ဟိုးရှေးရှေးအချိန်တုန်းက အင်အားကြီး သင်္ဘောမဟာတပ်ကြီးများဟာ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်း အားမာန်များနဲ့ ပင်လယ်ပြင်သမုဒ္ဒရာတစ်လျောက် လှည့်လည်ပြီး လိုက်လံ တိုက်ခိုက်ကာ ကြီးစိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာတော့ ထိုကဲ့သို့အင်အားကြီးခဲ့သော သင်္ဘောကြီးများဟာ သမုဒ္ဒရာရေအောက်ရဲ့ တိတ်ဆိတ်သော နေရာမှာ တည်ရှိနေကြပြီး ၊ တချို့သင်္ဘောတွေဟာလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့ကာ တချို့ကျပြန်တော့ ဆိပ်ကမ်းတွေမှာ သောင်တင်ကာ ကျွန်းများရဲ့ လှပတဲ့အစိတ်ပိုင်းအဖြစ် အမျိုးမျိုးတည်ရှိနေကြပါတယ်။ ယခုဆောင်းပါးထဲမှာတော့ လူတွေအမေ့ပျောက်ခံဖြစ်နေတဲ့ နာမည်ကြီးသင်္ဘောတွေရဲ့ ပုံပြင်အချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ဩစတြေးလျရဲ့ ဒဏ္ဍာရီပုံပြင်တွေထဲက ရေပေါ်သစ်တော။
ဒီ SS Ayrfield နာမည်ရှိတဲ့သင်္ဘောဟာစိတ်လှုပ်ရှားစရာကောင်းတဲ့အတိတ်ပုံရိပ်တွေကိုပိုင်ဆိုင်ထားပါတယ်။ထိုသင်္ဘောကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် စစ်တပ်များအားစစ်မြေပြင်ကိုပို့ဆောင်ပေးတဲ့တာ၀န်ထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၇၀ပြည့်နှစ် အရောက်မှာတော့ထိုသင်္ဘောကြီးအားဆစ်ဒနီမြို့ ရှိအိုလံပစ်ကျေးရွာတွင်ရှိသောသင်္ဘောသချိူင်းသို့ပို့ဆောင်ခဲ့ပါတယ်။၂၀၀၀ပြည်နှစ်အိုလံပစ် ကစားပွဲများကျင်းပလာတဲ့အခါမှာတော့ဒီစစ်မှုထမ်းဟောင်းသင်္ဘောကြီးဟာလှပတဲ့ကျွန်းကြီးနှင့်အတူနိုင်ငံခြားခရီးသွားလည်ပတ်သူများကို ဆွဲဆောင်တဲ့ သင်္ဘောတစ်စီး အဖြစ် ပြောင်းလဲခဲ့ပါတယ်။
(၂) ၁၆ ရာစုနှစ်က ဆွီဒင်ရွက်သင်္ဘော
အိုလန်ကျွန်းရဲ့ရေနက်ပိုင်း ၁၀မိုင်အကွာ Baltics ပင်လယ်၏ အနက်ရိူင်းဆုံးနေရာအတွင်းနစ်မြှပ်နေတဲ့သင်္ဘောဟာ လက်နက်၁၀၇ခုကို သယ်ဆောင်နိုင်တဲ့ Mars လို့ခေါ်တဲ့ ၁၆ရာစုက အကြီးဆုံးသင်္ဘောကြီးတစ်စင်းဖြစ်ပါတယ်။ထိုသင်္ဘောကြီးဟာရန်သူစစ်သင်္ဘော သုံးစီးရဲ့ တိုက်ခိုက်ခံရခြင်းကြောင့် ၁၅၆၄ခုနှစ် မတ် ၃၁နေ့မှာနစ်မြှပ်ခဲ့ပါတယ်။သူ့ကို ပြန်လည်ရှာဖွေသူတွေကတော့၁၉၆၀ခုနစ်ကတည်းက လိုက်လံရှာဖွေခဲ့ကြတာဖြစ်ပါတယ်။
(၃) နယူးဇီလန်နိုင်ငံ ချာတန်ကျွန်းက ငါးဖမ်းသင်္ဘော။
