သဘာဝတရားကြီးရဲ့ လုပ်ဆောင်ချက်သို့မဟုတ်အခြားအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်စေ တိရစ္ဆာန်တွေဟာယဉ်ပါးလာပြီး တိရစ္ဆာန်ကမ္ဘာကြီးဟာလည်းအမြဲတိုးတက်လာနေပါတယ်။အချို့သတ္တဝါများသည် ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ သူတို့ရဲ့ပုံစံအရွယ်အစားတွေဟာ သူတို့ရဲ့မူလအစဘိုးဘေးများနဲ့ ဆင်တူနိုင်သော်လည်း သူတို့ရဲ့ပြောင်းလဲလာတဲ့ လုပ်ဆောင်ချက်တွေကတော့အရင်ကနဲ့မတူဘဲလုံးဝကွဲပြားသွားတာတွေကိုတွေ့မြင်နိုင်ပါတယ်။
(၁)ယဉ်ပါးလာသော သိုး

သိုးတွေဟာအလွန်ရှေးကျတဲ့အချိန်ကာလတွေတုန်းကရိုင်းစိုင်းတဲ့တောရိုင်းတိရိစ္ဆာန်တစ်ကောင်အဖြစ်သာရှိခဲ့ပါတယ်။mouflonဟူသောတောရိုင်းသိုးအမျိုးစားဟာ ယခုအချိန်မှာ ယဉ်ပါးလာတဲ့ သိုးတွေရဲ့ ဘိုးဘေးတွေဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဆင့်ကဲဖြစ်စဉ်၏ရလာဒ်အနေဖြင့် ယနေ့ခေတ်သိုးများဟာ သူတို့၏ဘိုးဘေးများထက် များစွာယဉ်ပါးလာတာကိုတွေ့နိုင်ပါတယ်။mouflons များသည်အများအားဖြင့်အညိုရောင်ဖြစ်သော်လည်းအိမ်မွေးသိုးများ၏အရောင်များသည် အဖြူရောင်၊ချောကလက်ရောင်၊အညိုရောင်တို့ဖြစ်ကြပါတယ်။အဖြူရောင်ရှိတဲ့သိုးတွေကိုအများအားဖြင့်မွေးမြူရတဲ့အကြောင်းရင်းကတော့ အဖြူရောင်သိုးမွှေးဟာအလွယ်တကူအရောင်ခြယ်ဆေးဆိုးနိုင်တာကြောင့်ဖြစ်ပါတယ်။
(၂)ယဉ်ပါးလာသော ဝက်များ

ယခုအခါပြည်တွင်းမှာမွေးမြူထားကြတဲ့ဝက်တွေဟာ တောရိုင်းဝက်မျိုးနွယ်တွေကနေဆင်းသက်လာကြတာဖြစ်ပါတယ်။ရှေးဟောင်းသုတေသနအထောက်အထားများအရ ဘီစီ ၁၃၀၀၀ မှ ၁၂,၇၀၀ အထိ မွေးမြူးရေးဝက်များသည် တောရိုင်းဝက်များဖြစ်ကြောင်းဖော်ပြထားပါတယ်။၎င်းတို့ကိုအများအားဖြင့်စားသောက်ရန်အတွက်မွေးမြူကြသော်လည်းအစောပိုင်းကာလယဉ်ကျေးမှုများအရ ထိုဝက်များသားရေများကို ဒိုင်းလွှားများ၊အမွေးထူထူတွေကို စုတ်တံများနှင့်အရိုးတွေကိုတော့ လက်နက်များအတွက် အသုံးပြုခဲ့ကြပါတယ်။နောက်ပိုင်းတွင်မွေးမြူခြင်းမှတဆင့်ယဉ်ပါးလာသောဆင့်ကဲပြောင်းလဲမှုအဖြစ် ထိုဝက်များရဲ့ ကြမ်းတမ်းသောအမွှေးများနဲ့ အစွယ်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။
(၃)နွားများ

သိပ္ပံပညာရှင်များကဥရောပ၊ အာရှနှင့်မြောက်အာဖရိကဒေသများ၌နေထိုင်ကြပြီးတောရိုင်းတိရစ္ဆာန်မျိုးစိတ် Aurochs သည်အိမ်မွေးတိရစ္ဆာန်နွားများ၏ဘိုးဘေးဖြစ်သည်ဟု ယူဆကြပါတယ်။ယနေ့ကျွန်ုပ်တို့မြင်တွေ့နေရသောကျွဲနွားများကို အထူးသဖြင့်နို့အမြောက်အများထုတ်လုပ်ရန် သို့မဟုတ် အသားထုတ်လုပ်ရန်အတွက်မွေးမြူကြပါတယ်။
(၄)မြင်းများ

ယနေ့ခေတ်မြင်းများသည် ယခုခေတ်တွင်မျိုးသုဉ်းပျောက်ကွယ်သွားသော Eurohippus မှပြောင်းလဲသွားသည်ဟုယူဆကြပါတယ်။Eurohippusဟာအကောင်သေးပြီး ပခုံးမှာ ၃၀-၆၀ စင်တီမီတာနှင့်၁၀ ကီလိုဂရမ်လောက်သာအလေးချိန်ရှိပါတယ်။မြင်းတွေရဲ့ဆင့်ကဲပြောင်းလဲလာမှုမှာ သစ်ရွက်တွေစားရာကနေ မြက်တွေပြောင်းစားလာတာကြောင့်လို့ယူဆကြပါတယ်။
(၅)ဆင်များ

Moeritherium ဟုခေါ်သောရွှံ့နွံနေသည့်တိရိစ္ဆာန်များကိုသိပ္ပံပညာရှင်များကယခုခေတ်ရဲ့ဆင်များနဲ့ဆက်စပ်မှုရှိမယ်လို့ယူဆကြပါတယ်။Moeritherium အရွယ်အစားဟာခန့်မှန်းခြေအားဖြင့် ကြံ့သူတော်အရွယ်အစားလောက်သာရှိမယ်လို့ဖော်ပြထားပါတယ်။