သင့်ကိုအံ့အားသင့်သွားစေမယ့် ကမ္ဘာတစ်လွှားက ထူးဆန်းတဲ့ သတ္တဝါလေးများ

ကျနော်တို့ကမ္ဘာပေါ်တွင် ကွဲပြားတဲ့ခြားနားမှုရှိပြီး ထူးခြားထင်ရှားတဲ့အရောင်များ မတူညီတဲ့ပုံပန်းသဏ္ဍာန်များရှိသော သတ္တဝါများတည်ရှိနေပါတယ်။ အချို့သောသတ္တဝါများဟာ ကျနော်တို့အတွက် အရမ်းကိုအံ့အားသင့်စရာကောင်းနေပြီး အခြားကမ္ဘာကလို့တောင်ထင်မှတ်မိစေမှာပါ။ ယခုဖေါ်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ ထူးဆန်းတဲ့ သတ္တဝါလေးများရဲ့ အံ့အားသင့်စရာ အကြောင်းဘဲဖြစ်ပါတယ်။

၁. မွန်ဂိုးလီးယားနှင့်တရုတ်နိုင်ငံတို့မှာတွေ့ရတဲ့ ခြေတံရှည် နားရွက်ရှည် ဂျာဘောင် လို့ခေါ်တဲ့ကြွက်အမျိုးအစားဖြစ်ပါတယ်။

Credit Photo

၂. အနီရောင်နှုတ်ခမ်းများရှိသော Batfish ငါးများဟာ Galapagos ကျွန်းရဲ့ပင်လယ်ရေအောက် ၃၂၈ ပေ (မီတာ ၁၀၀)   ပတ်ဝန်းကျင်တွင်သာနေထိုင်ကြပါတယ်။

Credit Photo

၃. Saiga သတ္တဝါများသည်ရှေးခေတ်နို့တိုက်သတ္တဝါများအနက်မှတစ်ခုဖြစ်သည်။ ၎င်းတို့သည် ပုံမှန်မဟုတ်သောနှာခေါင်းနှင့်အလွန်အမင်းထူးခြားသည့်အသွင်အပြင်ကြောင့်လူသိများသည်။

Credit Photo

၄. တောင်အမေရိကတိုက်မှာ အများဆုံးတွေ့ရတဲ့ ပန်ဒါပိရွက်ဆိတ်

Credit Photo

၅. Cassowaries များသည် နယူးဂီနီ နှင့် သြစတြေးလျအရှေ့မြောက်ပိုင်းရှိ အပူပိုင်းသစ်တောများတွင်နေထိုင်သည်။

Credit Photo

၆. ခန္တာကိုယ်ကိုဖေါ်က်ထွင်းမြင်နိုင်သည့် အကြည်ရောင်ဖားမျိုးစိတ်တစ်မျိုးဖြစ်သည်။ သူတို့ကို တောင်အမေရိကတိုက်တွင်သာတွေ့ရသည်။

Credit Photo

၇. အခွံပျော့များနှင့် ခေါင်းသေးသေးလေးသာရှိတဲ့ Chitra အမျိုးအစား လိပ်တစ်မျိုးဖြစ်ပါတယ်။၎င်းတို့ဟာရေနေသတ္တဝါများဖြစ်ကြပြီး ဥ ဥချတဲ့အချိန်ရောက်မှသာ ကမ်းခြေသို့လာရောက်တတ်ကြပါတယ်။

Credit Photo

၈. Okapi လို့ခေါ်တဲ့ သတ္တဝါဟာ မြင်း၊ သစ်ကုလားအုတ်၊မြင်းကျား တို့နှင့်ပုံသဏ္ဍာန်အားဖြင့်တူသည်။

Credit Photo

၉. တရုတ်ပြည် အလယ်ပိုင်းနှင့်အနောက်တောင်ပိုင်းတို့တွင် တွေ့ရသော ရွှေရောင်နှာခေါင်းသေး ကြောင်မျောက်များသည်သူတို့၏ထူးခြားသော အသွင်အပြင်ဖြင့် ထင်ရှားပေါ်လွင်သည်။ သူတို့တွင်လိမ္မော်ရောင်-ရွှေရောင်ဆံပင် နှင့်အပြာဖျော့ဖျော့နှုတ်ခမ်းတို့ရှိကြပါတယ်။

Golden snub nosed monkey

၁၀. Kori bustard လို့ခေါ်တဲ့ငှက်တစ်မျိုးဖြစ်သည်။ ၎င်းတို့ဟာ အာဖရိကတိုက်ရှိ ပျံသန်းလို့ရသောငှက်များထဲတွင် အကြီးဆုံးဖြစ်ပါသည်။

Credit Photo

၁၁. Mantis shrimp ကျောက်ပုဇွန်အမျိုးအစားဖြစ်ပါသည်။

Credit Photo

၁၂. Crabronidaes များသည်သူတို့၏အသိုက်ကို တည်ဆောက်ရန်ရွှံ့ကိုအသုံးပြုသည်။

Credit Photo

၁၃.ဒီကောင်လေးကိုတော့ Sage-grouse လို့ခေါ်ပါတယ်၊ထူးဆန်းတာကသူ့ရဲ့ ရင်အုံနားက အဝါရောင်အလုံးနှစ်လုံးဖြစ်ပြီး အထီးများက အမများကို ပိုးပန်းတဲ့နေရာမှာအသုံးပြုတာလို့သိရပါတယ်။

Credit Photo

၁၄. အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းတွင်သာတွေ့ရတဲ့ proboscis လို့ခေါ်တဲ့ မျောက်များဖြစ်ပါတယ်။

Credit Photo

၁၅. တောက်တဲ့မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာသားကောင်ကိုဖမ်းဖို့  ပေါက်သင်ညို များကဲ့သို့ ပုံဖြတ်နိုင်ပါတယ်။

Credit Photo

၁၆. ဒီကောင်လေးကတော့ အာဖရိကတိုက် မာဒါဂတ်စကားကျွန်းတွင်တွေ့ရပြီး နို့တိုက်သတ္တဝါအမျိုးအစားဖြစ်ပါတယ်။

Credit Photo

၁၇. ပါရှားကြောင်မျိုးဖြစ်ပါတယ်။

Credit Photo

Reff and Credit Brightside.

Leave a Comment