လူ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ သေးငယ်သောဆဲလ်များကို သိပ္ပံပညာရှင်တွေရဲ့ အဏုကြည့်မှန်ပြောင်းတွေနဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဟာ ကမ္ဘာအသစ်ကြီးကို ဖွင့်ချပြလိုက်သလိုပါပဲ ။ ပြီးတော့ မကြာခဏဆိုသလို ဒီပုံတွေဟာ ဟိုးအဝေးတစ်နေရာမှာရှိနေတဲ့ နဂါးငွေ့တန်းကို တယ်လီစကုပ်ကနေ ကြည့်နေတဲ့ မြင်ကွင်းနဲ့တောင် တူနေပါတယ်။ ဥပမာအားဖြင့် – လူသားတစ်ယောက်မျက်လုံးရဲ့ အနီးကပ်ပုံဟာ အာကာသရဲ့တွင်းနက်ကြီးနဲ့ တူနေပြီး ကွဲပြားနေတဲ့ အဆီဆဲလ်လေးတွေကတော့ မားစ်နဲ့ တူနေပါတယ် ။ အာရုံကြော အစုအထုံးလေးတွေကတော့ စကြ၀ဌာကြီးကို ပတ်နေတဲ့ နဂါးငွေ့တန်းအတိုင်းပါပဲ ။ မျက်စိကို ပြူးကျယ်သွားစေမယ့် လူ့ခန္ဓာကိုယ်ထဲက စကြ၀ဌာကြီးရဲ့ ပုံ ၂၃ ပုံကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြဖို့ စာဖတ်ပရိသတ်ကြီးကို ဖိတ်ခေါ်လိုက်ပါတယ် ။ ဒီပုံတွေထဲက ဘယ်ပုံလေးကရော သင့်ကို အံ့ဩသင့်စေလဲ ဘာကြောင့် အံ့ဩစေတာလဲဆိုတာ ပြောသွားပေးကြဦးနော် ….
၁။ အာကာသတွင်းနက်ကြီးနဲ့တူနေတဲ့ လူသားတစ်ဦးရဲ့မျက်လုံး

၂။ မားစ်ဂြိုလ်နဲ့တူတဲ့ အဆီဆဲလ်

၃။ စကြ၀ဌာနဂါးငွေ့တန်းနဲ့ တူနေတဲ့ လူသားတစ်ဦးရဲ့ အာရုံကြော အထုံးအဖွဲ့များ

၄။ မျက်တောင်မွှေးနဲ့ အနီးတစ်ဝိုက်က အရေပြား

၅။ စတမ်ဆဲလ်ကနေ ဖြာထွက်လာတဲ့ အာရုံကြောအထုံးလေးများ

၆။ ဆံချည်မျှင်သွေးကြောကြားမှာ ညှပ်နေတဲ့ သွေးနီဥ ဆဲလ်များ

၇။ သွားအပေါ်ယံကြွေလွှာ ဖြစ်ပေါ်မှု

၈။ နားဖာချေး ထုတ်လုပ်ပုံ

၉။ လူသားတစ်ယောက်ရဲ့ နားအတွင်းဖက် နားစည်နားက Corti အစိတ်အပိုင်းကနေ
ထွက်ပေါ်လာသော အပြင်ဘက် အမွှေးအမျှင်ပါသော ဆဲလ်

၁၀။ လက်သည်းတစ်ခုရဲ့ အခြေ

၁၁။ ချက်ကြိုးထဲက ကော်လဂျင် အစုအဝေး

၁၂။ သွေးနီဥများ သွေးဖြူဥနဲ့ အစိမ်းရောင် သွေးဥမွှားတို့ကို ဖိုက်ဘရင်ကြိုးမျှင်လေးများနှင့်
ချိတ်ဆက်ထားပုံ

၁၃။ မှိုပိုးရဲ့ မျိုးဥတွေဟာ နှင်းခူလို့ခေါ်တဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်

၁၄။ အူအတွင်း နံရံ

၁၅။ သိုင်းရွိုက် ဂလင်း (လည်ပင်းတွင်ရှိသည်)

၁၆။ ကျောက်ကပ်ရဲ့ အခြေခံလုပ်ဆောင်မှု ယူနစ် Nephron

၁၇။ အဆုတ် လေပြွန်ရဲ့ အတွင်းနံရံ

၁၈။ စတမ် ဆဲလ်ကနေ အာရုံကြောထုံး ဖြစ်လာပုံ

၁၉။ လူသားတစ်ဦး၏ ကိုယ်ခံအားစနစ်တွေ ကာကွယ်ပေးသောဆဲလ်ဖြစ်သော ဒန်ဒရိုက်တစ် ဆဲလ်

၂၀။ လူခန္ဓာကိုယ်ရဲ့အူ အတွင်းထဲတွင် ပုံမှန်ရှိနေသော ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယား လပ်တို ဘတ်စလပ်စ်

၂၁။ T လင့်ဖ်ဖိုဆိုက်စ် ငြိမ်နေသောအဆင့်

၂၂။ ကျောက်ကပ် ပြွန်စနစ် ဆဲလ်

၂၃။ အဆုတ် လေပြွန်ရဲ့ အပေါ်ယံအလွှာ ဖြစ်လာပုံ
