမောင်းတစ်ခုဟာ မရွေ့ရှားဘူးလို့ ထင်နေရရင်တော့ အဲဒါက သင့်ဆီဦးတည်လာနေတာပဲဖြစ်ပါတယ်။
၂။ တိုက်ပြိုတာတို့ မြေပြိုတာတို့ဖြစ်ချိန် သင် အုတ်အကျိုးအပဲ့အောက်မှပိတ်မိနေပြီး ထွက်မရဖြစ်နေရင် မအော်ပါနဲ့ ။အော်ဟစ်တာက အင်အားကုန်ရုံပဲ အဖတ်တင်ပါလိမ့်မယ်။ တစ်ခုခုကို ကောက်ယူပြီး ၃ချက် တစ်ခါ ထုနေပါ။ လူတွေဟာ ဒီလိုအသံမျိုးကို သတိပြုမိတတ်ကြပြီး ကယ်ဆယ်ရေးတွေက သင့်ဆီကို ဦးတည်လာပါလိမ့်မယ်။
၃။ သင်ကမ်းခြေသွားတဲ့အချိန်မှာ ရေဟာ မူလပုံမှန်ရှိနေတဲ့နေရာကနေ အဝေးကို ချက်ချင်းကျသွားတယ်ဆိုရင်တော့ ပြေးပါတော့။ ဒါဟာ ဆူနာမီ လာတော့မယ့် အဓိပ္ပာယ်ပါ။ ၂၀၀၄ခုနှစ်မှာ ကျောင်းမှာသင်ခဲ့ရတဲ့ ဒီအဖြစ်ကို သတိထားမိတဲ့သူဟာ ဒါကို အသုံးချပြီး သူတို့အားလုံး ဘေးကင်းရာကို ရွှေ့ပြောင်းပြီး အသက်အန္တရာယ်မှ လွတ်မြောက်သွားခဲ့ပါတယ်။
၄။ ကားဆီကို ပြန်လာတဲ့အချိန် ပိုက်ဆံ ဒါမှမဟုတ် တစ်ခုခုကားပေါ်တင်ထားတာတွေ့ရင် မကောက်လိုက်ပါနဲ့ ။ သင်ဒါကို ယူလိုက်တာနဲ့ သင့်ကို လာဖမ်းချုပ်ပြီး ပြန်ပေးဆွဲဖို့သုံးထားတဲ့ နည်းလမ်းတစ်ခုပါ။ဒါကြောင့်ဘာပဲတွေ့တွေ့ ဒီတိုင်းသာ မောင်းသွားလိုက်ပါ။ အသုံးများတဲ့နည်းလမ်းကတော့ မှန်ပေါ် တီရှပ်တင်ထားတာ ပိုက်ဆံတင်ထားတာတို့ပဲဖြစ်ပါတယ်။
၅။ သင့်ကားရေထဲကို ကျသွားတာနဲ့ ချက်ချင်း ပြတင်းပေါက် ဒါမှမဟုတ် တံခါးကိုဖွင့်ပါ။ ဖိအားကွာခြားချက်များလွန်းတာကြောင့် အဲဒီလိုမလုပ်ဘူးဆိုရင် ထွက်ပေါက်အားလုံး ပိတ်သွားပြီး အပြင်ကို ထွက်နိုင်ဖို့ ကားတစ်စီးလုံး ရေနဲ့ လုံးဝပြည့်သွားတဲ့အချိန်ကို စောင့်ရပါလိမ့်မယ် ။
၆။ သင်လမ်းပျောက်တာပဲဖြစ်ဖြစ် အရေးပေါ်အခြေအနေမှာပဲဖြစ်ဖြစ် သင့်မှာ ဖုန်းရှိနေမယ်ဆိုရင် လိုင်းမမိတာတောင် ၉၁၁ ကို ခေါ်လို့ရပါတယ်။ သင်ဘယ် connection ကိုပဲသုံးသုံး အရေးပေါ်ခေါ်ဆိုမှုကို ပြုလုပ်နိုင်မှာပါ။ အဲဒါဟာ အကြွေစေ့သုံး ဖုန်းတွေမှာလည်းတူတူပါပဲ ။ ပိုက်ဆံထည့်စရာမလိုဘဲ ခေါ်ဆိုလို့ရနိုင်ပါတယ် ။(ဒီနည်းလမ်းကတော့ ကျွန်တော်တို့နိုင်ငံမှာတော့ အလုပ်မဖြစ်ဘူးထင်ပါတယ်)
၇။ ရေပြင်ပေါ်မှာ လေးထောင့်ပုံ လှိုင်းတွေကိုတွေ့ရင်တော့ ချက်ချင်း အဲဒီနေရာက ထွက်ခွာပါ။ ဒီလှိုင်းတွေအောက်မှာ အရမ်း အားကောင်းတဲ့ ရေစီးကြောင်းဖြစ်နေပြီး အဲဒါဟာ သင့်ကိုပါ တပါတည်း ဆွဲခေါ်သွားနိုင်ပါတယ်နော်။
၈။ ကျောပိုးအိတ်တော်တော်များများရဲ့ ကလစ်ပ်မှာ လျှို့ဝှက် ဝီစီလေးထည့်သွင်းပေးထားပါတယ် ။ တောင်တက်တာတို့ camp ထွက်ဖို့ ထုတ်ထားတဲ့ အခုခေတ်ကျောပိုးအိတ်တွေရဲ့ ကလစ်ပ် မှာလည်း ဝိစီလေးတွေ ပါပါတယ်တဲ့ ။
၉။ သင်ဟာ ကမ်းခြေမှာ ပင်လယ်ဘက်ကို ဆွဲခေါ်တဲ့ရေစီးကြောင်းမှာ မိနေပြီဆိုရင် ဘေးဘက်ကို ကူးခပ်ပါ ။ ဆွဲတဲ့ရေစီးကြောင်းတွေဟာ သင့်ကို ကမ်းခြေကနေ ပင်လာ်ဆီ တိုက်ရိုက် ဆွဲချသွားမယ့် အားကောင်းလွန်းတဲ့ ရေစီးကြောင်းပဲဖြစ်ပါတယ် ။ ဒါမျိုးနဲ့ ကြုံရင် သင် အရှေ့ကို အားစိုက်ကူးနေလည်းဘအရှေ့မရောက်ပဲ အားကုန်ရုံဘဲ ရှိပါလိမ့်မယ် ။ဒီရေစီးကြောင်းက လွတ်တဲ့အထိ ဘေးကို ကူးပြီးမှ ကမ်းစီကို ပြန်ကူးခပ်လာပါ
၁၀။ သဘာဝကပ်ဘေးမဆိုက်ရင်ခင် ရေသန့်ကို လုံလုံလောက်လောက် စုဆောင်းထားသင့်ပါတယ် ။ FDA ပြောကြားလျက်အရ ကပ်ဘေးဆိုက်ပြီးရင် ရေပြတ်တောက်နိုင်သလို ရေညစ်ညမ်းမှုတွေလည်း ဖြစ်ပေါ်လာနိုင်တာကြောင့် ရေသန့် လုံလုံလောက်လောက် ရှိဖို့က အရေးအကြီးဆုံးပါတဲ့။