သိပ္ပံပညာနဲ့ဖြေရှင်းနိုင်ဖို့ခက်ခဲနေတဲ့ကမ္ဘာကြီးပေါ်ကမူမမှန်တဲ့အရာများ

ကျွန်တော်တို့ကမ္ဘာကြီးရဲ့ ပုံမှန်နေရာတွေဟာ ဘယ်တော့မှ သင့်ကို အံအားသင့်စေမှာမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းမှာ အံဩဖွယ် အရာတွေရှိကြောင်းကို စူးစမ်းရှာဖွေသူများသာ ယုံကြည်ကြပါတယ်။ဒီဆောင်းပါးထဲမှာတော့ ထူးဆန်းမှုတွေပြည့်နေတဲ့ကမ္ဘာကြီးပေါ်ကပုံမှန်မဟုတ်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) အိန္ဒိယနိုင်ငံရှိ Gravity hills

အကယ်၍ သင်ဟာ သင့်ကားကို ဒီတောင်အောက်မှာရပ်ထားမိလျှင် ကားဟာ တ‌ဖြေးဖြေး ‌တောင်ပေါ်သို့ ရွေ့ပြီးတက်သွားပါလိမ့်မယ်။ ထိုတောင်ကုန်းမှာတော့ ကားကို တောင်အထက်သို့ ဆွဲတက်စေနိုင် တဲ့မမြင်နိုင်သော စွမ်းအားအချို့‌ရှိနေပါတယ်။ဒီဖြစ်ရပ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ ရှင်းပြချက်တွေမရှိ‌သော်လည်း အချို့က ဒီဆွဲငင်အားကြီးတဲ့တောင်ဟာ ထင်ယောင်ထင်မှားဖြစ်စေရန် ဖန်တီးထားသည်ဟု ထင်မြင်ကြပါတယ်။

(၂)Dolmens (Roknia၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ စကင်ဒီနေးဗီးယား၊ ရုရှား)

ရှေးဟောင်းကျောက်တုံးကျောက်ခဲများနဲ့ စားပွဲခုံ ပုံစံလိုမျိုးအရာများကို ကျွန်ုပ်တို့ ကမ္ဘာ‌ဂြိုလ်ပေါ်ရှိ မတူညိတဲ့နေရာဒေသများစွာမှာ တွေ့ရှိရတတ်ပါတယ်။ရှေးဟောင်းသုတေသနပညာရှင်များက ၎င်းတို့ကိုရှေးခေတ် ဘုန်းတော်ကြီးများ၏သင်္ချိုင်းများဟုမှတ်ယူထားကြပါတယ်။ ထိုနေရာမှာတော့ အချိန်တွေပြောင်းပြန်ဖြစ်တာရပ်တန့်တာတွေနဲ့ တခြားအရာဝတ္တုပစ္စည်းများကို ထူးဆန်းစွာ တုန့်ပြန်ပြုမူ တတ် ပါတယ်။

(၃)Eternal Flame Falls, USA(အမေရိကန်နိုင်ငံရှိ ထာဝရမီးလျှံရေတံခွန်)

Eternal Flame ရေတံခွန်ကမီးတောက်ဟာ ဟာသဘာဝတရားကြောင့် အလိုလျောက် ဖြစ်ပေါ် လာတဲ့ ထူးခြားတဲ့ ရေတံခွန်မီးတောက်တစ်ခုလည်းဖြစ်ပါတယ်။ ထိုမီးတောက်ဖြစ်ပေါ်လာရသည်မှာ သဘာဝဓာတ်ငွေ့ ထွက်နေသော သေးငယ်တဲ့ အပေါက် များကြောင့် ဖြစ်ပေါ်နေရကြောင်း ရှင်ပြထားပါတယ်။ တစ်ခါတစ်ရံ မီးတောက်ဟာ ငြိမ်းသွားပြီး မီးပြန်တောက်ရန် အချိန်ပြန်ယူရပါတယ်။ အချို့တွေကတော့ ပြန်လည်မီးတောက်လာလျှင် လူများရဲ့ ကံကြမ္မာနှင့်ကံကောင်းခြင်းတွေကိုခံစားရလိမ့်မယ်လို့ယုံကြည်မှုတွေရှိကြပါတယ်။

(၄)ချက်သမ္မတနိုင်ငံ ရှိ Czech catacombs

ရှေးဒဏ္ဍာရီ တုန်းက Czech catacombs ရဲ့အတွင်းပိုင်းကနေအသံတွေထွက်ပေါ်လာတယ်လို့ဆိုကြပါတယ်။
၁၉၉၆ ခုနှစ်မှာတော့သိပ္ပံပညာရှင်များဟာ ထိုနေရာကို စတင်မှတ်တမ်းတင်ခဲ့ပါတယ်။ မြေအောက်လမ်းကြောင်းဟာပေ ၃၀ နက်ပြီး ထိုကဲ့သို့သော အသံထွက်ပေါ်နိုင်လောက်တဲ့ ဂီတ တူရိယာ လိုပုံစံ နှင့် ကိုက်ညီသော အရာလည်းမရှိပါဘူး။ တွေ့ကြုံခဲ့ဖူးတဲ့ လူအ များရဲ့ ‌ခြောက်ခြားခြင်းဖြစ်ကြောင်းကို ရှင်းလင်းအဖြေထုတ်နိုင်ဖို့ မျက်မြင်ကိုယ်တွေ့ကြားခဲ့ရ သူများကို စိတ်ပညာရှင်များကစစ်ဆေးခဲ့ကြပါတယ်။ အဓိကကြားရတဲ့အသံကတော့ စူးရှတဲ့လှိုဏ်ခေါင်း သံ တစ်မျိုးဖြစ်တယ်လို့ဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ စမ်းသပ်မှုများဟာ စေ့စပ်မှု သေချာမရှိဘူးလို့ကောက်ချက်ချခဲ့ကြပါတယ်။

Leave a Comment