သိပ္ပံပညာရှင်များမဖြေရှင်းနိုင်သေးတဲ့နက်နဲသောအကြောင်းအရာများ

သိပ္ပံပညာရှင်များဟာ ကမ္ဘာပေါ်ရှိ အရာအားလုံးကိုလေ့လာပြီးခဲ့သည်ဟုထင်ရသော်လည်း အကုန်မလေ့လာနိုင်သေးပါဘူး။

(၁)ကြောင်တွေဘယ်လိုကြောင့်ညည်းကြလဲ?

ကြောင်တွေဟာသူတို့ပျော်ရွှင်နေတဲ့ချိန်တွင် ညည်းအော်နေတတ်တာကို ဘယ်သူမှသိပ်မသိကြပါဘူး။သူတို့ အော်နေတဲ့အချိန်မှာ သင်ဟာ သူတို့ရဲ့နှလုံးခုန်သံကိုတောင်ကြားရမှာမဟုတ်ပါဘူး။သိပ္ပံပညာရှင်များက ကြောင်များဟာ သူတို့ရဲ့ အသံကြိုးများနှင့် တုန်ခါသောအသံများကိုပြုလုပ်သည်ဟုဆိုပါတယ်။အော်လိုက်တဲ့အသံကြိမ်နှုန်းဟာ သူတို့ကို နေထိုင်ကောင်းစေပြီး အနာဒဏ်ရာများကို လျော့နည်းစေပါတယ်။ဒါကြောင့်ကြောင်တွေဟာ သူတို့စိတ်ဖိစိးတဲ့အချိန် နာကျင်တဲ့အချိန် မှာ ထိုကဲ့သို့အော်တတ်ကြပါတယ်။ဒါပေမယ့်သေသေချာချာအချက်ကျကျနဲ့တော့ဘယ်သူမှမဖြေရှင်းထားသေးပါဘူး။

(၂)သတ္တဝါအချို့က ဘယ်ကရောက်လာသလဲ?

credit photo

မျိုးစိတ်တော်တော်များများဟာ သူတို့‌ရဲ့ရှေးကဘိုးဘေးတွေမရှိကြတော့ပါဘူး။ကုန်းနေရေနေ သတ္တဝါများဟာ ရေထဲကငါးတွေကနေ ဘယ်လိုပြောင်းလဲလာလဲဆိုတာ ဘယ်သူမှသေချာမသိနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ပထမဆုံးကုန်းနေသတ္တဝါတွေဟာ ခြေလက်နှင့်ခေါင်းများ ကောင်းစွာဖွံဖြိုးနေသောကြောင့်ဖြစ်ပါတယ်။လွန်ခဲ့သောနှစ်ပေါင်း ၆၅ သန်းကသဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ဒိုင်နိုဆောများမျိုးသုဉ်းသွားသည်ဟုလည်းဆိုထားကြပါတယ်။အဲ့ဒီဖြစ်ရပ်ကိုကြည့်ပြီး နို့တိုက်သတ္တဝါမျိုးစိတ်ဟာ ဘယ်ကနေ ပေါ်လာခဲ့ပါသလဲ။

(၃)နွားတွေမှာ သံလိုက်အိမ်မြှောင်လိုအသိရှိတာလား?

credit photo

Google Earth ကို အသုံးပြုပြီး ထောင်နှင့်ချီသောကျက်စားသောနွားများ၏ရုပ်ပုံများကိုလေ့လာခဲ့ပြီးထူးဆန်းသောပုံစံတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။နွား ၇၀%ဟာ အစားစားသည့်အချိန်နှင့်ရေသောက်ချိန်တို့တွင် မြောက်ဘက်နှင့်တောင်ဘက်တို့ ခေါင်းလှည့်ထားတတ်ကြပါတယ်။မြေပြင်အနေအထား၊ ရာသီဥတုနှင့်အခြားမည်သို့ သောအချက်များပင်ရှိစေကာမူ တိုက်ကြီးများအားလုံးရှိ နွားများဟာ ထိုကဲ့သို့ဖြစ်ကြောင်းတွေ့ရှိရပါတယ်။

(၄)ဂျယ်လီလို့ပျစ်ခဲသောမိုးတွေကဘယ်လိုရွာလာတာလဲ?

credit photo

၁၉၉၄ ဩဂုတ်လတွင် ဝါရှင်တန် Oakville ၌ ထူးခြားသော ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။မိုးရွာမည့်အစားဂျယ်လီကဲ့သို့သောအရာများဟာ ကောင်းကင်မှကျလာခဲ့ပါတယ်။ထိုကဲ့သို့ရွှာပြီး နောက်တစ်နေ့တွင်လူများစွာသည်တုပ်ကွေးကဲ့သို့သောရောဂါလက္ခဏာများဖြစ်ပေါ်လာကြပြီး ခံစားခဲ့ရပါတယ်။သိပ္ပံပညာရှင်များဟာ ၎င်းကို ခွဲခြမ်းစိတ်ဖြာခဲ့ရာ ဗက်တီးရီးယားအမျိုးအစားနှစ်မျိုးရှိကြောင့်ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။တစ်ခုမှာ လူတွေရဲ့အစာခြေ စနစ်တွင် တွေ့ရတဲ့ပိုးလိုမျိုးဖြစ်ပြီး သိပ္ပံပညာရှင်များဟာ ဘက်တီးရီးယားနှင့် ဖြစ်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်သော ကပ်ရောဂါ ဆက်စပ်မှု အကြောင်းကိုတော့ ရှာမတွေ့ကြသေးပါဘူး။

(၅)အမှောင်ထုဆိုတာဘာလဲ?

credit photo

စကြာ၀ဠာကြီးရဲ့ ၂၇%ဟာ မှောင်မိုက်သော နေရာများပဲဖြစ်ပါတယ်။အဲ့ဒီေနရာများဟာ လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်များ ထုတ်လွှတ်ခြင်း သို့မဟုတ် အပြန်အလှန်မပြုလုပ် မဖြစ်ပေါ်သောကြောင့် ၎င်းကိုရှာဖွေရန်မဖြစ်နိုင်ပါဘူး။မှောင်မိုက်တဲ့အရာများနှင့် ပက်သတ်သော ပထမဆုံးသီအိုရီများဟာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ခန့်ကပေါ်ထွက်ခဲ့ပါတယ်။ဒါပေမဲ့ သိပ္ပံပညာရှင်များဟာ တည်ရှိကြောင်းကို တိုက်ရိုက်ဖော်ပြတဲ့ သက်သေအထောက်ထားများကို မတင်ပြခဲ့ကြပါဘူး။

Leave a Comment