ယနေ့ခေတ်မှာတော့ နည်းပညာဟာ တစ်နေ့ထက်တစ်နေ့ပိုပြီးတော့ အဆင့်မြင့်တိုးတက်လို့နေပါတယ်။ ထိုကြောင့် လက်တစ်လောခေတ်စားပြီး အသုံးပြုနေကြတဲ့ပစ္စည်းတွေဟာ နောင်တစ်ချိန်မှာတော့ ထူးဆန်းတဲ့အရာတွေ ဖြစ်လာတတ်ပါတယ်။ ရှေးခေတ်အချိန်အခါက တီထွင်ဖန်တီးခဲ့ကြပြီး အသုံးပြုခဲ့ကြတဲ့အရာများဟာလည်း ယနေ့အချိန်မှာတော့ အနည်းငယ်မျှထူးဆန်းလို့ နေတတ်ပါတယ်။ ယခုတစ်ခေါက်မှာတော့ ရှေးခေတ်အချိန်တုန်းက တီထွင်ဖန်တီးခဲ့ကြတဲ့အရာများကို ဗဟုသုတအနေနဲ့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
၁။ ဒုတိယကမ္ဘာစစ်တုန်းက လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ပြိုခြင်းမှကာကွယ်ရန် Morrison Shelter လို့ခေါ်တဲ့အကာအကွယ်မှာ နေနေကြပုံ

၂။ ၁၈၆၀ ခုနှစ်က အသုံးပြုခဲ့တဲ့ ရေငုပ်ဝတ်စုံ

၃။ နှစ်ပေါင်း(၃၅၀)ကြာပြီဖြစ်တဲ့ မြနဲ့ပြုလုပ်ထားတဲ့နာရီ

၄။ ၁၉၅၅ ခုနှစ် New York မြို့ရဲ့ ဥမြင်လိုဏ်ခေါင်းအတွင်းမှ ယာဥ်အသွားအလာနှုန်းကို စစ်ဆေးရန်အသုံးပြုတဲ့ လျှပ်စစ်ရထားအသေးစားလေး

၅။ ၁၉၄၉ ခုနှစ် Paris ကားပြပွဲမှ တစ်စီးတည်းသာထုတ်လုပ်ခဲ့တဲ့ Delahaye 175s Roadster

၆။ ၁၉၅၉ ခုနှစ်က ဖုန်စုပ်စက်တစ်ခု

၇။ ဒုတိယကမ္ဘာစစ်တုန်းက လေကြောင်းဓာတ်ပုံရိုက်ကူးရန်အတွက် Kodak K-24 ကင်မရာ

၈။ ၁၉၂၅ ခုနှစ် ဂျာမဏီနိုင်ငံက တစ်ဘီးဆိုင်ကယ်

၉။ ၁၈၉၀ ခုနှစ် ဆွီဒင်နိုင်ငံ Stockholm က တယ်လီဖုန်းတာဝါ

၁၀။ ၁၉၃၁ ခုနှစ် ဂျာမနီနိုင်ငံ ဘူတာတစ်ခုမှာ တွေ့မြင်ရတဲ့ ရေနွေးငွေ့ရထားနဲ့ Rail Zeppelin ရထား

၁၁။ ၁၉၇၃ ခုနှစ် New York မြို့မှ ရေဒီယိုတယ်လီဖုန်းကိုကိုင်ထားတဲ့ Motorola ဒုဥက္ကဋ္ဌ John F. Mitchell

၁၂။ ၁၉၅၀ ခုနှစ်ဝန်းကျင်က Philco Predicta တီဗီ

၁၃။ နှစ်ပေါင်း(၃၀၀)ခန့်ကြာပြီဖြစ်တဲ့ သုတေသနပြုလုပ်သူတွေ စာအုပ်(၇)အုပ်ကို တစ်ပြိုင်နက်တည်းဖွင့်ပြီး အသုံးပြုလို့ရတဲ့ စာကြည့်တိုက်သုံးပစ္စည်း

၁၄။ ၁၉၆၁ ခုနှစ် California မှ စက်တပ်ဆင်ထားသောစကိတ်နှင့်အတူ တွေ့မြင်ရသောလူတစ်ဦး

၁၅။ ၁၉၆၀ ခုနှစ်ဝန်းကျင်က တီဗီကြည့်မျက်မှန်

၁၆။ ၁၉၂၈ ခုနှစ် ဆိုဗီယက်ကျေးလက်သားများ ပထမဆုံးအကြိမ် ရေဒီယိုနားထောင်နေပုံ

၁၇။ ရှေးဟောင်းဂဏန်းတွက်စက်တစ်ခုကို ဘေးတိုက်မြင်တွေ့ရပုံ

၁၈။ ၁၉၂၅ ခုနှစ် အမေရိကန်နိုင်ငံ Montana ပြည်နယ်မှ တယ်လီဖုန်းအော်ပရေတာတစ်ဦး

၁၉။ ၁၉၆၁ ခုနှစ် Chicago စျေးရောင်းပြပွဲမှ (၄)လက်မ အထူသာရှိတဲ့ တီဗီ

၂၀။ ၁၉၄၄ ခုနှစ် FBI ရဲ့ လက်ဗွေဌာန