ချာတန်ကျွန်းစုအတွင်းရှိ ကျွန်းအသေးလေးများမှာတော့လူဦးရေစုစုပေါင်း ၆၀၀လောက်သာနေထိုင်ကြပါတယ်။ ဒီကျွန်းကိုရှာဖွေတွေ့ရှိခဲ့တဲ့ ၁၆ရာစုမတိုင်ခင်အထိတော့ထိုကျွန်းဟာဘာမှပြောင်းလဲခြင်းတွေမရှိပါဘူး။ထိုနေရာဟာ လူတွေအတွက် ဘာမှမရှိ ဘဲ မိုးကောင်းကင် ၊ ပင်လယ် နှင့် လေပြေများနဲ့အတူ အထီးကျန်ဆန်လွန်းလှပါတယ်။ထိုဒီနေရာမှာတော့ ငါးဖမ်းလုပ်ငန်းဟာ အဓိကကုန်သွယ် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တံငါသည်တွေနဲ့အတူ သစ္စာရှိရှိ အတူအလုပ်လုပ်တဲ့ သင်္ဘောပျက်ကြီးက တော့အရင်ကလို လှိုင်းဒဏ်တွေကြား ကူးဖြတ်နေသလိုဆက်လက်တည်ရှိနေပါသေးတယ်။
(၄) အန္တာတိကတိုက်မှာ နစ်မြုပ်နေတဲ့ ရွက်လှေကြီး
ကျောချမ်းစဖွယ် တစ္တေသင်္ဘောလိုဖြစ်နေတဲ့ ထိုဘရာဇီးရွက်လှေကြီးဟာ Ardley Bay၌ပျက်စီးနေသော သင်္ဘောတစ်စီးဖြစ်ပါတယ်။သင်္ဘောပေါ်မှာပါလာတဲ့ဘရာဇီးနိုင်ငံသားများက Documentary ရိုက်ကူးနေချိန် ပြင်းထန်သောလေများတိုက်ခတ်လာကာ ပင်လယ်ရေများမှာလည်း လှိုင်းထန်လာသောကြောင့် သင်္ဘောကို စွန့်ခွာခဲ့ရပါတယ် ။ထိုအချိန်မှစ၍ ထိုသင်္ဘောကြီးဟာ ရေအောက်ထဲတွင်အထီးကျန်ဆန်စွာနဲ့တည်ရှိနေပါတော့တယ်။
(၅) အမေရိကန်က ထူးဆန်းတဲ့ တစ္ဆေသင်္ဘောကြီး
Credit Photo
Circle Line V လို့ခေါ်တဲ့ဒီရွက်လှေသင်္ဘောကြီးဟာ အတ္တလန္တိတ်သမုဒ္ဒရာရဲ့ ကမ်းရိုးတန်းရေပိုင်နက်ကို ကင်းလှည့်ရန်အတွက် ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ထိုသင်္ဘောကြီးကို ၁၉၀၂ခုနှစ် တွင် Wilmington ၌တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း၈၀အတွင်း ပိုင်ရှင်များအကြိမ်ကြိမ်ပြောင်းခဲ့ပါတယ်။ထို့နောက် ၁၉၈၀ခုနှစ်တွင် Lourensburg ပြည်နယ် Ohioမြစ်အနီးတွင် စွန့်ပစ်ထားကြောင်းတွေ့ရှိခဲ့ရပါတယ်။ထိုနေရာသို့သင်္ဘောကြီး ရောက်ရှိခဲ့တဲ့အကြောင်းကိုတော့ ယနေ့တိုင်အောင် ဘယ်သူမှ မသိကြသေးပါဘူး။
(၆) ကိုလံဘီယာတွင် နစ်မြှပ်နေသော လှေ
ဒီသစ်သားလှေကြီးက ရေအောက်ထဲကိုရောက်နေတာဟာ၁၉၂၉ခုနစ်လောက်ကတည်းက ဖြစ်ပြီး သူ့ရဲ့ ပျက်စီးနေတဲ့ သင်္ဘောကိုယ်ထည်ကြီးက သူ့ရဲ့ အထိမ်းအမှတ်အဖြစ်ကျန်ရှိနေဆဲဖြစ်ပါတယ်။
(၇) ဩစတြေးလျက ရေပေါ်ဆေးရုံသင်္ဘော
Credit Photo
ပထမကမ္ဘာစစ်အတွင်း SS Mahenoလို့ ခေါ်တဲ့ သင်္ဘောဟာ ပင်လယ်သမုဒ္ဒရာထဲတွင် ဆေးရုံတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ သူ့ကို ဂျပန်နားတွင်အခြေချရန် ခေါ်ဆောင်လာသည့်အခါမှာ ပျောက်သွားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံအနီးရှိ သဲကန္တရ ကျွန်းပေါ်သို့ ပြင်းထန်တဲ့ မုန်တိုင်းများကျရောက်စဉ်အခါကလည်း သင်္ဘောဟာ ပျက်စီးသွားခဲ့ရပါတယ်။ သင်္ဘောသားများဟာ ကယ်ဆယ်မယ့်သူတွေလာဖို့အတွက်သုံးရက်အကြာစောင့်ဆိုင်းခဲ့ရပါတယ်။ လူတွေကိုတော့ဘေးကင်းရာသို့ပို့ဆောင်နေခဲ့ပေးနိုင်ခဲ့ပြီး သင်္ဘောကိုတော့ ကယ်ဆယ်ခဲ့တဲ့ နေ့ကတည်းက ယနေ့တိုင် ထားခဲ့ရပါတယ်။