သိပ္ပံပညာရှင်တွေမဖြေရှင်းနိုင်သေးတဲ့ကမ္ဘာ့အနက်ရှိုင်းဆုံးလှိုဏ်ဂူတွေထဲကလေ့လာတွေ့ရှိချက်များ

ကမ္ဘာပေါ်တွင် စိတ်ရှုပ်ထွေးစရာ အကောင်းဆုံး သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များကို ရှေးဟောင်းဂူတစ်ချို့မှာရှာဖွေတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီဂူများဟာ လျှို့ဝှက် ဆန်းကြယ်ပြီး ဘယ်လောက်နက်ရှိုင်းလဲဆိုတာ ကျွန်ုပ်တို့ကိုတွေး‌မိစေမှာပါ။ ဂူတိမ်ပိုင်း ထဲကိုဝင်ပြီး စူးစမ်းလေ့လာသူတွေဟာ ပြန်ထွက်လာနိုင်ကြပေမဲ့ အလွန်နက်တဲ့ ဂူထဲ ဝင်မိသူတွေကတော့ အမှောင်ထုကြားမှာပျောက်ကွယ်သွားခဲ့ရပါတယ်။ထိုနက်ရှိုင်းလှတဲ့ ဂူတွေထဲမှာတော့ ရှေးဟောင်း အခေါင်းတလားများ ၊ သဂြိုလ်ထားသည့်နေရာများ နှင့် ရှေးကျလွန်းတဲ့သက်ရှိသတ္တဝါအချို့ကိုပင် ‌တွေ့ရှိရပါတယ်။

(၁)ရှေးခေတ် လောကရဲ့ ကျန်ရှိ‌သေးတဲ့ လက္ခဏာများလား??

Twitter via @mexico

ဒီဂူထဲတွင် သိပ္ပံပညာရှင်များဟာ ဧရာမ ကျောက်သလင်းများထဲ၌ သက်ရှိတွေရှင်သန်ခဲ့ကြတဲ့လက္ခဏာတွေကို တွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ ဂူအတွင်း စူးစမ်းလေ့လာစဉ် သက်ရှိများ အသက်ရှင်တဲ့လက္ခဏာကို တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။သို့ပေမဲ့ သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ အရာများဟာ လွန်ခဲ့သော နှစ်ပေါင်း ၅၀,၀၀၀ ၀န်းကျင်ခန့်ကဖြစ်ပါတယ်။ ဒီလက္ခဏာများကို တွေ့ရှိခဲ့တဲ့ ဂူဟာ မက္ကဆီကိုနိုင်ငံ နိုင်းကာ တွင် တည်ရှိပါတယ်။

(၂)ရေအောက်ရှာဖွေမှုတစ်ခု

Wikimedia

မာဒါဂက်စကာရှိရေအောက်ဂူတစ်ခုတွင်ရေငုပ်သမားများသည် ဧရာမ lemurs ၏အရိုးများကိုတွေ့ရှိခဲ့ပါတယ်။ အချို့ lemur ကောင်များဟာ Gorillas ကဲ့သို့ ကြီးမားသည်ဟု ဆိုကြပါတယ်။ သို့သော် ဒီရေအောက်ဥမင်ထဲကို အရိုးများဟာ မည်သို့ရောက်ရှိသွားသည်ကိုမူရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ သိပ္ပံပညာရှင်များကတော့ သူတို့ဟာ အောက်ထဲကျခဲ့ပြီးရေစီးကြောင်းကြောင့် ဖြေးဖြေးချင်းတွန်း ရွေ့ကာရောက်သွားခြင်းဖြစ်နိုင်သည်ဟုယူဆကြပါတယ်။လူသားများ မတိုင်မီ အချိန်ကရှေးကမ္ဘာကြီးဟာဧရာမသတ္တဝါများကျက်စားခဲ့တာဖြစ်နိုင်ပါတယ်။

(၃)Hellfire caves(ငရဲမီး ဂူ)

Wikimedia

တစ်ခါတစ်ရံ ဂူများဟာ အကြောင်းရင်းများစွာရှိသောကြောင့် သင့်ကို ဂူအထဲသို့မဝင်ဖို့တားမြစ်ပါလိမ့်မယ်။ဒီဂူကတော့အင်္ဂလန်နိုင်ငံအရှေ့တောင်ခြမ်းရှိ Wycombeအနောက်ဘက်တွင် တည်ရှိပြီး ထိုဂူများသည်ထွင်းထုထားသလိုဖြစ်နေသောကြောင့် အာရုံများကို ဖမ်းစားနိုင်ပါတယ်။ ပုံရှိ ရုပ်ထုပုံစံဟာ မကောင်းဆိုးဝါးနှင့်တူနေပါတယ် ။ ဒါကြောင့်မလို့ ဒီဂူရဲ့အမည်ဟာ ငရဲမီး ဂူလို့ခေါ်ကြခြင်းဖြစ်ပါတယ်။ထိုရုပ်ထုတွေကြောင့်ထိုဂူများဟာလူတွေထွင်းထုခဲ့တာများလားဆိုပြီးသံသယဖြစ်နေစေပါတယ်။

(၄)Snottite

Flickr

ရှည်လျားပြီး တွဲလောင်းကျနေတဲ့ ထိုပြစ်ချွဲချွဲ အရာများဟာ ပျံတတ်တဲ့ အင်းဆက်ပိုးမွှားများ အတွက် ထောင်ချောက်ဆင်ပြီး စောင့်ဆိုင်းနေပါတယ်။ ဒီအရာကို မက်ဆီကိုနိုင်ငံ တာဘာစကိုရှိ ဂူတွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ပိုးမွှားတွေကိုအပေါ်မျက်နှာကျက်ကနေချိတ်ဆွဲထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။(ယင်ကောင်ဖမ်းတဲ့အရာလိုပေါ့)

(၅)လင်းနို့များ

Facebook

လင်းနို့တွေဟာ ဂူထဲမှာနေထိုင်ကြတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ထို့အပြင် Samal ကျွန်းရှိ Barangay Tambo တွင်လင်းနို့များပြားစွာနေထိုင်ကြပါတယ်။ ဂူရဲ့အနက်ကို သေချာ မသိရပေမဲ့ အနက် ၂၄၅ပေ ၀န်းကျင်သာရှိမယ်လို့ခန့်မှန်းရပါတယ်။လင်းနို့များဟာ ကျွန်ုပ်တို့ကို ဂူတွေရဲ့ သဘာဝ သတ္တဝါတစ်ခုအဖြစ်ဖန်တီးပေးထားတာ လားဆိုတာတွေးစရာတစ်ခုဖြစ်စေပါတယ်။

Leave a Comment