သိပ္ပံပညာရှင် တွေရှာဖွေတွေ့ရှိခဲ့သော ရှေးခေတ်ရဲ့ထူးဆန်းဖွယ်ရာများ

ရှေးဟောင်းသုတေသနပညာသည် ကျွန်ုပ်တို့ရဲ့အတိတ်ကာလ ကိုသိရှိနိုင်ဖို့အတွက် အရေကြီးဆုံးလေ့လာမှု တစ်ခုဖြစ်ပါတယ်။ဒီလိုရှာဖွေတွေ့ရှိမှုတွေထဲမှာ ကျွန်တော်တို့ရဲ့ခေတ်ပေါ်နည်းပညာနဲ့ဆင်တူလှတဲ့ထူးဆန်းတဲ့အရာအချို့လည်းရှိနေပြန်ပါတယ်။ဒီဆောင်းပါးလေးထဲမှာတော့ ထိုတွေ့ရှိမှုတွေထဲက ထူးဆန်းတဲ့အရာအချို့ကိုစုစည်းဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။

(၁)ထူးဆန်းနက်နဲသော တူရင်က အဝတ်စ


တူရင်က အဝတ်စ ဟာ ယေရူရဲ့ပုံတူကိုယ်ပွားပုံရိပ်ပါရှိတယ်လို့ယုံကြည်ကြပါတယ်။ပုံပြင် ဇာတ်လမ်းတွေအရ သခင်ယေရူဟာ လက်ဝါးကပ်တိုင်မှာ အသေခံပြီးနောက် သူ့ရဲ့အလောင်းကို ဒီအဝတ်စနဲ့ ပတ်ရစ်ခဲ့တယ်လို့ဆိုပါတယ်။နောက်ပြီးသူဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဝတ်စကို အနီးကပ်ကြည့်လျှင် မျက်နှာ ၊ ကိုယ်ခန္ဓာနှင့် သွေးကြောများကိုပင် ပုံနှိပ်ထားသလိုမြင်တွေ့ရတယ်လို့ဆိုပါတယ်။ သိပ္ပံပညာရှင်များကတော့ထိုအကြောင်းအရာတွေကိုလက်ခံသဘောတူခြင်းတော့မရှိပါဘူး။

(၂)၁၈၈၀ပြည့်နှစ်က ရှာဖွေတွေ့ရှိခဲ့သော ဦးချိုရှိသော ဦးခေါင်းခွံ

ဒီဦး ခေါင်းခွံကို ၁၈၈၀ ပြည့်နှစ်များတွင် အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်တွင်တွေ့ရှိခဲ့ပါတယ်။ဦးချိုမပါပဲ ဦး‌ခေါင်းရိုးကို လူ့ခန္ဓာဗေဒ ဖြင့် ကြည့်ရင်တော့သူဟာ သာမန် လူ့ဦးခေါင်းခွံတစ်ခုနဲ့တူညီပါတယ်။ ကံမကောင်းစွာနဲ့ပဲ သုတေသနကို မစတင်ခင်မှာ ဦးခေါင်းခွံဟာ ပျောက်သွားသောကြောင့် ဤ ဦးခေါင်းခွံ အစစ်မှန်တည်ရှိခဲ့ကြောင်း သက်သေပြငြင်းဆိုနေကြရပါတယ်။

(၃)၁၉ ရာစုအကုန်ပိုင်းတွင် အီစတာကျွန်း၌ တွေ့ရှိရသော အဓိပ္ပာယ်မဖော်ရသေးတဲ့ စကားဝှက်အရေးသားတစ်ခု

အီစတာကျွန်းဟာ သူရဲ့ရုပ်ထုများကြောင့်ကျော်ကြားပါတယ်။ သို့သော်ထိုနေရာတွင် ပို၍ စိတ်ဝင်စားစရာကောင်းသောအရာများရှိပါသေးတယ်။ဤကျွန်းတွင် အဓိပ္ပာယ်မဖော်ရသေးတဲ့ စာထွင်းထားသော သစ်သားပြား ၂၄ပြားရှိပါတယ်။ဒီသင်္ကေတများကို Rongorongo လို့ခေါ်ကြပါတယ်။ Rongorongoကိုနောက်ဆုံး ပိုင်ဆိုင်ခဲ့သူဟာ ၁၈၆၆ ခုနှစ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။

(၄)အေဒီ ၂ရာစုမတိုင်ခင်ထဲက ရှိနေသောNasca လိုင်းများ

ဒီအံ့သြဖွယ်ကောင်းတဲ့ မျဉ်းများကို ပီရူးနိုင်ငံရှိ Nasca ကုန်းပြင်မြင့်တွင်တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီက ရာသီဥတုက ခြောက်သွေ့နေသောကြောင့် မျဉ်းများကို ယနေ့တိုင် မြင်တွေ့နေရတာဖြစ်ပါတယ်။သူတို့ကို ဘာကြောင့် ရေးဆွဲခဲ့လဲဆိုတာကိုတော့ သင့်တော်တဲ့ ဖြေရှင်းချက်မရှိသေးပါဘူး။

(၅)ရှေးဓာတုလက်နက် (အေဒီ ၂၅၆)

၂၀ ရာစုအစတွင် ဆီးရီးယားနိုင်ငံ Dura-Europos ရှိတူးဖော်ထားသော ဥမင်လိုဏ်ခေါင်းတစ်ခုတွင် ရောမတပ်မှူး ၁၉ ဦး နှင့် ရှားပါးစစ်သည်တစ် ဦးရဲ့ရုပ်ကြွင်း ကိုတွေ့ရှိခဲ့ရပါတယ်။ သိပ္ပံပညာရှင်များဟာ သူတို့ကို ဥမင်လှိုဏ်ခေါင်းပြိုကျပြီး သေဆုံးခဲ့သည်ဟု ထင်ခဲ့သော်လည်းနောက်ထပ် သုတေသနပညာရှင်များဟာ အံဩဖွယ်ကောင်းတဲ့ အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ထိုအရာကတော့သူတို့ဟာရှေးခေတ်ရဲ့ဓာတုလက်နက်လိုအရာမျိုးတစ်ခုကြောင့်ဖြစ်တယ်လို့ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Leave a Comment