အခုဆိုရင် မြန်မာနိုင်ငံမှာလည်း COVID – 19 ကိုဒုတိယလှိုင်းကို ခံစားနေကြရတဲ့အချိန်ဖြစ်ပါတယ်။ လူတွေအားလုံးက COVID – 19 ဒုတိယလိင်းကနေ ကျော်လွှားနိုင်ဖို့အတွက် အကုန်လုံးက စည်းလုံးဖို့လည်းလိုအပ်ပါသေးတယ်။ ကျွန်တော်တို့ဟာ နေ့စဉ် COVID – 19 ကိုဖြတ်ကျော်ဖို့အတွက် အိမ်တွင်း Stay Home နေကြရပေမယ့် အိမ်တိုင်းကို ကြည့်ုလိုက်မယ်ဆိုရင် အိပ်ခန်းနဲ့၊ မီးဖိုးချောင်၊ လသာဆောင်မရှိ၊ အိမ်နောက်ဖေးမရှိ၊ ရေချိုး၊အိမ်သာတစ်ခုဆီနဲ့ တစ်အိမ်သားလုံးမျှဝေပြီး အသုံးပြုကြရတာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်အိမ်ထဲမှာပဲ နေနိုင်ဖို့ဆိုတာ
ခက်ခဲပါတယ်။ ပန်းခြံထဲကိုသွားပြီး အပြေးလေ့ကျင့်တာလဲမရှိ Gym သွားလို့လဲ မရ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ဖို့ကလည်း အပြင်မထွက်ရင် မလွယ်ကူပါဘူး။ ဒါကြောင့် အိမ်ထဲမှာပဲနေပေမယ့် ပြင်ပကမ္ဘာနဲ့ ထိတွေ့ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုလုပ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
၁။ အိမ်မှာ ပန်းအိုးလေးတွေနဲ့ သစ်ပင်စိုက်ပါ။
ပန်းအိုးလေးတွေနဲ့ သစ်ပင်စိုက်တာက အိမ်တွင်းကို လေကောင်းလေသန့်ရစေတဲ့အပြင် သဘာဝနဲ့ ထိတွေ့ဆက်စပ်စေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အခန်းကျဉ်းလေးထဲမှာ နေပြီး သစ်ပင်စိုက်ထားမယ်ဆိုရင် စိတ်ကိုလည်းရွှင်လန်းစေနိုင်ပါတယ်။ ဒါ့အပြင် အပင်ကိုပါဂရုစိုက်တတ်သွားမှာဖြစ်ပါတယ်။
၂။ Online Google ကနေ အပန်းဖြေခရီးထွက်မယ်။
တိုးတက်လာတဲ့ခေတ်ကြီးမှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာပါတယ်။ တိုးတက်လာတဲ့ နည်းပညာကိုကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ Computer (သို့) Smart Phone တစ်လုံးရှိတာနဲ့ အိမ်အပြင်ကမ္ဘာအပြင်ဘက်ကိုတောင်သွားလည်လို့ ရနေပါပြီ။ ဒါကြောင့် ကိုယ်သွားချင်တဲ့ နေရာကို ရှာပြီး Online ကနေ လည်ပတ်လို့ရနေပါပြီ။ ဒါက ပိုက်ဆံလည်းမကုန်တဲ့အပြင် ကိုယ်သွားချင်တဲ့နေရာကိုရောက်အောင် သွားနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
၃။ ချယ်ရီပန်းပွင့်တာကိုကြည့်လို့ရပါတယ်။
ဂူဂဲလ်ရှိနေပြီး အင်တာနက်ရှိနေသမျှ ကိုယ်ကြည့်ချင်တာ၊ ကိုယ်လုပ်ချင်တာကို လုပ်လို့ရပါတယ်။ ချယ်ရီပန်းပွင့်တာကို ကြည့်လို့ရပါတယ်။ ဒါကြောင့်အိမ်မှာနေပြီး ဘယ်နေရာကိုမဆို သွားရောက်လို့ရါတယ်။ ပန်းပွင့်တာကိုကြည့်ပြီး အသေးစိတ်ကအစ ကြည့်လို့တောင်ရပါတယ်။
၄။ Livestream ကနေ ကမ်းခြေကို လည်ပတ်မယ်။
အင်တာနက်ရှိတာနဲ့ လည်ပတ်လို့လည်းရပါသေတးယ်။ ကိုယ်က ဘယ်ကိုသွားချင်လဲ ဘယ်နေရာကိုမဆိုသွားလို့ရပါတယ်။ ကြမ်းခြေသွားမလား။ ကမ်းခြေတွေမှာ ရှိနေတဲ့ Livestream တွေကနေ ကမ်းခြေမျိုးစုံကိုအလည်အပတ်သွားလို့ရပါတယ်။
အခုပြောပြခဲ့တာတွေက အပြင်ထွက်စရာမလိုဘဲ အိမ်ထဲကနေ ပြင်ပကိုရောက်သွားသလိုမျိုး လည်ပတ်နိုင်တဲ့အခွင့်အရေးတွေပဲဖြစ်ပါတယ်။