လက်ရှိကမ္ဘာမြေပေါ်တွင် မျိုးသုဉ်းသွားသော မျိုးစိတ်များစွာရှိသည်မှာ ကျွန်ုပ်တို့သိရှိပြီး ဖြစ်မှာပါ။ ထိုအရာတွေက အံ့ဩစရာတော့ မဟုတ်လောက် တော့ပါဘူး။ ကံကောင်းတာက ကျွန်တော်တို့ ကမ္ဘာပေါ်က သိပ္ပံပညာရှင်များဟာ မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်တဲ့ ထိုတိရစ္ဆာန်ကြီးများကို ပြန်လည်ခေါ်ဆောင်ကာ ရှင်သန်စေဖို့ကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။
(၁) အမွှေးရှည်ဆင်ကြီး
အရွယ်အစား : အထီးများရဲ့ ပခုံးက အမြင့် ၈.၉ ပေ နှင့် ၁၁.၂ ပေ ကြားမြင့်ပြီး အလေးချိန်က ၆ တန်ခန့် ရှိကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အာရှအရှေ့ပိုင်း ။
မျိုးသုဉ်းခဲ့သောကာလ : လွန်ခဲ့သော နှစ် ၄၀၀၀ ခန့်။
ဆက်နွယ်သောမျိူးစိတ် : အာဖရိက ဆင်။
(၂) တောရိုင်းမြင်းကျား
အရွှယ်အစား : အမြင့်က ၄.၅ ပေခန့်မြင့်ကြပြီး ၈.၅ ပေရှည်လျားကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အာဖရိက တောင်ပိုင်း။
မျိူးသုဉ်းခဲ့သောကာလ: ဆယ့်ကိုးရာစု နှောင်းပိုင်း။
ဆက်နွယ်သောမျိူးစိတ် : မြင်းကျား ။
(၃) ဆင် အရွယ်အစားလောက် ရှိတဲ့ ငှက်ကြီး
အရွယ်အစား : အလေးချိန် ပေါင် ၁၆၀၀ ခန့်ရှိပြီး အမြင့်ပေ ၉.၈ ပေ ခန့် မြင့်ကြပါတယ်။
နေထိုင်ခဲ့သောနေရာ : မက်ဒါဂတ်စကာ
မျိုးသုဉ်းခဲ့သောကာလ : အေဒီ ၁၀၀၀ မှ ၁၂၀၀ ကြားခန့်။
ဆက်နွယ်သောမျိုးစိတ် : ကီဝီ ငှက်။
(၄) ဘိုင်ဂျီ (တရုတ်နိုင်ငံ မြစ်များတွင် ကျက်စားတဲ့ လင်းပိုင် )
အရွယ်အစား : အထီးများဟာ အလျား ၇.၅ ပေရှည်ပြီး အမကောင်များဟာ ၈.၂ ပေ ရှည်လျား ကြီးထွားကြပါတယ်။
နေထိုင်ခဲ့သောနေရာ : တရုတ်နိုင်ငံ။
မျိုးသုဉ်းခဲ့သောကာလ : 2002 ခုနစ်။ (သိပ်မကြာသေး)
ဆက်နွယ်သောမျိုးစိတ် : တရုတ်လင်းပိုင်ဖြူ။
(၅) သင်းခွေချပ်အကြီးစား Glyptodont
အရွယ်အစား : ၁၂ ပေရှည်လျားပြီး ၁.၅ ပေအထက် မြင့်ကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အမေရိက တောင်နှင့်မြောက်ပိုင်း။
မျိုးသုဉ်းခဲ့သောကာလ : လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ နှင့် ၈၀၀၀ အကြား။
ဆက်နွယ်သောမျိုးစိတ် : သင်းခွေချပ်။
(၆) Pyrenean တောင်ဆိတ်ကြီး
အရွယ်အစား : ခန္ဓာကိုယ်က ၅ ပေထိရှည်လျားပြီး ပုခုံးထိအမြင့်မှာ ၃၀ လက်မ ရှိကြပါတယ်။
နေထိုင်ခဲ့သောနေရာ : ဥရောပ အနောက်တောင်ပိုင်း။
မျိုးသုဉ်းခဲ့သောကာလ : နောက်ဆုံးအသက်ရှင်နေထိုင်တဲ့ Purenean တောင်ဆိတ်က ၂၀၀၃ ခုနစ်တွင်မွေးဖွားခဲ့ပြီး အဆုတ်ချွတ်ယွင်းမှုကြောင့် မွေးပြီး ၇မိနစ်အကြာတွင် သေဆုံးသွားခဲ့ပါတယ်။
ဆက်နွယ်သောမျိုးစိတ် : တောင်ဆိတ်ရိုင်း ။
(၇) ဒိုဒို ငှက်
အရွယ်အစား : အမြင့် ၃.၃ ပေ။
နေထိုင်ခဲ့သောနေရာ : မော်ရစ်ရှပ်နိုင်ငံ ( Mauritius)။
မျိုးသုဉ်းခဲ့သောကာလ : ၁၇ ရာစုအတွင်း ။
ဆက်နွယ်သောမျိုးစိတ် : နီဂိုဘာ ခို။
(၈) တက်မေနီးရန်း ကျား
အရွယ်အစား : ၃၉ လက်မနှင့် ၅၁ ကြားရှည်လျားပြီး ၂၄ လက်မ မြင့်ကြပါတယ်။
နေထိုင်ခဲ့သောနေရာ : နယူးဂီနီယာ နှင့် ဩစတြေးလျ။
မျိုးသုဉ်းခဲ့သောကာလ : ၂၀ ရာစုနှစ်ပိုင်းတွင်း။
ဆက်နွယ်သောမျိုးစိတ် : တက်မန်းနီးရန်း တောရိုင်း ကျားနှင့် numbat။
(၉) ကုန်းပိုင်း တောရိုင်းအကြီးစားဝက်ဝံ။
အရွယ်အစား : ပေ ၂၀ ရှည်လျားပြီး အလေးချိန်ပေါင် ၆၆၀၀ ခန့် လေးကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အမေရိက တောင်ပိုင်း ။
မျိုးသုဉ်းခဲ့သောကာလ : လွန်ခဲ့သောနှစ်ပေါင်း ၁၁၀၀၀ ၀န်းကျင်အတွင်း။
ဆက်နွယ်သောမျိုးစိတ် : ၀က်ဝံ။
(၁၀) အစွယ်ရှည်ပါသော ကျား
အရွယ်အစား : အကြီးဆုံးမျိုးစိတ်တွေက ပေါင် ၄၈၅ မှ ၉၆၁ အကြား အလေးချိန် ရှိကြပြီး ၃၉ လက်မ မြင့်ကြပါတယ်။
နေထိုင်ခဲ့သောနေရာ : အမေရိက တောင်ပိုင်းနှင့် မြောက်ပိုင်း ။
မျိုးသုဉ်းခဲ့သောကာလ : လွန်ခဲ့သော နှစ်တစ်သောင်းခန့်။
ဆက်နွယ်သောမျိုးစိတ် : ကျား။