လူနဲ့အခြားတိရစ္ဆာန်အကြားတွင် ပုံမှန်မဟုတ်တဲ့ မတူညီသော လေ့လာချက်များကြောင့် ဆက်ဆံမှုပုံစံ တွေဟာ ရွေးချယ်ထားတဲ့ တိရစ္ဆာန်ပေါ်မူတည်ပြီးကွဲပြားသွားကြပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်ထားခြင်းဟာ ကျွန်ုပ်တို့အတွက် ကျန်းမာပျော်ရွှင်စေပြီး အကျိုးများစွာရှိသည်ကို လူတော်တော်များများသိကြပါတယ်။ ဒါပေမဲ့ ဒီလိုတိရစ္ဆာန်တွေဆိုရင်ကော ဒီအချက်တွေကမှန်နိုင်ပါဦးမလား။?
(၁)Theodore Roosevelt’s Josiah

ထိုခွေးတူဝက်တူ အကောင်ငယ်လေးကို Theodore Roosevelt အမေရိကန်အနောက်ဘက်ကိုသွားတဲ့ရထားလမ်းခရီးမှာ ၁၂နှစ်အရွယ်ကောင်မလေး Pearl Gorsuch က လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။Rooseveltကထိုအကောင်လေးကို အိမ်သို့ခေါ်ဆောင်လာပြီး သူ့၏သား Archi အားပေးခဲ့ပါတယ်။ထိုအကောင်လေးကို Josiah ဟုခေါ်ပြီး Josiahဟာ တစ်ခါတစ်ရံ လူတွေရဲ့ ခြေထောက်ကိုကိုက်တတ်ပြီး မျက်နှာကိုတော့ ဘယ်တော့မှကိုက်လေ့မရှိလို့ တော်တော်လေးချစ်စရာကောင်းတယ်လို့ Archi ကပြောပါတယ်။
(၂)ဂီတဘုရင် Elvis Presley ၏အိမ်မွေးတိရစ္ဆာန်

ထိုအိမ်မွေးတိရစ္ဆာန် သားပိုက်ကောင်လေးကို booking ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ Lee Gordon က ဂီတဘုရင်ဖြစ်ခဲ့ဖူးသော Elvis Presley ကိုပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Elvis က ထိုသားပိုက်ကောင်ကို Memphisတိရစ္ဆာန်ရုံသို့ လှူဒါန်းခဲ့ပါတယ်။
(၃)Tippi Hedren’s Lion, Neil

မင်းသမီး Tippi Hedren ၊သူမ၏ ခင်ပွန်း Noel Marshallနှင့် သူတို့၏သမီး Melanie Griffith တို့ဟာ ခြင်္သေ့ နှင့်အတူ ခဏတာ နေထိုင်ခဲ့ဖူးပါတယ်။သူတို့ကထိုအချိန်တုန်းကသူတို့အကြောင်းရုပ်ရှင်တွေရိုက်နေတုန်းခြင်္သေ့တွေအကြောင်းပိုကောင်းအောင်လုပ်ပေးနိုင်လိမ့်မယ်လို့သူတို့ထင်ခဲ့ပါတယ်။နောက်ပိုင်းတွင် မင်းသမီးtippiဟာ နောင်တရပြီး သူ့မိသားစု လုံခြုံမှုကိုစိုးရိမ်သောကြောင့် ယုံကြည်မှုလွန်ကဲပြီး မိုက်မဲ စွာ ခြင်္သေ့ မွေးခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။
(၄)ဒီကလေးရဲ့မိဘတွေဟာ ခွေးတွေ ကြောင်တွေ မွေးခွင့်မပြုကြဘူးထင်ပါတယ်

သုံးနှစ်အရွယ် ကမ္ဘောဒီးယန်းကောင်လေးတစ်ယောက်အတွက် သူငယ်ချင်းမိတ်ဆွေတစ်ယောက်လိုအပ်ပါတယ်။ထိုပုံကတော့ ၂၀၀၃ခုနှစ်ကပုံဖြစ်ပြီး Oeun Sambat ကသူ၏အချစ်ဆုံးသူငယ်ချင်း Chamreun ဒါမှမဟုတ် “Lucky”လို့ခေါ်တဲ့ အရှည်၄မီတာ (၁၃ပေ)ရှိသော စပါးအုံးမြွေမကိုဖက်ထားတာပဲဖြစ်ပါတယ်။အယူသီးကြတဲ့ ရွာသူရွာသားတွေက ထိုကောင်လေးဟာ ရှေးဘဝက နဂါးရဲ့သားဖြစ်လိမ့်မယ်ဟု ယုံကြည်ကြပြီး သဘာဝလွန်အစွမ်းလဲ ရှိလိမ့်မည်ဟု ထင်နေကြပါတယ်။
(၅)သတင်းစာ ဖတ်ပြီးစုပ်စုနေတဲ့ ခြင်္သေ့လေးနှစ်ကောင်

၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင်ရိုက်ကူးခဲ့တဲ့ဒီစပ်စုနေသောခြင်္သေ့ကလေးနှစ်ကောင်ဟာ ယူကရိန်းနိုင်ငံ ရှိတိရစ္ဆာန်ဆေးကုဆရာ Tatyana Efremova ရဲ့ အိမ်တွင်နေထိုင်ကြပါတယ်။သူမတွင် အခြားထူးခြား ဆန်းပြားတဲ့ တိရစ္ဆာန်တော်တော် များလည်းပိုင်ဆိုင်ထားပါတယ်။
(၆)ကိုယ့်အိမ်ကသာအကောင်းဆုံး

၂၀၁၉ ဇန်နဝါရီလတွင်ရိုက်ကူးခဲ့သော ဒီဓာတ်ပုံဟာ sock လို့ခေါ်တဲ့ အသက်သုံးနှစ် အရွယ် llama ကောင်ဟာ သူ့ပိုင်ရှင်ဖြစ်တဲ့ Nicole Doepperရဲ့ ဂျာမနီနိုင်ငံက အိမ်မှာ သူ့ကိုနေထိုင်နေတဲ့ပုံကိုပြထားပါတယ်။ သူဟာ မွေးကင်းစတွင် အခြားတိရစ္ဆာန်များကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာခြေထောက်ပြတ်ခဲ့ရပေမယ့်ဆက်လက် အသက်ရှင်နေထိုင်နေပါတယ်။
(၇)အိမ်မှာမွေးထားတဲ့အကောင်များဟာ ဖက်ပေးဖို့ထိုက်တန်ကြပါတယ်

ဒီပုံဟာ ၂၀၀၂ ခုနစ်တွင်ရိုက်ကူးထားပြီး Wattana Thongjon နှင့်သူ၏အိမ်မွေးတိရစ္ဆာန်မိကျောင်း Kheng တို့ဖြစ်ပါတယ်။ Wattana ရဲ့ဖခင်ဟာ သူ့ကိုသုံးနှစ်အရွယ်တွင် မွေးမြူခဲ့ ပြီးနောက်ပိုင်း တွင် သူဘယ်လောက်ကြီးထွားလာလိမ့်မယ်ဆိုတာ ဘယ်သူမှ စိတ်ကူးမိမှာမဟုတ်ပါဘူး။ မိကျောင်းဟာ လတ်ဆက်တဲ့ကြက်သားများကိုစားပြီး အိမ်မှာမွေးထားတဲ့ ခွေးနှစ်ကောင်နဲ့ အိမ်ထဲမှာ အတူတူနေထိုင်ပါတယ်။