ခေတ်မှီတဲ့ အမျိုးသမီးများဟာ သူတို့ရဲ့အသုံးဆောင်နဲ့ပတ်သက်ပြီး အဟောင်းဒီဇိုင်းထက်အသစ်ကိုပိုပြီး ရွေးချယ်တတ်ကြပါတယ်။ ဥပမာ 18ရာစုလောက်တွင် အိတ်ကပ်များကို အင်္ကျီနဲ့တွဲမချုပ်ပဲ စကတ်နားတွင် သီးခြားစီချုပ်ထားပါတယ်။အတိတ်ကာလက အချို့ အရာဝတ္ထုပစ္စည်းများဟာ ယခုခေတ်ရဲ့ခေတ်သစ်ဗားရှင်းများနှင့်အတော်လေးကွဲပြားခြားနားကြပါတယ်။
(၁)မျက်မှန်

ကမ္ဘာပေါ်ရှိရှေးခေတ်မျက်မှန်အများစုဟာ သင်ရဲ့အမြင်အာရုံတိုးတက်စေဖို့အတွက်ရည်ရွယ်တီထွင်ထားခြင်းမဟုတ်ပါဘူး။Inuit တီထွင်ခဲ့သော နှင်းဖုံးကာမျက်မှန်များဟုခေါ်သည့် မျက်မှန်များကိုတော့ Yupik လူမျိုးများဟာ သူတို့ရဲ့မျက်လုံးကို ဆီးနှင်းဒဏ်မှကာကွယ်ရန်တီထွင်ခဲ့ကြပါတယ်။မျက်မှန်များကို သစ်သား ၊ အရိုး သို့မဟုတ် တခြားသတ္တုများဖြင့်ပြုလုပ်ပြီး အပြင်အနည်းငယ်မြင်ရရုံသာရှိတယ်အပေါက်သေးလေးသာပါရှိပါတယ်။
(၂)ဇစ်ကဲ့သို့ပိုက်ဆံအိတ်ပိတ်တဲ့အရာ

ယခုခေတ်ကာလရှိ ဇစ်လိုမျိုးမဟုတ်ပါဘူး။သူဟာ သေးငယ်တဲ့ ပိုက်ဆံအိတ်ရဲ့ အပိတ်ပဲဖြစ်ပါတယ်။ သူ့တွင် ချဲ့ကားနိုင်တဲ့ ဘောင်များပါရှိပြီး ပိုက်ဆံအိတ်ကိုဖွင့်သည့်အခါ ဆန့်ပြီးပွင့်လာစေပါတယ်။
(၃)လုပ်ငန်းကတ်ထည့်သည့်အရာ

ခုပြထားတဲ့ပုံတွင် လုပ်ငန်းကတ် အတွက် အထိုင်ကိုအရင်က နှင့် ယခုပုံစံကိုဖော်ပြထားပါတယ်။ သစ်သားလိပ်ကြားတွင် စာရွက်အပိုင်းစကို သစ်သားလုံးအလေးကြောင့် တည့်မတ်စွာ ညှပ်မိစေမှာဖြစ်ပါတယ်။
(၄)မီးသတ်ဆေးဘူး

ဒီပစ္စည်းကတော့ ယနေ့ခေတ် မီးသတ်ဗူး လောက်သိပ်လုံခြုံမှုမရှိပါဘူး။အဲ့ဒီဖန်လုံးအတွင်းတွင် မီးသတ်နိုင်တဲ့ ဓာတ်ငွေ့များပါရှိပြီး မီးတောက်အတွင်းသို့ ပစ်ထည့်လိုက်သည့်အခါ ဖန်လုံးကွဲသွားပြီး ဓာတ်ငွေ့များနှင့် မီးငြိမ်းသတ်စေမှာဖြစ်ပါတယ်။သို့သော် ထုတ်လွှတ်သောအငွေ့များဟာ လူတို့အတွက်အလွန်အဆိပ်ဖြစ်စေပါတယ်။
(၅)ကွန်ပျုတာရဲ့ microchip

ကွန်ပျူတာရဲ့ အစိတ်အပိုင်းများဟာလည်း ခေတ်မီပြီး အချိန်ကြာလာသည်နှင့်အမျှအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ပုံမှာဖော်ပြထားတဲ့ အရင်ခေတ်ကပစ္စည်းလေးကတော့ကွန်ပျူတာ၏မှတ်ဉာဏ်အတွက်လုပ်ဆောင်ပေးသော 8-bit data chip ဖြစ်ပါတယ်။
(၆)ဂဟေဆော်သည့်ကရိယာ

ဂဟေဆော်သံကိုယ်ထည်နှင့် လက်ကိုင်ရဲ့ကြားကို ပုံမှန်အားဖြင့် ကြေးနီဖြင့်ပြုလုပ်ကြပါတယ်။ယခင် တုန်းကတော့ သစ်သားလက်ကိုင်ဖြင့်အသုံးပြုကြပြီး ထိုပစ္စည်းကတော့ခေတ်သစ်ဂဟေဆော်ပစ္စည်း များထက်အပူဒဏ်ပိုခံနိုင်ကြတယ်လို့ဆိုပါတယ်။