တိုက်တန်းနစ်ဟာ ရေခဲတုံးကြီးကို စတင်တိုက်လိုက်တဲ့ အချိန်မှာတော့ ရေခဲတုံးတွေဟာ အရှေ့ကုန်းပတ်ပေါ်မှ ာပြန့်ကြဲသွားခဲ့ပါတယ်။ ထိုအချိန်မှ ာခရီးသည်တွေကတော့ မကြာခင်ကျရောက်လာမယ့် ဘေးအန္တရာယ်ကို မသိရှိကြသေးဘဲ ထိုရေခဲတုံးတွေကို ကုန်းပတ်ပေါ်မှာ ဘောလုံးကန်နေခဲ့ကြပါသေးတယ်။ ယခုဖော်ပြပေးမှာကတော့ ရင်နစ်ဖွယ်ကောင်းလှတဲ့ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုမှာ သင်တို့မသိလောက်သေးတဲ့ အချက်(၁၆) ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁) သင်္ဘောနစ်မြုပ်နေစဉ်အတွင်းမှာ ဂီတသမားတွေဟာ ၂ နာရီနဲ့ ၅ မိနစ်ကြာ ဖျော်ဖြေပေးခဲ့ကြပါတယ်။

(၂) တိုက်တန်းနစ်သင်္ဘောပေါ်မှာတော့ အသက်ကယ်လှေ ၆၄ စီးတပ်ဆင်ထားခဲ့ပေမယ့်အစီး ၂၀ လောက်ကသာ ခရီးသည်တွေကို သယ်ဆောင်နိုင်ခဲ့ပါတယ်။

(၃) ကာကွယ်ရေးဦးစီးချုပ် Baker Charles Joughin သည် သူ့အား လာရောက်ကယ်ဆယ်ခြင်းမပြုမီ ထိုအေးခဲနေသောရေထဲမှာ ၂ နာရီလောက်ရေကူးနေခဲ့ပါတယ်။ သူ့ရဲ့အသက်ရှင်ကျန်ရစ်ကာ အေးခဲနေသောရေထဲ၌ ၂ နာရီကြာအောင်နေနိုင်တဲ့ အကြောင်းရင်းကတော့ သင်္ဘောမနှစ်မြုပ်မီ ဝီစကီများစွာ သောက်ထားတဲ့ အကြောင်းရင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။

(၄) သင်္ဘောပေါ်ပါလာတဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ John Jacob Astor IV ဖြစ်ပြီး သူ့ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၈၅ သန်းဖြစ်ကာ ယနေ့ခေတ်ရဲ့ ဒေါ်လာ ၂ ဘီလီယံနဲ့ညီမျှပါတယ်။ Astor ဟာလည်း တိုက်တန်းနစ်နဲ့အတူ သေဆုံးခဲ့ပြီးသူ့ကို နောက်ဆုံးတွေ့ခဲ့တာကတော့ သင်္ဘောကုန်းပတ်ပေါ်မှာ လျှို့ဝှက်သည်းဖိုစာရေးဆရာ Jacques Futrelle နဲ့အတူ စီးကရက်သောက်နေတဲ့အချိန်ဘဲဖြစ်ပါတယ်။

(၅) သင်္ဘောမနစ်မြုပ်မီ ၁၄ နှစ်အလိုက စာရေးဆရာ Morgan Robertson ဟာ Futility ဆိုတဲ့ လုံးချင်းဝတ္ထုတစ်ခုကို ရေးသားခဲ့ပါတယ်။ ထိုဝတ္ထုကတော့ မနစ်မြုပ်နိုင်တဲ့ သင်္ဘောကြီး Titan ဟာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းမှာရေခဲကျောက်ဆောင်ကြီးတစ်ခုနဲ့တိုက်မိပြီး နစ်မြုပ်သွားတဲ့ အကြောင်းရေးသားထားတာ ဖြစ်ပါတယ်။ တိုက်တန်းနစ်လိုဘဲ ဝတ္ထုထဲက စိတ်ကူးသင်္ဘောကြီး Titan မှာပါ ခရီးသည် ထောင်ပေါင်းများစွာအတွက် အသက်ကယ်လှေ အလုံအလောက်မရှိခဲ့ပါဘူး။

(၆) တိုက်တန်းနစ်သင်္ဘော နစ်မြုပ်စဉ်အတွင်း ခရီးသည် ၁၅၀၀ ကျော်သေဆုံးခဲ့ကြပြီး အလောင်းခန္ဒာကိုယ်ကတော့ ၃၆၀ သာရှာဖွေတွေ့ရှိခဲ့ပါတယ်။

(၇) သင်္ဘောပေါ်က အင်ဂျင်နီယာအားလုံးဟာ အခြားသူတွေထက် လွတ်မြောက်နိုင်တဲ့ အခွင့်အရေးရဖို့အတွက် အမိန့်အာဏာကိုသုံးခဲ့ကြပါတယ်။

