သမိုင်းတစ်လျှောက်လှုပ်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး ငလျင်များ

ကမ္ဘာမြေကြီးပေါ်တွင် ငလျင်များဟာ နှစ်ပေါင်းများစွာ အမြဲတမ်း လှုပ်ခတ်နေကြပါတယ်။ယခုဆောင်းပါးမှာတော့ သမိုင်းတစ်လျှောက်လှုပ်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး ငလျင်တွေအကြောင်းကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

(၁)အာသံ၊တိဘက် ၁၉၅၀(ပမာဏ ၈.၆)

@credit photo owner

အာသံပြည်နယ်နှင့်တိဘက်အရှေ့ခြမ်းတစ်လျှောက်တွင်သဲငလျင်လှုပ်ခတ်မှုများ၊ မြေပြိုမှုများနှင့်မြေအက်ကွဲမှုများကြောင့်လူ ၁၅၀ ခန့်သေဆုံးခဲ့ကြပါတယ်။ထိုလှုပ်ခတ်မှုသည် အလွန်ကြီးမားပြီးတရုတ် Sichuan ပြည်နယ်နှင့် Calcutta (အိန္ဒိယ) တို့ကိုလည်း ထိခိုက်စေခဲ့ပါတယ်။

(၂)အင်ဒိုနီးရှားမြောက်ပိုင်းဆူမတြား ၂၀၀၅(ပမာဏ ၈.၆)

@credit photo owner

ဆူမတြားမြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့်လူတစ်ထောင်ကျော်သေဆုံးကာထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပြီးအများစုမှာအင်ဒိုနီးရှားနိုင်ငံ Nias မှဖြစ်ပါတယ်။ထိုငလျင်ဟာအိန္ဒိသမုဒ္ဒရာ၏မျက်နှာပြင်အောက်တွင်ဖြစ်ပေါ်ခဲ့ပြီး Eurasian plate ကို Indo-Australian Plate မှတွန်းလိုက်တာကြောင့်ဖြစ် ပေါ်လာတာဖြစ်ပါတယ်။

(၃)Rat ကျွန်း၊ Alaska၊ ၁၉၆၅(ပမာဏ ၈.၇)

@credit photo owner

ငလျင်ကြောင့် ၁၀မီတာကျော်ဆူနာမီလှိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့သော်လည်း ထိုငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ မရှိခဲ့ပါဘူး။ဆူနာမီလှိုင်းသည်ဟာဝိုင်အီကျွန်းတွင်စတင်ခဲ့ပြီးနောက်ဆုံးတွင်ဂျပန်သို့ပျံ့နှံ့သွားခဲ့ပါတယ်။ပြီး‌ေနာက်မှာ‌ေတာ့ နောက်ဆက်တွဲဆိုးကျိုး‌ တွေဖြစ်တဲ့
ကတ္တရာပြေးလမ်းများကွဲအက်ခြင်းနဲ့သစ်သားအဆောက်အဦး များပြိုကျခြင်းလည်းမရှိ‌ခဲ့ပါဘူး။

(၄)အီကွေဒေါကမ်းခြေ ၁၉၀၆ခုနှစ်(ပမာဏ ၈.၈)

@credit photo owner

ဤ ၈.၈ ပမာဏရှိတဲ့ကြီးမားတဲ့လှုပ်ခတ်ကြောင့်ဆူနာမီအတွင်း လူပေါင်း ၅၀၀ မှ ၁၅၀၀ကြား သေဆုံးမှုတွေရှိခဲ့ပါတယ်။ငလျင်သည် S. American Plate နှင့် Nazca plate အကြားနယ်နိမိတ်တစ်လျှောက်တွင်ဖြစ်ပွားခဲ့ပါတယ်။

(၅)ချီလီနိုင်ငံ Mauleမြို့ရဲ့ကမ်းလွန်ဒေသ ၂၀၁၀ခုနှစ်(ပမာဏ၈.၈)

@credit photo owner

ချီလီငလျင်သည်အင်အားပြင်းငလျင်တစ်ခုဖြစ်ခဲ့ပြီးလူငါးရာသေဆုံးကာရှစ်သိန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။စုစုပေါင်းလူဦးရေ ၁.၈ သန်းကျော်ထိခိုက်ခဲ့ပြီးစီးပွားရေးပျက်စီးမှုများမှာလည်းဒေါ်လာဘီလီယံသုံးဆယ်ခန့်ရှိပါတယ်။

(၆)Kamchatka ကျွန်းဆွယ်၊ ရုရှား ၁၉၅၂ခုနှစ်(ပမာဏ ၉)

@credit photo owner

Kamchatka ရှိရုရှားမြေငလျင်သည်ပထမဆုံးပြင်းအားပမာဏ ၉ ရှိသောငလျင်ဖြစ်ပြီး ၄၃ ပေရှိသောဆူနာမီလှိုင်းကိုဖြစ်ပေါ်စေကာ Crescent City, Calif မြို့အားပြင်းထန်စွာပျက်စီးစေခဲ့ပါတယ်။အံ့သြစရာကောင်းလောက်အောင်အသက်ဆုံးရှုံးမှုမရှိခဲ့ပေမယ့်ပိုင်ဆိုင်မှုများပျက်စီးဆုံးရှုံးတာက‌တော့စုစုပေါင်းဒေါ်လာတစ်သန်းအထိရှိခဲ့ပါတယ်။

Leave a Comment