သင်္ကေတ များနှင့် အမှတ်တံဆိပ်ဆိုင်း တွေဟာ လူများစိတ်ထဲ၌ စွဲစွဲလန်းလန်း အမှတ်ရ မှတ်မိနေပေမယ့် အဲ့ဒီ သင်္ကေတများ ဖြစ်ပေါ်လာတဲ့ မူလအစ အကြောင်းကို မတွေးမိတတ်ကြပါဘူး။
(၁)ဖဲ ကတ်ပေါ်က သင်္ကေတများ
ဖဲကတ်ပေါ်က ပုံများဟာ အချို့အရာများကို ပုံကြမ်းဆွဲထားသော ပုံများဖြစ်ကြပါတယ်။ စပိတ် က ဓား ၊ ထောင့် က ဒင်္ဂါး ၊အသဲက ဖလား ၊ ညင်းက သစ်သားတုတ် များဖြစ်ကြပါတယ်။
ဒီသင်္ကေတ ပုံများကို ကတ်ပေါ်တွင် ဘာကြောင့် အသုံးပြုရသည်ကို ဘယ်သူမှ သေချာမသိကြပါဘူး။ ဒီ ကစားကတ်များဟာ ဥရောပ ကနေ တရုတ်နိုင်ငံသို့ ရောက်ရှိလာကြပါတယ်။ ကွဲပြားသော နယ်မြေများတွင် အခေါ်ဝေါ်ကွဲကြပါတယ် ၊ မှူးမတ် (သစ်သားချောင်း) ၊ဓမ္မဘုန်းတော်များ (ဖလား) ၊ကုန်သည်များ (ဒင်္ဂါး) နှင့် စစ်တပ်များဟာ (ဓား )များဖြစ်ကြပါတယ်။
(၂)ဦးခေါင်းခွံနှင့်အရိုး သင်္ကေတ
ဦးခေါင်းခွံ (အချို့တွင် အရိုးများဖြင့်)သင်္ကေတ များဟာ သေခြင်းတရား သာမက ထာဝရအသက်ရှင်ခြင်း ၊ ပြန်လည်လည်ရှင်သန်နိုင်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေသေဆုံးသည့် အခါ အရိုးများသည် မပျက်စီး အပြိုကွဲတတ်ကြပါဘူး။
ဒါကြောင့်မလို့ ဥရောပတွင် သင်္ချိုင်းဂိတ်များ ၊ အိုင်ကွန်များ ၊နှင့် ကျော်ကြားသော အနုပညာသမားများရဲ့ ပန်းချီတွေမှာ တွေ့ရတတ်ပါတယ်။
ပင်လယ်ဓားမြ သင်္ကေတကတော့ ဒီပုံပြင်များနဲ့မဆိုင်ပါဘူး။ စကားမစပ် ပင်လယ်ဓားမြ တွေမှာ သတ်မှတ်ထားတဲ့ ဘုံအလံမရှိပါဘူး၊ Black Jack ကအက်ဒွပ်အင်္ဂလန်ရဲ့အမှတ်အသားပဲဖြစ်ပါတယ်။ဦးခေါင်းခွံနှင့်အရိုးသင်္ကေတကို Treasure Island စာရေးဆရာ Robert Louis Stevenson မှ တစ်ဆင့် လူသိများခဲ့ကြပါတယ်။
(၃) Triquetra (သုံးမြောက်)
ရုပ်ရှင်ဇာတ်လမ်းတွေမှာပါတတ်တဲ့ ဒီသင်္ကေတဟာ အပြင်လောကတွင် အမှန်တကယ်တည်ရှိပြီး အလွန်ရှေးကျသော သမိုင်းကြောင်းရှိပါတယ်။ သူ့ကိုထရီကူထရာလို့ခေါ်ပါတယ်။ ဥရောပ နိုင်ငံ ကြေးဝါခေတ်ကာလတွင် ကောင်းကင်မှ နေရဲ့တည်နေရာ (နေထွက်ချိန် ၊ ဇင်းနစ် ၊ နေဝင်ချိန်)နှင့် လ ၏အဆင့်ဆင့်များကို မှတ်သားရန်အသုံးပြုခဲ့ကြပါတယ်။ရာသီဥတု သဘာဝ စက်၀န်း အတွက် လည်း အသုံးပြုခဲ့ကြပါတယ်။ သင်္ကေတသည် Celts နှင့် Scandinavians တို့တွင်ရေပန်းစားပါတယ်။
(၄)play, pause and stop
ဒီသင်္ကေတတွေကို ဘယ်သူတီထွင်ခဲ့လည်းဆိုတာသေချာမသိပါဘူး။အဆိုတစ်ခုအရတော့ အနုပညာရှင် Wassily Kandinskyဖြစ်ပြီး အခြားအဆိုအရတော့ ပထမဆုံးcassette ကစားနည်းဖန်တီးသူ Rain Wersemပဲဖြစ်ပါတယ်။stop နှင့် play သင်္ကေတရဲ့အဓိပ္ပါယ်ကတော့ စတုရန်းသည်တည်ငြိမ်သောပုံစံဖြစ်ပြီးတြိဂံသည်လှုပ်ရှားမှုသော ပုံစံဖြစ်ပါတယ်။pause သင်္ကေတသည် ဂီတစကားစုများကိုခွဲရန်အသုံးပြုသော “caesura” ဂီတသင်္ကေတမှတဆင့်ပြောင်းလဲခဲ့ပါတယ်။
(၅)Ichthus
Ichthus သည်ရှေးခေတ်ခရစ်တော်၏သင်္ကေတဖြစ်ပါတယ်။စကားလုံး၏ပထမအက္ခရာ Ἰησοὺς Χριστὸς Θεoς ῾Υιὸς Σωτήρ (ဘုရားသခင့်သားတော်၊ ကယ်တင်ရှင်ယေရှုခရစ်)သည် ΙΧΘΥΣစကားလုံးကိုပြုလုပ်ပြီး ၎င်းသည်ဂရိစကားအရငါးဟုအဓိပ္ပါယ်ရပါတယ်။ကုလားအုတ်ငှက်များခေတ်တွင်ခရစ်ယာန်များသည်သခင်ယေရှု၏နာမတော်ကိုပွင့်ပွင့်လင်းလင်းမရေးသားနိုင်ကြပါဘူး။ဒါကြောင့်သူတို့က “Ichthus” ဆိုတဲ့စကားလုံးပေါ်ထွက်လာပြီးငါးတစ်ကောင်ကိုပုံဖော်လိုက်ပါတယ်။ထိုအမှတ်အသားကို ကားကိုယ်ထည်တွင်တွေ့ရတတ်ပြီး သေချာတာကတော့ထိုကားကို ခရစ်ယာန်တစ်ဦးပိုင်ဆိုင်လောက်ပါတယ်။