(၈) ရေခဲကျောက်ဆောင်ကို တိုက်မိပြီး တိုက်တန်းနစ်ဟာ ရေအောက်ကြမ်းပြင်ထိ တစ်စင်းလုံးနစ်မြုပ်ဖို့ အချိန် ၂ နာရီနဲ့ ၄၀ မိနစ်ကြာခဲ့ပါတယ်။

(၉) အသက်ကယ်တဲ့ နေရာမှာတော့ အမျိုးသမီးနဲ့ကလေးတွေကိုသာ ပထမဆုံးဦးစားပေးခဲ့ပါတယ်။ အမျိုးသားတွေကတော့ ၂၀ ရာခိုင်နှုန်းသာ အသက်ရှင်ခဲ့ပြီး အမျိုးသမီးနဲ့ကလေးတွေကတော့ ၇၄ ရာခိုင်နှုန်းနဲ့ ၅၂ ရာခိုင်နှုန်းစီ အသက်ရှင်ခဲ့ကြပါတယ်။

(၁၀) တိုက်တန်းနစ်နဲ့ ပက်သက်ပြီး တိကျတဲ့အစီရင်ခံမှု မထုတ်ပြန်ခင်နှစ်ရက်အလိုလောက်မှာ သတင်းစာတစ်စောင်ဟာ တိုက်တန်းနစ်နစ်မြုပ်မှုမှ ာဘယ်ခရီးသည်မှ သေဆုံးခြင်းမရှိဘူးလို့ ရေးသားဖော်ပြခဲ့ဘူးပါတယ်။

(၁၁) တိုက်တန်းနစ်ပေါ်ကို ပျားရည်ဆမ်းခရီးအဖြင့် လိုက်ပါလာတဲ့စုံတွဲ ၁၃တွဲခန့်ရှိပါတယ်။

(၁၂) တိုက်တန်းနစ်ရဲ့ အကြွင်းအကျန်တွေဟာ နစ်မြုပ်ချိန်ကစလို့နှစ်ပေါင်း ၇၃ တိုင်ပျောက်ဆုံးနေခဲ့ပြီး ၁၉၈၅ ခုနှစ်ရောက်မှာ နယူးဖောင်လန်ကမ်းခြေအနီးရှိ သမုဒ္ဒရာအတွင်း အနက်ပေ ၁၂၅၀၀ မှာသင်္ဘောပျက်ကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(၁၃) သင်္ဘောနှစ်မြုပ်တဲ့နေ့မှာ အသက်ကယ်လှေတစ်စင်းကို အစမ်းလေ့ကျင်ဖို့ စီစဉ်ထားပေမယ့် ကပ္ပတိန်Edward John Smith ကမသိရှိရတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ဖျက်သိမ်းခဲ့ပါတယ်။

(၁၄) ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရေခဲများမျောနေကြောင်း အခြားသင်္ဘောများမှ တိုက်တန်းနစ်ကို ခြောက်ကြိမ်တိုင်တိုင် ရေဒီယိုနဲ့သတိပေးခဲ့ပါတယ်။

(၁၅) တိုက်တန်းနစ်ရဲ့ ရေခဲကျောက်ဆောင်ကို တိုက်မိတဲ့နေရာနဲ့ ကယ်လီဖိုးနီးယား ဆက်သွယ်ရေးစခန်းဟာ နိုင်၂၀ သာဝေးပါတော့တယ်။ တိုက်တန်းနစ်က ကယ်ဆယ်တဲ့သင်္ဘောတွေလွှတ်ပေးဖို့ အချိန်ပေါင်းများစွာ ရေဒီယိုမက်ဆေ့တွေပို့ခဲ့ပေမယ့် ဆက်သွယ်ရေးစခန်းမှာတော့ အားလုံးအိပ်ယာဝင်ကုန်ကြပါပြီ။ တိုက်တန်းနစ် နစ်မြုပ်တဲ့နေရာနဲ့ အနီးဆုံးမှာရှိနေတဲ့သင်္ဘောကတော့ RMS Carpatheia ဖြစ်ပြီး သူနဲ့ ၅၈ မိုင်ကွာဝေးနေပါတယ်။ RMS Carpatheia ကတိုက်တန်းနစ်ကို ကယ်ဆယ်နိုင်ဖို့အတွက် အရှိန်ကုန်တင်ကာ ခုတ်မောင်းခဲ့ပေမယ့် ရောက်ရှိဖို့အတွက် ၄နာရီကြာမြင့်ခဲ့ပါတယ်။

(၁၆) တိုက်တန်းနစ်ရဲ့ အရှည်ကတော့ ၈၈၂ ပေ ၉ လက်မဖြစ်ပြီး ၎င်းဟာခန့်မှန်းခြေအားဖြင့် ဘောလုံးကွင်း ၂ ခုခွဲစာလောက်ရှိပါတယ်။
