အနာဂတ်မှာဆင့်ကဲပြောင်းလဲကာဖြစ်ပေါ်လာမယ့်တိရစ္ဆာန်မျိုးစိတ်များ

ကျွန်ုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်ဟာ ထောင်နှင့်ချီသော အပင် နှင့်တိရစ္ဆာန်မျိုးစိတ်များပါဝင်သော ထူးခြားတဲ့ ဂေဟစနစ်ရှိပါတယ်။ထိုအရာတွေဟာအမြဲတမ်း အသစ်တဖန် ပြောင်းလဲနေပြီး ဘယ်တော့မှ တစ်ပုံစံတည်းရှိမနေပါဘူး။ဒါကြောင့်မို့အနာဂတ်မှာဆင့်ကဲပြောင်းလဲကာအသစ်တဖန်ဖြစ်ပေါ်လာခဲ့မယ့်တိရစ္ဆာန်မျိုးစိတ်တွေကဘာတွေဖြစ်မလဲဆိုတာကို ယခုဆောင်းပါးလေးထဲမှာစာဖတ်ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

(၁)Night stalker

© 12Doctor/Wikia

ပထမအနေနဲ့အနာဂတ်မှာပေါ်လာမယ့်သတ္တဝါတစ်ကောင်ကတော့ Manambulus perhorridus ဒါမှမဟုတ် Night stalkerလို့ခေါ်တဲ့ အကောင်ဖြစ်ပြီး ၎င်းဟာ ရှေ့ခြေထောက်ကြီးနဲ့ လမ်းလျောက်ပြီး လင်းနို့နှင့်လည်းတူပါတယ်။လမ်းလျောက်တဲ့ခြေထောက်ဟာ တစ်ခါက အတောင်ပံဖြစ်ခဲ့တယ်လို့မှတ်ယူနိုင်ပါတယ်။လင်းနို့တစ်ကောင်ကဲ့သို့ ၎င်းဟာ အမဲလိုက်ရန်အတွက် echolocation အပေါ်မှီခိုကြပြီး နားနဲ့ နှာခေါင်းဟာ အလွန်အားကောင်းကြပါတယ်။

(၂)Necropteryx

© Charlie1022/Wikia

ဒုတိယသတ္တဝါကတော့ ၇၀ လက်မ လောက်အမြင့်ရှိမယ့်သတ္တဝါတစ်ကောင်ကိုသင်တို့အနေနဲ့မြင်ယောင်ကြည့်ပါ။ငှက်များ၊ Raptors နှင့်လင်းတများကိုရောနှောပေါင်းစပ်ကာမျိုးစပ်ထားတဲ့မျိုးစိတ်ဖြစ်နိုင်ပါတယ်။၎င်းဟာ လူသေအရိုးများကိုစားပြီး ၎င်းရဲ့ ကြီးမားပြီး ထွက်နေသောနှုတ်သီးများဟာ အရိုးများကိုချိုးဖဲ့ရန် အတွက် အသုံးပြုပါတယ်။
ဤသားရဲများဟာ လမ်းလျှောက်ရာတွင်အလွန်ကောင်းမွန်ပြီးအစားအစာရှာဖွေရန်တစ်နေ့လျှင် ၁၀ ကီလိုမီတာအထိခရီးသွားနိုင်ပါတယ်။

(၃)Parashrew

© Speculanary/Wikia, © Speculanary/Wikia

နောက်ခန့်မှန်းထားတဲ့တိရစ္ဆာန်ကတော့ Pennatacaudus volitarius သို့မဟုတ် parashrewများဖြစ်ပြီးသူတို့ဟာတောင်တန်းဒေသများတွင်နေထိုင်နိုင်ကာသေးငယ်သောနို့တိုက်သတ္တဝါများဖြစ်ပါတယ်။ထီးနဲ့တူတဲ့ အမြှီးများကိုတော့ အကောင်ငယ်တွေသာအသုံးပြုပြီး ထိုအမြီးကိုတော့ အသိုက်ပြောင်းရွှေ့ရာတွင်အသုံးပြုကြပါတယ်။ထီးအမြီးဟာသတ္တဝါမျိုးရိုး၏ဆင့်ကဲဖြစ်စဉ်ရလဒ်ဘဲဖြစ်ပါတယ်။

(၄)Leaping Devil

© BlueFrackle/Wikia, © BlueFrackle/Wikia

နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့တိရစ္ဆာန်ကတော့ ခုန်ပေါက်နေသော Daemonops rotundus မျိုးဖြစ်နိုင်ပြီး ၎င်းဟာ သေးငယ်သော်လည်းသဲကန္တာရ တွင် လှည့်လည်သွားလာနေသော သားရဲတိရစ္ဆာန်မျိုးဖြစ်ပါတယ်။ဒီသားရဲ ရဲ့ခန္ဓာဟာ ငှက်မွှေးလိုဖြစ်နေတဲ့ ခြေထောက်များရှိပါတယ်။

(၅)Deathgleaner

© Speculanary/Wikia

နောက်ဆုံးတစ်ခုကတော့ ကြီးမားပြီး ဒိုင်နိုဆော မျိုးဆက် လင်းနို့တစ်မျိုးဖြစ်ပါတယ်။သူဟာ သူ့ရဲ့အတောင်ကိုဖြန့်လိုက်လျှင် ၁.၃မီတာ ရှည်ပါတယ်။သူတို့ဟာ အသက်ရှင်နေတဲ့အကောင်ကိုသတ်စားပြီး နေထိုင်ကျက်စားနိုင်တဲ့နေရာကတော့ မြောက်အမေရိကတိုက်မှာပဲဖြစ်ပါတယ်။

Leave a Comment